Connect with us

Hi, what are you looking for?

သတင်း

ဝါးခယ်မမြို့က စက်သုံးဆီဆိုင် မီးလောင်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့က ကောင်းထက်စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပြီး တစ်ဆိုင်လုံးမီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ-၂၊၂၀၂၆။တေဇ/People’s Spring

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့က ကောင်းထက်စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပြီး တစ်ဆိုင်လုံးမီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကောင်းထက်ဆီဆိုင် ဝါးခယ်မမြို့ မီးလောင်ပြီး မီးငြိမ်းသွားပါပြီ။တစ်ဆိုင်လုံးလောင် ဘယ်အိမ်ကိုမျှ မီးကူးစက်လောင်ခြင်းမရှိခဲ့ပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မေလ ၂ ရက် နံနက် ၉ နာရီကျော်မှာ မီးစတင်လောင်ခဲ့တာဖြစ်ပြီး ၁နာရီကျော်ကြာမီးငြှိမ်းသတ်ခဲ့ရတယ်လို့ ဒေသခံ လူမှူကူညီရေးအသင်းတွေက အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

စက်သုံးဆီဆိုင်မီးလောင်မှုဖြစ်တာကြောင့် မီးလောင်အားကောင်းခဲ့ပြီး ပေါက်ကွဲသံတွေလည်းကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးလောင်မှုမှာ မီးသတ်တပ်ဖွဲ့နဲ့အတူ ပြည်သူတွေလည်း ပါဝင်ကူညီခဲ့ပြီး ဒဏ်ရာရရှိသူမရှိဘူးလို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာတော့ မီးလောင်မှုကိုသွားရောက်ကူညီခဲ့တဲ့ အကြောင်းအရာကို ဖော်ပြထားပြီး မီးလောင်မှုအကြောင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးတွေထုတ်ပြန်ထားတာမတွေ့ရပါဘူး။

ဧရာဝတီတိုင်းအတွင်းမှာ ဒီလပိုင်းအတွင်းမီးလောင်မှုတွေဆက်တိုက်ဖြစ်နေပြီး ပြီးခဲ့တဲ့လအတွင်းက ဓနဖြူမြို့နယ်က မြို့မဈေးမှာ မီးလောင်မှုဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ – Myanmar Fire Services Department

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံရဲ့ animation လေ့ကျင့်ရေး သင်တန်းကျောင်း အဆောက်အအုံတစ်ခုမှာ အကြီးအကျယ် မီးလောင်လို့ သင်တန်းသား လူငယ် အများစု အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။