Connect with us

Hi, what are you looking for?

သတင်း

NUG ဝန်ကြီးကို အီးယူအဆင့်မြင့်အရာရှိလက်ခံတွေ့ဆုံ

ဥရောပသမဂ္ဂ၏ EEAS ဒုတိယမန်နေဂျင်းဒါရိုက်တာ Paola Pampaloni သည် NUG ကျန်းမာရေး နှင့်ပညာရေးဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးကိုဌာနချုပ်ဘရက်စဲလ်၌ ယနေ့လက် ခံတွေ့ဆုံသည်။

NUG ဝန်ကြီးကို အီးယူအဆင့်မြင့်အရာရှိလက်ခံတွေ့ဆုံ

သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံနိုင်ရေး အဓိကဆွေးနွေး

ဥရောပသမဂ္ဂ၏ EEAS ဒုတိယမန်နေဂျင်းဒါရိုက်တာ Paola Pampaloni သည် NUG ကျန်းမာရေး နှင့်ပညာရေးဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးကိုဌာနချုပ်ဘရက်စဲလ်၌ ယနေ့လက် ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပံ့ပိုကူညီမှုနှင့် ASEAN အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံရှိသက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံနိုင်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ရန်ကုန်မြို့ ဥရောပသမဂ္ဂရုံးက သတင်းထုတ်ပြန်သည်။

“NUG ကျန်းမာရေးဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနဲ့ ဒီနေ့တွေ့ဆုံရတာ ဝမ်းသာရပါတယ်။ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံ မှာ တွေ့ဆုံထိုက်သူအားလုံးနဲ့ လွတ်လပ်စွာတွေ့ဆုံနိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်” ဟု Paola Pampaloni က ဆိုသည်။

အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းသည် မကြာ မီတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားပြီး ယင်းခရီးစဉ်အတွင်း စစ်ကောင်စီနှင့် ၎င်းက စီစဉ်ပေးသူများနှင့် တွေ့ဆုံရန် ရှိနေသည်။

Public Service Announcement

Public Service Announcement

သို့သော် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့နှင့်တွေ့ဆုံရန်ကိုမူ စစ်ကောင်စီကခွင့်ပြုမည့်အခြေအနေမရှိပေ။

ထို့အပြင် စစ်ကောင်စီမှတဆင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန် အာဆီယံနှင့် ကုလသမဂ္ဂတို့က စီစဉ်လာမှုအပေါ် NUG နှင့် တိုင်းရင်းသားအဖွဲ့အစည်း ၃ ခုက ကန့်ကွက်ရှုတ်ချထားပြီး အမှန်တကယ်လိုအပ်နေသူများထံ အမှန်တကယ်ရောက်ရှိရေးအတွက် ဒေသခံ အဖွဲ့အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်ရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook