Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KG ကနေ Grade 11 အထိ အခမဲ့ သင်ကြားမယ့် ကျောင်းကို တစ်နာရီအတွင်းလျှောက်ထားသူ ကျောင်းသားတစ်သိန်းကျော်ရှိ

KG ကနေ Grade 11 အထိ အခမဲ့ သင်ကြားမယ့် ကျောင်းကို တစ်နာရီအတွင်းလျှောက်ထားသူ ကျောင်းသားတစ်သိန်းကျော်ရှိ

NUG ရဲ့ ပညာရေးစနစ်အတိုင်းအွန်လိုင်းကနေ သင်ကြားပေမယ့် Kaung for You Federal Private School မှာ ကျောင်းအပ်စတင်လက်ခံတဲ့ တစ်နာရီအတွင်းကျောင်းသားကျောင်းသူ တစ်သိန်းကျော် လျှောက်ထားလာတယ်လို့ အဲဒီကျောင်းက ထုတ်ပြန်လာပါတယ်။

၂၀၂၂ −၂၀၂၃ ပညာသင်နှစ်အတွက် အဲဒီကျောင်းဟာ ကျောင်းသားတစ်သောင်း လက်ခံသင်ကြားပေးမှာလို့သိရပါတယ်။

“ကျောင်းသား တစ်သိန်း ကျော်သွားပါပြီ ၊ကျောင်းသားတစ်သောင်းကို အတော်စစ်ထုတ်ရမှာပါ” လို့ Kaung for You Federal Private School က အသိပေးထားပါတယ်။

kaung for you education private school ဟာအကြောင်းအမျိုးမျိုးကြောင့် ပညာရေးရပ်တန့်နေရတဲ့အခြေခံပညာကျောင်းသား ၊ကျောင်းသူတွေအတွက် သီးသန့်ဖွင့်လှစ်ထားတဲ့ အွန်လိုင်းအခြေပြုပုဂ္ဂလိက ကျောင်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီကျောင်းမှာ KG ကနေ Grade 11 အထိသင်ကြားပေးမှာဖြစ်တယ်လို့သိရပါတယ်။ ကျောင်းအပ်တာကို ဇွန်လ ၁ ရက်နဲ့ ဇွန်လ ၂ ရက်နေ့တွေမှာ လက်ခံတာဖြစ်ပြီး kaung for you education private school ရဲ့ဖေ့ဘွတ်ခ်ပေ့ချ် ချက်ဘောက်ကနေ Google Form ကို တောင်းယူကာ ဖြည့်စွက်ပြီးကျောင်းအပ်လျှောက်လွှာတင်ရတာဖြစ်ပါတယ်။

kaung for you education private school အနေနဲ့ ကျောင်းသားကျောင်းသူ တစ်သောင်းသာလက်ခံမှာ ဖြစ်တဲ့အတွက် မိဘတွေအနေနဲ့အခြားသောဖက်ဒရယ်ကျောင်းတွေမှာ ကျောင်းအပ်ကြဖို့ကိုလည်းမေတ္တာရပ်ခံထားကြပါတယ်။

အလားတူအွန်လိုင်းကနေသင်ကြားပေးမယ့် Yangon Federal School နဲ့ Mandalay Federal School တို့ကလည်း အခြေခံပညာကျောင်းသူ၊ကျောင်းသားတွေအတွက် ဇွန်လ ၁ရက်ကနေ ဇွန်လ ၇ ရက်အထိကျောင်းအပ်လက်ခံနေပြီလို့ သူတို့ရဲ့ဖေ့ဘွတ်ခ်ပေ့ချ်တွေကနေထုတ်ပြန်ကြေညာထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။