Connect with us

Hi, what are you looking for?

သတင်း

အရာတော်မြို့နယ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ ဒေသခံ ၁၂ဦးခန့်ကို သတ်ဖြတ်သွားဟုဆို

စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်ခံရသူ ၁၂ဦးတွင် ဟသ်ာရွာမှ ၁၁ ဦး၊ သစ်ချိုရွာမှ တစ်ဦးဖြစ်ပြီး သစ်ချိုရွာမှ သတ်ဖြတ်ခံရသူမှာ ဦးခေါင်းကိုသေနတ်ဖြင့် ပစ်ခံထားရသည့်အပြင် ရုပ်အလောင်း၌ ထမီဇောက်ထိုးဝတ်ပေးခဲ့ကြောင်း သိရသည်။

အရာတော်မြို့နယ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
အရာတော်မြို့နယ်ရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

အရာတော်မြို့နယ်ရှိ ကျေးရွာသုံးရွာကို ယခုရက်ပိုင်းများတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံပြည်သူ ၁၂ဦးခန့်ကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

နေအိမ်များ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမှာ သစ်ချို၊ ရွှေတွင်းကုန်းနှင့် ဟသ်ာကျေးရွာများဖြစ်ပြီး နေအိမ် ၁၃၈လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်ခံရသူ ၁၂ဦးတွင် ဟသ်ာရွာမှ ၁၁ ဦး၊ သစ်ချိုရွာမှ တစ်ဦးဖြစ်ပြီး သစ်ချိုရွာမှ သတ်ဖြတ်ခံရသူမှာ ဦးခေါင်းကိုသေနတ်ဖြင့် ပစ်ခံထားရသည့်အပြင် ရုပ်အလောင်း၌ ထမီဇောက်ထိုးဝတ်ပေးခဲ့ကြောင်း သိရသည်။

“ရွာလေးကို စစ်တပ်ဝင်ရောက်ပြီး မီးရှို့ခံခဲ့ရတဲ့အတွက် အိမ် ၂၈ လုံး မီးလောင်ပြာကျခဲ့ရပြီး ရွာသူ၊ ရွာသား ၁၁ဦး မီးလောင်တိုက် အသွင်းခံခဲ့ရပါတယ်”ဟု ဟသ်ာရွာမှ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အရာတော်မြို့နယ်မှ ကျေးရွာသုံးရွာအား မီးရှို့ဖျက်ဆီးခြင်းကို မေလ ၂၉ရက်နှင့် ၃၀ရက်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သစ်ချို၊ ရွှေတွင်းကုန်းနှင့် ဟသ်ာရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများမှာ အထက်ပါအဖြစ်အပျက်များကြောင့် အထိတ်တလန့်ဖြစ်ကြရပြီး အကူအညီများလည်း လိုအပ်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လိင်ပြောင်းလဲထားတဲ့ အမျိုးသမီးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ တရုတ်နိုင်ငံသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က လေဆိပ်မှာ ဖမ်းဆီး ရမိခဲ့ကြောင်း သိရပါတယ်။

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။