Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကိုသာ အကျိုးရှိစေမည့် ဟောင်ကောင်၊ ထိုင်း၊ စင်ကာပူ ကုန်သည်ကြီးများအသင်းများတွေ့ဆုံပွဲကို NUG ပြစ်တင်ကန့်ကွက်

မြန်မာနိုင်ငံ၏ စီးပွားရေးမိတ်ဖက်များသည် နိုင်ငံတကာအလေ့အကျင့်ကောင်းများနှင့်အညီ စီးပွားရေးကျင့်ဝတ်ကောင်းများ၊ NUG ထုတ်ပြန်ထားသော မူဝါဒများကို လိုက်နာကျင့်သုံးရန်လို အပ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တောင်းဆိုသည်။

ဟောင်ကောင်၊ ထိုင်း၊ စင်ကာပူ ကုန်သည်ကြီးအသင်းများ၏ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည့် အချိန်နှင့်နေရာကို ကန့်ကွက်ရှုတ်ချကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်၏ စစ်ထောက်ချုပ်ရုံးကို ရန်ပုံငွေထောက်ပံ့နေသည့် ရန်ကုန်မြို့၊ Lotte ဟိုတယ်၌ အထက်ပါ ကုန်သည်ကြီးများအသင်းများက ဇွန်လ ၃ ရက်တွင် Joint Networking Event ကို ကျင်းပရန် စီစဉ်ထားပြီး ယင်းတွေ့ဆုံပွဲသည် စစ်ကောင်စီကိုမှလွဲ၍ မည်သူ့ကိုမျှ အကျိုးရှိစေမည်မဟုတ်ကြောင်း NUG က ကြေညာသည်။

“အဲဒီ(တွေ့ဆုံပွဲ)က အကြမ်းဖက်စစ်တပ်ရဲ့ကြံရာပါ အဖြစ်ကလွဲလို့ ဘာမှအကျိုးစေမှာ မဟုတ်ပါဘူး” ဟု NUG ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် ဟောင်ကောင်၊ ထိုင်းနှင့် စင်ကာပူ ကုန်သည်ကြီးများအသင်းများနှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၊ ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ ရပ်တည်ချက်ကို သေချာစွာချင့်ချိန်စဉ်းစားရန် NUG က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ၏ စီးပွားရေးမိတ်ဖက်များသည် နိုင်ငံတကာအလေ့အကျင့်ကောင်းများနှင့်အညီ စီးပွားရေးကျင့်ဝတ်ကောင်းများ၊ NUG ထုတ်ပြန်ထားသော မူဝါဒများကို လိုက်နာကျင့်သုံးရန်လို အပ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တောင်းဆိုသည်။

ဟောင်ကောင် စီးပွားရေးနှင့် ကုန်သွယ်ရေးရုံးက ပံ့ပိုးကူညီပေးမှုဖြင့် Lotte ဟိုတယ်၌ ဟောင်ကောင်၊ ထိုင်းနှင့် စင်္ကာပူ ကုန်သည်ကြီးများအသင်းများတွေ့ဆုံပွဲသည် မြန်မာစစ်တပ်ကျူး လွန်နေသော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများအတွက် ငွေကြေးထောက်ပံ့ခြင်းဖြစ် ကြောင်း Justice For Myanmar က ထုတ်ပြန်ထားသည်။

အကြမ်းဖက်မြန်မာစစ်တပ်နှင့် ၎င်း၏ လုပ်ငန်းစုကြီးများနှင့် ပတ်သက်ဆက်နွယ်မှုကိုလည်း ဖြတ်တောက်ရန် နိုင်ငံတကာ ကုမ္ပဏီများကို JFM က တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။