Connect with us

Hi, what are you looking for?

သတင်း

မလွဲမရှောင်သာ တက်ရောက်ကြရမည့် ကျောင်းသားများ၏လုံခြုံရေး အကြမ်းဖက်စစ်အုပ်စုတွင် အပြည့်အဝတာဝန်ရှိဟု NUG ထုတ်ပြန်

NUG သည် ပြည်သူ့ခုခံတော်လှန်စစ်တွင် ပါဝင်တိုက်ပွဲဝင်နေကြသည့် တပ်ဖွဲ့ဝင်များလိုက်နာရမည့်ကျင့်ဝတ်များကို သတ်မှတ်ပြဌာန်းထားပြီး အဆိုပါ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို ဆက်လက်၍ တင်းကျပ်စွာလေးစားလိုက်နာကြရန် ထပ်လောင်း တိုက်တွန်းသည်။

(ဒီပဲယင်းမြို့နယ်တွင် ​ကျောင်းသား၊​ကျောင်းသူများဦး​ဆောင်ကာ စစ်ကျွန်ပညာ​ရေးအလိုမရှိ​ကြောင်း ​မေလ၃၁ရက်က ဆန္ဒပြ​နေစဥ်)
(ဒီပဲယင်းမြို့နယ်တွင် ​ကျောင်းသား၊​ကျောင်းသူများဦး​ဆောင်ကာ စစ်ကျွန်ပညာ​ရေးအလိုမရှိ​ကြောင်း ​မေလ၃၁ရက်က ဆန္ဒပြ​နေစဥ်)

▪️စစ်အုပ်စုတပ်ဖွဲ့ဝင်များကိုယ်တိုင် အကြမ်းဖက်တိုက်ခိုက်နိုင်သည်ဟူသော ဖြစ်နိုင်ချေကို ပေါ့တန်စွာ မမှတ်ယူအပ်ဟုဆို

အကြမ်းဖက်စစ်အုပ်စုက ဖွင့်လှစ်သည့်ကျောင်းများကို မလွဲမရှောင်သာ တက်ရောက်ကြရမည့် ကျောင်းသား၊ကျောင်းသူများ၏ လုံခြုံရေးအတွက် အကြမ်းဖက်စစ်အုပ်စုတွင် အပြည့်အဝ တာဝန်ရှိကြောင်း NUG က ယနေ့ ထုတ်ပြန်သည်။

စာသင်ကျောင်းများအပေါ် အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်များကိုယ်တိုင် အကြမ်းဖက်တိုက်ခိုက်နိုင်သည်ဟူသော ဖြစ်နိုင်ချေကို ပေါ့တန်စွာ မမှတ်ယူအပ်ကြောင်း NUG လူ့အခွင့်အရေးဆိုင် ရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးတွဲထုတ်ပြန်သည်။

စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းအား မည်သည့်ဘက်၊ မည်သည့်အစုအဖွဲ့က တိုက်ခိုက်သည်ဖြစ်စေ လုံးဝလက်ခံမည်မဟုတ်ဘဲ ရှုတ်ချမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

NUG သည် ပြည်သူ့ခုခံတော်လှန်စစ်တွင် ပါဝင်တိုက်ပွဲဝင်နေကြသည့် တပ်ဖွဲ့ဝင်များလိုက်နာရမည့်ကျင့်ဝတ်များကို သတ်မှတ်ပြဌာန်းထားပြီး အဆိုပါ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို ဆက်လက်၍ တင်းကျပ်စွာလေးစားလိုက်နာကြရန် ထပ်လောင်း တိုက်တွန်းသည်။

ထို့အပြင် CDM ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အသက်နှင့် ဘဝများကို ရင်းနှီး၍ ဆက်လက်သပိတ်မှောက်တိုက်ပွဲဝင်နေကြခြင်းနှင့် အဆိုပါ တော်လှန်ရေးအင်အားစုများ၏ နိုင်ငံရေးတောင်းဆိုချက်များကို နိုင်ငံတကာ အသိုင်းအဝိုင်းက မျက်ကွယ်မပြုသင့်ကြောင်း NUG က တိုက်တွန်းသည်။

အပ်ပါ။ ကလေးသူငယ်များ၏ ပညာသင်ကြားပိုင်ခွင့် (Right to Education) ကို မျက်ကွယ်ပြုသော၊ နိုင်ငံရေး အကျိုးအမြတ်အတွက်အသုံးချရန် ကြိုးပမ်းလျက်ရှိသော အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအင်အားစုများနှင့်အတူ ကလေးသူငယ်များ၏ လွတ်လပ်လုံခြုံစွာ ပညာသင်ကြားပိုင်ခွင့်ကိုအာမခံနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံလျက် ဆက်လက်တိုက်ပွဲ ဝင်နေကြသော CDM ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူအပေါင်းတို့ကို ဦးညွှတ် ဂုဏ်ပြုကြောင်း NUG က ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။