Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အဓမ္မပြုကျင့်ပြီး မီးရှို့သတ်ဖြတ်ခံရသည့် မမြင့်မြင့်ခိုင်အမှုကျူးလွန်သူ ထိုင်းနိုင်ငံသားကို လာမည့်စက်တင်ဘာ ၁၃ရက်တွင် အမိန့်ချမည်

မမြင့်မြင့်ခိုင်သည် နေအိမ်မှ နို၀င်ဘာ ၁၄ရက်တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် နို၀င်ဘာ ၁၈ ရက်တွင် သူမ၏အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ပြစ်မှုကျူးလွန်သူ ထိုင်းအမျိုးသား Boonlai Buaman ကိုလည်း ကဘင်ဘူရီခရိုင်ရဲတပ်ဖွဲ့က နို၀င်ဘာ ၁၈ရက်တွင်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အလုပ်သမားသံအရာရှိရုံး
အလုပ်သမားသံအရာရှိရုံး

နှစ်နာကြေးအဖြစ် တစ်လဘတ်၅,၀၀၀ဖြင့် နှစ်ပေါင်း ၄၀စာ(ကျပ်သိန်းတစ်သောင်းကျော်) တောင်းခံသွားမည်

ထိုင်းနိုင်ငံ ကဘင်ဘူရီမြို့တွင် အဓမ္မပြုကျင့်ခံရပြီး မီးရှို့သတ်ဖြတ်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား မမြင့်မြင့်ခိုင်အမှု၏ ပြစ်မှုကျူးလွန်သူ ထိုင်းနိုင်ငံသားသည် ပြစ်မှု(၆)ခုအတွက် ဝန်ခံခဲ့၍ တရားရုံးက လာမည့်စက်တင်ဘာ ၁၃ရက်တွင် အပြီးသတ်အမိန့်ချမှတ်သွားမည်ဖြစ်သည်။

“ကဘင်ဘူရီတရားရုံး၌ မမြင့်မြင့်ခိုင် သေဆုံးမှုအတွက် သက်သေ ၃ဦး၏ ထွက်ဆိုချက်များအား ကြားနာခဲ့ရာ အထောက်အထား ၁၈ခုရရှိပြီး တရားခံမှ ပြစ်မှု ၆ ခုအတွက် ဝန်ခံခဲ့သဖြင့် ဤရာဇဝတ်မှုအား ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် တရားခံကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်အတွက် အမိန့်ချမှတ်မည် ဖြစ်ပါသည်။”ဟု ထိုင်းနိုင်ငံ မြန်မာအလုပ်သမားသံအရာရှိရုံးက အသိပေးထုတ်ပြန်ထားသည်။

“ကျူးလွန်သူက ဝန်ခံတယ်။ မနေ့ကပဲ တရားရုံးမှာ ကောင်မလေးရဲ့ ဆွေမျိုးတွေကို ကန်တော့တယ်။ သူက သေဒဏ်ထိုက်တဲ့ပုဒ်မကြီးတွေအပါအဝင် ပုဒ်မခြောက်ခုနဲ့ ဆွဲချက်တင်ခံရတာ ဖြစ်တယ်”ဟု အဆိုပါအမှုအား လိုက်ပါကူညီတောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ထိုင်းဥပ‌‌ဒေအရ ပြစ်မှုကျူးလွန်းကြောင်း ဝန်ခံပါက ပြစ်ဒဏ်တစ်ဝက်လျော့ချ၍ သက်သာခံစားခွင့်ရှိကြောင်းလည်း ရှေ့နေ ဦးအောင်မျိုးသန့်က ဆက်ပြောသည်။

အဆိုပါအမှုကို ဇွန်လ ၆ရက်က ကဘင်ဘူရီတရားရုံး၌ ကြားနာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များအတွက် နစ်နာကြေးအဖြစ် တစ်လလျှင်ဘတ် ၅,၀၀၀ နှုန်းဖြင့် နှစ်ပေါင်း ၄၀စာ(ကျပ်သိန်းပေါင်း တစ်သောင်းကျော်) တောင်းခံရေးဆောင်ရွက်နေကြောင်းလည်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို ၂၀၂၁ နို၀င်ဘာအတွင်းက ထိုင်း – ကမ္ဘောဒီးယား နယ်စပ် ပရာကျင်ဘူရီခရိုင်၊ ကဘင်ဘူရီမြို့နယ်၊ ကဘွန်ကျေးရွာအုပ်စု ဘန်ကလောင် ကဘန်ကျေးရွာရှိ နေအိမ်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

မမြင့်မြင့်ခိုင်သည် နေအိမ်မှ နို၀င်ဘာ ၁၄ရက်တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် နို၀င်ဘာ ၁၈ ရက်တွင် သူမ၏အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ပြစ်မှုကျူးလွန်သူ ထိုင်းအမျိုးသား Boonlai Buaman ကိုလည်း ကဘင်ဘူရီခရိုင်ရဲတပ်ဖွဲ့က နို၀င်ဘာ ၁၈ရက်တွင်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မြန်မာလုပ်သား မမြင့်မြင့်ခိုင်နှင့် ပြစ်မှုကျူးလွန်သူတို့သည် ပိုက်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး ပြစ်မှုကျူးလွန်သူ ထိုင်းနိုင်ငံသားသည် ယင်းစက်ရုံ၌ မီးပြင်အလုပ်သမားဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မနှစ်တုန်းက ကမ္ဘာတလွှားမှာ အပူဒဏ်ပိမှုဟာ စံချိန်တင် အဆင့်ထိ မြင့်တက်လာပြီး ကုလသမဂ္ဂက အာရှရဲ့ အပူချိန်ဟာ ကြောက်ခမန်းလိလိ မြန်နှုန်းမျိုးနဲ့ မြင့်တက်လာနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

နိုင်ငံတကာ

နောက်ဆက်တွဲအဖြစ် ပါနစ်ချ်ဟာ ကောင်းမွန်စွာ နေထိုင်နေကြောင်း အာဏာပိုင်တွေဆီ ၁ နှစ်ကြာ ပုံမှန် သတင်းပို့ဖို့နဲ့ ယာဉ်မောင်းလိုင်စင် ၆ လ ဆိုင်းငံ့ခံရဖို့လည်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။