Connect with us

Hi, what are you looking for?

သတင်း

အဓမ္မပြုကျင့်ပြီး မီးရှို့သတ်ဖြတ်ခံရသည့် မမြင့်မြင့်ခိုင်အမှုကျူးလွန်သူ ထိုင်းနိုင်ငံသားကို လာမည့်စက်တင်ဘာ ၁၃ရက်တွင် အမိန့်ချမည်

မမြင့်မြင့်ခိုင်သည် နေအိမ်မှ နို၀င်ဘာ ၁၄ရက်တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် နို၀င်ဘာ ၁၈ ရက်တွင် သူမ၏အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ပြစ်မှုကျူးလွန်သူ ထိုင်းအမျိုးသား Boonlai Buaman ကိုလည်း ကဘင်ဘူရီခရိုင်ရဲတပ်ဖွဲ့က နို၀င်ဘာ ၁၈ရက်တွင်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အလုပ်သမားသံအရာရှိရုံး
အလုပ်သမားသံအရာရှိရုံး

နှစ်နာကြေးအဖြစ် တစ်လဘတ်၅,၀၀၀ဖြင့် နှစ်ပေါင်း ၄၀စာ(ကျပ်သိန်းတစ်သောင်းကျော်) တောင်းခံသွားမည်

ထိုင်းနိုင်ငံ ကဘင်ဘူရီမြို့တွင် အဓမ္မပြုကျင့်ခံရပြီး မီးရှို့သတ်ဖြတ်ခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား မမြင့်မြင့်ခိုင်အမှု၏ ပြစ်မှုကျူးလွန်သူ ထိုင်းနိုင်ငံသားသည် ပြစ်မှု(၆)ခုအတွက် ဝန်ခံခဲ့၍ တရားရုံးက လာမည့်စက်တင်ဘာ ၁၃ရက်တွင် အပြီးသတ်အမိန့်ချမှတ်သွားမည်ဖြစ်သည်။

“ကဘင်ဘူရီတရားရုံး၌ မမြင့်မြင့်ခိုင် သေဆုံးမှုအတွက် သက်သေ ၃ဦး၏ ထွက်ဆိုချက်များအား ကြားနာခဲ့ရာ အထောက်အထား ၁၈ခုရရှိပြီး တရားခံမှ ပြစ်မှု ၆ ခုအတွက် ဝန်ခံခဲ့သဖြင့် ဤရာဇဝတ်မှုအား ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် တရားခံကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်အတွက် အမိန့်ချမှတ်မည် ဖြစ်ပါသည်။”ဟု ထိုင်းနိုင်ငံ မြန်မာအလုပ်သမားသံအရာရှိရုံးက အသိပေးထုတ်ပြန်ထားသည်။

“ကျူးလွန်သူက ဝန်ခံတယ်။ မနေ့ကပဲ တရားရုံးမှာ ကောင်မလေးရဲ့ ဆွေမျိုးတွေကို ကန်တော့တယ်။ သူက သေဒဏ်ထိုက်တဲ့ပုဒ်မကြီးတွေအပါအဝင် ပုဒ်မခြောက်ခုနဲ့ ဆွဲချက်တင်ခံရတာ ဖြစ်တယ်”ဟု အဆိုပါအမှုအား လိုက်ပါကူညီတောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ထိုင်းဥပ‌‌ဒေအရ ပြစ်မှုကျူးလွန်းကြောင်း ဝန်ခံပါက ပြစ်ဒဏ်တစ်ဝက်လျော့ချ၍ သက်သာခံစားခွင့်ရှိကြောင်းလည်း ရှေ့နေ ဦးအောင်မျိုးသန့်က ဆက်ပြောသည်။

အဆိုပါအမှုကို ဇွန်လ ၆ရက်က ကဘင်ဘူရီတရားရုံး၌ ကြားနာခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များအတွက် နစ်နာကြေးအဖြစ် တစ်လလျှင်ဘတ် ၅,၀၀၀ နှုန်းဖြင့် နှစ်ပေါင်း ၄၀စာ(ကျပ်သိန်းပေါင်း တစ်သောင်းကျော်) တောင်းခံရေးဆောင်ရွက်နေကြောင်းလည်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို ၂၀၂၁ နို၀င်ဘာအတွင်းက ထိုင်း – ကမ္ဘောဒီးယား နယ်စပ် ပရာကျင်ဘူရီခရိုင်၊ ကဘင်ဘူရီမြို့နယ်၊ ကဘွန်ကျေးရွာအုပ်စု ဘန်ကလောင် ကဘန်ကျေးရွာရှိ နေအိမ်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

မမြင့်မြင့်ခိုင်သည် နေအိမ်မှ နို၀င်ဘာ ၁၄ရက်တွင် ပျောက်ဆုံးသွားခဲ့ပြီးနောက် နို၀င်ဘာ ၁၈ ရက်တွင် သူမ၏အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ပြစ်မှုကျူးလွန်သူ ထိုင်းအမျိုးသား Boonlai Buaman ကိုလည်း ကဘင်ဘူရီခရိုင်ရဲတပ်ဖွဲ့က နို၀င်ဘာ ၁၈ရက်တွင်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မြန်မာလုပ်သား မမြင့်မြင့်ခိုင်နှင့် ပြစ်မှုကျူးလွန်သူတို့သည် ပိုက်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး ပြစ်မှုကျူးလွန်သူ ထိုင်းနိုင်ငံသားသည် ယင်းစက်ရုံ၌ မီးပြင်အလုပ်သမားဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ ရုရှားလူငယ် မောင်နှမကို လူသတ်သမားတွေက မြှုပ်နှံထားခဲ့ရာ နေရာမှာ သူတို့အတွက် ရည်စူးပြီး ဆုတောင်းပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုဆိုခဲ့တဲ့ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)ထဲ ဝင်ရောက်ဖို့ အားထုတ်မှုတွေကို ထိခိုက်လာစေနိုင်ကြောင်းထိုင်းရဲ့အဓိကအတိုက်အခံ နိုင်ငံရေး ပါတီက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲနှစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ဆက်နွှယ်တဲ့ သံသယရှိသူ နှစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။