Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မြို့နယ်ဆရာဝန်ကြီးအပါအဝင် Non CDM အရာရှိရှစ်ဦးကို CDFက မြို့မှနှင်ထုတ်

ပြည်သူနှင့်အချိန်မီ ပူးပေါင်းရန်နှင့်ပူပေါင်းခြင်းမရှိပါက ပြင်းထန်စွာဆက်လက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကန်ပက်လက် CDFက ဇွန်လ၅ ရက် နေ့စွဲဖြင့်ထုတ်ပြန်ကြေညာထားသည်။

ကန်ပက်လက်မြို့နယ်
ကန်ပက်လက်မြို့နယ်

ကန်ပက်လက်မြို့နယ်ဆရာဝန်ကြီးအပါအဝင် Non CDM အရာရှိရှစ်ဦးကို ကန်ပက်လက် CDFက မြို့မှ နှင်ထုတ်လိုက်ပြီး ကျန်နေသေးသည့် စစ်ကောင်စီ ​ထောက်တိုင်များကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ကြေညာထားသည်။

ကန်ပက်လက်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဦး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးဗန်တိုး၊ ခေါနူးသုမ်အမျိုးသားဥယျာဉ်တောအုပ် ဦးထွန်းတင်၊ အလယ်တန်းကျောင်း အုပ် ဦးအေးမောင်၊ မြို့နယ်ပညာရေးရုံးမှ စာရေး ဒေါ်အွမ်ရောင်၊ အလယ်တန်းပြဆရာ ဦးရွှီးလိန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဒေါ်သူဇာအေးနှင့် ဒေါ်ရှင်းကီးလိန်းတို့ကို မြို့မှ နှင်ထုတ်လိုက်ခြင်း ဖြစ်သည်။

“သူတို့ကို CDFက အရင်ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ အခု နှင်ထုတ်လိုက်တာ။ CDF လုပ်ရပ်ကို ကျွန်တော်တို့ မြို့ခံတွေကြိုဆိုတယ်”ဟု စစ်ကောင်စီကို တော်လှန်လှုပ်ရှားနေသည့် ကန်ပက်လက်မြို့ခံ တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်တွင် အရှက်မဲ့စွာ တာဝန်ထမ်းဆောင်ခြင်း၊ Non-CDM များ၏ လစာငွေရရှိနိုင်ရေးနှင့် ပြည်သူ့ သူရဲကောင်းများဖြစ်ကြသော CDMer များကို နည်းလမ်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်သွေးဆောင်သော ပုဂ္ဂိုလ်ရှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းကာ သင့်လျှော်သော အပြစ်ပေးအရေးယူခြင်းများကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ကန်ပက်လက် CDFက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

၎င်းတို့ရှစ်ဦး၏ ထွက်ဆိုချက်အရ ကန်ပက်လက်မြို့နယ်အတွင်းရှိ ပြည်သူ့ဘဏ္ဍာ ငွေခိုးထုတ်နေသူများ၊ အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းကာ ပြည်သူ့ဘဏ္ဍာငွေအား အလွဲသုံးစား ပြုလုပ်နေသူများ၏ အမည်စာရင်းများကို တိကျခိုင်လုံသည့် သတင်းအချက်အလက်များ ရရှိထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူနှင့်အချိန်မီ ပူးပေါင်းရန်နှင့်ပူပေါင်းခြင်းမရှိပါက ပြင်းထန်စွာဆက်လက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကန်ပက်လက် CDFက ဇွန်လ၅ ရက် နေ့စွဲဖြင့်ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားလည်ပတ်မှုမရှိစေရေးနှင့် အကြမ်းဖက်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် Non-CDM များအား တရားစီရင်ရေးဆိုင်ရာမူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်နဲ့ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က အင်အား ၂၀၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်လာလို့ မေလလယ်မှ စပြီး တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ချင်းတောင်ပိုင်းကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)ကထုတ်ပြန်ပြီး စစ်တပ်ဟာ အခြေအနေမကောင်းလို့လေကြောင်းကအကြိမ်ပေါင်းများစွာတိုက်ခိုက်နေတယ်လို့ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်မှာစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုမသမာသူလူတစ်စုကဖောက်ထွင်းနေတာကြောင့်ညမထွက်ရအမိန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က မေလ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

သတင်း

စစ်တပ်ကမတူပီမြို့နယ်ထဲကိုဂျက်ဖိုက်တာ၊ Y12 တွေနဲ့တပြိုင်နက်ဗုံးကြဲပြီးကျန်တဲ့မြို့နယ်တွေကိုကင်းထောက်နေ