Connect with us

Hi, what are you looking for?

သတင်း

စစ်ပွဲ​တွေ​ကြောင့်​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူ​ပေါင်း တစ်သန်း​ကျော်လာ

အမှန်တစ်ကယ်​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူအ​ရေအတွက်ဟာ OCHA ရဲ့စာရင်းထက်ပိုများတယ်လို့ စစ်​ဘေး​ရှောင်ပြည်သူ​တွေကို ကူညီ​ပေး​နေသူ​တွေကဆိုပါတယ်။

UNOCHA
UNOCHA

UNOCHA ရဲ့စာရင်း​တွေအရ ၂၀၂၂ ​မေလ၃၁ ရက်အထိ့မြန်မာနိုင်ငံမှာစစ်အုပ်စု အာဏာသိမ်းမှု​​နောက်ဆက်တွဲတိုက်ပွဲ​တွေ​ကြောင့်​နေရပ်စွန့်ခွာထွက်​ပြေးရသူစုစု​ပေါင်း ပထမဆုံးအကြိမ် တစ်သန်းပြည်ပြီလို့ဆိုပါတယ်။ အာဏာမသိမ်းခင်ကတည်းက စစ်ပွဲ​တွေ​ကြောင့်ပြည်တွင်းမှာ ​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူ ၃၄၆၆၀၀ ဦးရှိပြီး​တော့ ၊စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်​နောက်ပိုင်း အာဏာသိမ်းမှု​နောက်ဆက်တွဲ တိုက်ပွဲ​​တွေ​ကြောင့်ထွက်​​ပြေးတိမ်း​ရှောင်ရသူ ​ပေါင်း ၆၉၄၃၀၀ဦးရှိပြီလို့ဆိုပါတယ်။ စုစု​ပေါင်းအတိအကျ​ပြောမယ်ဆိုရင် ၁၀၄၀၉၀၀ ဦးရှိပြီလို့ UNOCHA ရဲ့စာရင်း​တွေကဆိုပါတယ်။

ဒါ​ပေမယ့် ကရင်နီ(ကယား)ပြည်နယ်မှာဆိုရင် စစ်​ဘေး​ရှောင်ပြည်သူ​​တွေကို ကူညီ​နေတဲ့အဖွဲ့အစည်း​တွေရဲ့စာရင်းအရ စစ်​ရှောင်ပြည်သူ နှစ်သိန်း​ကျော်ရှိ​ပေမယ့် UNOCHA စာရင်းမှာ ၉၁၇၀၀ ဦးသာရှိပါတယ်။ဒါ​ကြောင့် အမှန်တစ်ကယ်​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူအ​ရေအတွက်ဟာ OCHA ရဲ့စာရင်းထက်ပိုများတယ်လို့ စစ်​ဘေး​ရှောင်ပြည်သူ​တွေကို ကူညီ​ပေး​နေသူ​တွေကဆိုပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။

နိုင်ငံတကာ

အမေရိကန်က ဗုံးကြဲနေတာတွေကို ရပ်နားထားသ၍ အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်မှု အားလုံးကို ဆိုင်းငံ့ထားမယ်လို့ အီရန်ဖက်က စကားကမ်းလှမ်းလာခဲ့ပါတယ်။