ခြံနဲ့အိမ် အမွေအမှုနဲ့ပတ်သက်ပြီး ဦးအောင်ဆန်းဦး ရဲ့ အထူးအယူခံကို စစ်ကောင်စီရဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ကြားနာမယ်လို့သိရပါတယ်။
ဒီအမှုကို ဇွန်လ ၂၇ ရက်က ဇူလိုင်လ ၁ ရက် အတွင်း အထူးအယူခံခုံရုံးမှာ ကြားနာမှာပါ။ ရန်ကုန်မြို့ ၊တက္ကသိုလ် ရိပ်သာလမ်းမှာရှိတဲ့ ခြံအမှတ် ၅၄ နေအိမ်နဲ့ခြံ အမွေခွဲဝေမှု အငြင်းပွားမှုဟာ ၂၀၁၁ ခုနှစ်က စတင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် မှာ တော့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အပြီး သတ်အမိန့်ချခဲ့ပါတယ်။
တရားရုံးရဲ့ အမိန့်မှာ မြေအကျယ်အဝန်း ၂ ဧက နီးပါးရှိတဲ့ ဒေါ်ခင်ကြည်အမည်ပေါက် ခြံအမှတ် ၅၄ က ၂ထပ်အိမ်နဲ့ မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည် က ယူပြီး ၁ ထပ်တိုက်နဲ့ မြေတဝက်ကို ဦးအောင်ဆန်းဦး ယူဖို့ ပါရှိတာပါ။

Public Service Announcement
ဒါပေမယ့် ဒီအမိန့် ကို ဦးအောင်ဆန်းဦးက ကျေနပ်မှု မရှိဘဲ အိမ်နဲ့ခြံကို လေလံပစ်ကာ တဝက်စီ ခွဲယူဖို့ ဆန္ဒရှိကြောင်းအဲဒီအချိန်က မီဒီယာတွေကိုပြောခဲ့ဖူးပါတယ်။
ဒါကြောင့် ဦးအောင်ဆန်းဦးက အယူခံအဆင့်ဆင့် တက်ခဲ့ပေမယ့် အထက်ရုံးတွေဟာ အောက်ရုံးက ဆုံးဖြတ်ချက်အတိုင်းအတည်ပြု ပြီး အယူခံကို ပယ်ချခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ အဲဒီအမွေအမှု အယူခံကို ကြားနာဖို့ရှိလာတာပဲဖြစ်ပါတယ်။
အသက် ၇၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးအောင်ဆန်းဦးဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ရဲ့သားကြီးဖြစ်ပါတယ်။
ဓာတ်ပုံ − AP


















































