Connect with us

Hi, what are you looking for?

သတင်း

ခြံအမှတ် ၅၄ အမွေအမှု ဦးအောင်ဆန်းဦးကို စစ်ကောင်စီတရားရုံးအနိုင်ပေး

၂၀၁၁ ခုနှစ်ကတည်းက အငြင်းပွားလာတဲ့ အိမ်အမွေ အမှုကို ၂၀၁၆ ခုနှစ်မှာတော့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ်အမိန့်ချထားပြီးပါပြီ။

ဓာတ်ပုံ - ရိုက်တာ၊အေပီ
ဓာတ်ပုံ - ရိုက်တာ၊အေပီ

အိမ်နဲ့ခြံကို လေလံပစ်ပြီး တဝက်စီခွဲယူဖို့ ဦးအောင်ဆန်းဦး ဆန္ဒရှိနေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ကြားအငြင်းပွားနေတဲ့ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ အမွေအမှုမှာ စစ်ကောင်စီတရားရုံးက ဦးအောင်ဆန်းဦး တောင်းဆိုချက်အတိုင်း ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ကြောင်းသိရပါတယ်။

အဲဒီတရားရုံးနဲ့နီးစပ်သူတစ်ဦးက “ဦးအောင်ဆန်းဦးရဲ့ တောင်းဆိုချက်ကို တရားရုံးကခွင့်ပြုလိုက်တယ်” လို့ ပြောပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက အငြင်းပွားလာတဲ့ အိမ်အမွေ အမှုကို ၂၀၁၆ ခုနှစ်မှာတော့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အပြီးသတ်အမိန့်ချထားပြီးပါပြီ။

ဓာတ်ပုံ - ရိုက်တာ၊အေပီ
ဓာတ်ပုံ – ရိုက်တာ၊အေပီ

တရားရုံးရဲ့ အမိန့်မှာ မြေအကျယ်အဝန်း ၂ ဧက နီးပါးရှိတဲ့ ဒေါ်ခင်ကြည်အမည်ပေါက် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ က ၂ထပ်အိမ်နဲ့ မြေတဝက်ကို ဒေါ်အောင်ဆန်းစုကြည် က ယူပြီး ၁ ထပ်တိုက်နဲ့ မြေတဝက်ကို ဦးအောင်ဆန်းဦး ယူဖို့ ပါရှိတာပါ။

Public Service Announcement

Public Service Announcement

ဒီအမိန့် ကို ဦးအောင်ဆန်းဦးက ကျေနပ်မှု မရှိဘဲ အိမ်နဲ့ခြံကို လေလံပစ်ကာ တဝက်စီ ခွဲယူဖို့ ဆန္ဒရှိကြောင်းအဲဒီအချိန်က မီဒီယာတွေကိုပြောခဲ့ဖူးပါတယ်။

ဒါကြောင့် ဦးအောင်ဆန်းဦးက အယူခံအဆင့်ဆင့် တက်ခဲ့ပေမယ့် အထက်ရုံးတွေဟာ အောက်ရုံးက ဆုံးဖြတ်ချက်အတိုင်းအတည်ပြု ပြီး အယူခံကို ပယ်ချခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဦးအောင်ဆန်းဦးဟာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အယူခံတက်လာပြီး အဲဒီတရားရုံးကလည်းအမှုကိုလက်ခံကြားနာဖို့ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီနောက် ဒီနေ့မှာတော့ ဦးအောင်ဆန်းဦး အယူခံတောင်းဆိုချက်အတိုင်းအမှုကို အမိန့်ချလိုက်တာလည်းဖြစ်ပါတယ်။

ဒီအမွေအမှုကို စစ်ကောင်စီ တရားရုံးက ဆုံးဖြတ်အမိန့်ချတဲ့အချိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး ပုဒ်မမျိုးစုံတပ်ကာ နေပြည်တော်အချုပ်ထောင်မှာအကျဉ်ချထားတဲ့ကာလလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook