Connect with us

Hi, what are you looking for?

သတင်း

ကိုး​တောင်ဘို့တိုက်နယ်တွင် စစ်ကောင်စီက ရက်ပိုင်းအတွင်း ကျေးရွာငါးရွာမှနေအိမ် ၁,၀၀၀ခန့် မီးရှို့ဖျက်ဆီး

ဇွန်လ ၆ရက်က မီးရှို့ဖျက်ဆီးမှုတွင် ပြည်ခိုင်ဖြိုးပါတီအမာခံနေအိမ်များနှင့် မုံရွာမြို့တွင် တာဝန်ကျနေသော ဒုရဲအုပ်တစ်ဦး၏ မိဘအိမ်လည်းပါဝင်သွားကြောင်း ကိုးတောင်ဘို့ပြည်သူ့ကာကွယ် ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကိုး​တောင်ဘို့တိုက်နယ်
ကိုး​တောင်ဘို့တိုက်နယ်

ကန့်ဘလူမြို့နယ် ကိုး​တောင်ဘို့ တိုက်နယ်တွင် ရက်ပိုင်းအတွင်း ကျေးရွာငါးရွာမှ နေအိမ် ၁,၀၀၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

” စစ်ကောင်စီတွေ ရက်စက်သလို ကျွန်တော်တို့ ရက်စက်တတ်တယ်။ သူတို့မိသားစုတွေ ဘယ်မှာနေလဲဆိုတာ ကျွန်တော်တို့သိတယ်။ လက်နက်ကိုင်းချင်း ချချင်လို့၊ မရက်စက်ချင်လို့ နေနေတာ။ အရပ်သားတွေကို လိုက်မဲနေရင်တော့ ကျတော်တို့လည်း ရက်စက်တတ်တာ သိရစေမယ်” ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ကန့်ဘလူမြို့နယ်ရှိ ကိုးတောင်ဘို့၊ ကုန်းမ၊ လျော်ဖြူကုန်း၊ နှောကုန်းနှင့် ကျွန်းကုန်းကျေးရွာမှ နေအိမ်များကို ဇွန်လ ၂ရက်ကစ၍ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သည် ဇွန် လ ၈ရက် တွင် ဇော်ချောင်းရွာသို့ရောက်ရှိလာပြီး တစ်အိမ်ချင်းကို ဓာတ်ဆီလောင်း၍ မီးရှို့သွားသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

“ကိုးတောင်ဘို့ တိုက်နယ်တစ်နယ်လုံးကို မီးရှို့နေတာ။ သူတို့ရည်ရွယ်ချက်က အရပ်သားဘဝတွေကိုပါ အပြီး ဖျက်ဆီးချင်နေကြတာ။ လျှော်ဖြူကုန်းရွာဆိုရင် တစ်ရာလုံးမှာ ဘုန်းကြီး ကျောင်းပဲ ကျန်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၆ရက်က မီးရှို့ဖျက်ဆီးမှုတွင် ပြည်ခိုင်ဖြိုးပါတီအမာခံနေအိမ်များနှင့် မုံရွာမြို့တွင် တာဝန်ကျနေသော ဒုရဲအုပ်တစ်ဦး၏ မိဘအိမ်လည်းပါဝင်သွားကြောင်း ကိုးတောင်ဘို့ပြည်သူ့ကာကွယ် ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဇော်ချောင်းရွာကို မီးမရှို့မီ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦး ထိမှန်ခဲ့ပြီး ပေါင်တစ်ဖက် ပြတ်သွားသည်ဟု ဒေသခံများကပြောသည်။

“စစ်ကောင်စီယုတ်မာနေတာ ကမ်းကုန်နေပြီ။ သူတို့အင်အားလည်း မရှိတော့ဘူး။ အခု မီးလိုက်ရှို့နေတာ အခြားရွာက ပျုစောထီးတွေ ခေါ်လာတာတွေ့တယ်”ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။