Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကချင်ဒေသတွင် ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် အရာရှိ၊ စစ်သည်၁၁ဦးအား ဂုဏ်ပြုထောက်ပံ့ရန် အကူအညီလိုအပ်

“လက်နက်များဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ခဲ့သော အရာရှိ၊စစ်သည်များအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်နိုင်ရန် ပြည်သူတို့၏ အကူအညီများလိုအပ်လျက်ရှိပါသည်”ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့
ပြည်သူ့ပန်းတိုင်အဖွဲ့

ကချင်ဒေသတွင် စစ်ကောင်စီတပ်ကိုစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသော CDM စစ်သားများအား ဂုဏ်ပြုထောက်ပံ့ရန် အကူအညီလိုအပ်နေကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့(ဇွန် ၉) တွင် အသိပေးထုတ်ပြန်သည်။

အဆိုပါ CDM စစ်သားများမှာ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သည်ကိုးဦးဖြင့် စုစုပေါင်း အရာရှိနှင့် စစ်သည် ၁၁ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့
ပြည်သူ့ပန်းတိုင်အဖွဲ့

၎င်းအရာရှိနှင့် စစ်သည်များသည် ပြည်သူ့ပန်းတိုင်နှင့် ဆက်သွယ်ကာ လက်နက်များနှင့် CDM ​ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ကချင်ဒေသလွတ်မြောက်နယ်မြေသို့ လက်နက်ခဲ့ယမ်းများနှင့်အတူ CDM ပြုလုပ်လာသူများဖြစ်ကြောင်း အသိပေးသည်။

“လက်နက်များဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ခဲ့သော အရာရှိ၊စစ်သည်များအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်နိုင်ရန် ပြည်သူတို့၏ အကူအညီများလိုအပ်လျက်ရှိပါသည်”ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ပန်းတိုင်အဖွဲ့
ပြည်သူ့ပန်းတိုင်အဖွဲ့

ထို့ကြောင့် စစ်ကောင်စီတပ်အားစွန့်ခွာ၍ လက်နက်ခဲယမ်းများဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ခဲ့သော အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုငွေချီးမြှင့်လိုပါက ပြည်သူ့ပန်းတိုင် page messenger သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

စစ်အုပ်စုမှ အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်အားစွန့်ခွာကာ ပြည်သူ့ဘက်သို့ရပ်တည်လာသည့် CDM စစ်သား ၁၀,၀၀၀ နီးပါးရှိပြီဖြစ်ကြောင်း NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက ယခုနှစ် ဧပြီလအတွင်းက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်ပြည်သူ ခုနစ်သောင်းကျော် လက်ရှိအချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဖော်ပြပြီး အများစုမှာ ဆီဆိုင်မြို့နယ်မှ ဖြစ်ကာ ပင်လောင်း၊ ဟိုပုံးနှင့် ညောင်ရွှေမြို့နယ်များမှ ဒေသခံ များလည်း စစ်ရှောင်ကြရမှုရှိသည်။

သတင်း

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ် ပြောင်းလဲတိုးတက်မှု အခြေအနေကို ပြောပြရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

‘ဝ’ ပြည်နယ် ဆောက်လုပ်ရေးဌာနမှူးဟောင်း ပေါက်အိုက်ပန်းနှင့် မိုင်းလင်းခရိုင်မှူးဟောင်း အိုက်ဟော့တို့ကို UWSA ကဖမ်း၀ရမ်းထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။