Connect with us

Hi, what are you looking for?

သတင်း

ကချင်ဒေသတွင် ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် အရာရှိ၊ စစ်သည်၁၁ဦးအား ဂုဏ်ပြုထောက်ပံ့ရန် အကူအညီလိုအပ်

“လက်နက်များဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ခဲ့သော အရာရှိ၊စစ်သည်များအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်နိုင်ရန် ပြည်သူတို့၏ အကူအညီများလိုအပ်လျက်ရှိပါသည်”ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့
ပြည်သူ့ပန်းတိုင်အဖွဲ့

ကချင်ဒေသတွင် စစ်ကောင်စီတပ်ကိုစွန့်ခွာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသော CDM စစ်သားများအား ဂုဏ်ပြုထောက်ပံ့ရန် အကူအညီလိုအပ်နေကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ယနေ့(ဇွန် ၉) တွင် အသိပေးထုတ်ပြန်သည်။

အဆိုပါ CDM စစ်သားများမှာ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သည်ကိုးဦးဖြင့် စုစုပေါင်း အရာရှိနှင့် စစ်သည် ၁၁ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့
ပြည်သူ့ပန်းတိုင်အဖွဲ့

၎င်းအရာရှိနှင့် စစ်သည်များသည် ပြည်သူ့ပန်းတိုင်နှင့် ဆက်သွယ်ကာ လက်နက်များနှင့် CDM ​ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ ကချင်ဒေသလွတ်မြောက်နယ်မြေသို့ လက်နက်ခဲ့ယမ်းများနှင့်အတူ CDM ပြုလုပ်လာသူများဖြစ်ကြောင်း အသိပေးသည်။

“လက်နက်များဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ခဲ့သော အရာရှိ၊စစ်သည်များအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်နိုင်ရန် ပြည်သူတို့၏ အကူအညီများလိုအပ်လျက်ရှိပါသည်”ဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ပန်းတိုင်အဖွဲ့
ပြည်သူ့ပန်းတိုင်အဖွဲ့

ထို့ကြောင့် စစ်ကောင်စီတပ်အားစွန့်ခွာ၍ လက်နက်ခဲယမ်းများဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ခဲ့သော အရာရှိ၊ စစ်သည်များအား ဂုဏ်ပြုငွေချီးမြှင့်လိုပါက ပြည်သူ့ပန်းတိုင် page messenger သို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

စစ်အုပ်စုမှ အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်အားစွန့်ခွာကာ ပြည်သူ့ဘက်သို့ရပ်တည်လာသည့် CDM စစ်သား ၁၀,၀၀၀ နီးပါးရှိပြီဖြစ်ကြောင်း NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက ယခုနှစ် ဧပြီလအတွင်းက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

■ တော်လှန်ရေးလမ်းကြောင်းပေါ်မှာမားမားမတ်မတ် ပြန်လည်ရပ်တည်ရန်အပါအဝင်TNLAလိုက်နာပေးရန်အချက်(၃)ချက်ကို တောင်းဆို ဧပြီ-၁၆၊၂၀၂၆။​နေ့သစ်/People’s Spring သင်္ကြန်ပွဲတော်ကာလအတွင်းမှာ အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့သတ်ဖြတ်ပြီး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ကို တအာင်းတပ်မတော်(PSLF/TNLA)က ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့တာဟာ တအာင်းပြည်သူလူထုရဲ့ နိုင်ငံရေး မျှော်မှန်းချက်၊ရပ်တည်ချက်နဲ့ လုံးဝ(လုံးဝ)ဆန့်ကျင်ကွဲလွဲနေတာကြောင့် တအာင်းအရပ်ဖက် အဖွဲ့အစည်းများကွန်ယက် – TCSNက အချက်(၃)ကို...

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှု ၅နှစ်အကြာမှာ ရွေးကောက်ပွဲလုပ် သမ္မတ ရာထူးရယူခဲ့တဲ့အပေါ် ၀လက်နက်ကိုင်တပ်(UWSA)က ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ ပေးခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီစခန်း သိမ်းပိုက်မှုမှာ ပါဝင်ပံ့ပိုးပေးတဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ ကို အသိအမှတ်ပြု ကျေးဇူးတင် ဂုဏ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) က ထုတ်ပြန်ခဲ့ပြီး လူငယ် ရဲဘော်ရဲဘက်များရဲ့ ပေးဆပ်မှုများကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင်ကြောင်း ဖော်ပြပါတယ်။

သတင်း

အမ်းမြို့နယ်ရှိ အာရက္ခတပ်​တော်(AA)ရဲ့အကျ‌ဉ်းစခန်းကို စစ်ကောင်စီဗုံးကြဲမှုမှာ စစ်သုံ့ပန်းဗိုလ်မှူးချုပ်မြင့်ရွှေအပါအဝင် အရာရှိအများအပြား​သေဆုံးခဲ့ပြီး စစ်တပ်အသိုင်းအဝိုင်းမှာ အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။