Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်မြို့နယ်ရှိ စစ်ကောင်စီလက်ပါးစေ စစ်သား၊ ရဲနဲ့ ပျူစောထီးများ ၁၅ရက်အတွင်း လက်နက်ချရန် YRF သတိပေး

ပျူစောထီးအများစုရှိရာ ဒီးဒုတ်တကွင်း၊ တပ်ကုန်းရွာသစ် ၊ သစ်ချိုကုန်း ရွာများနှင့် စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၂)တို့ကိုလည်း အမည်ဖော်ပြ၍ သတိပေးခဲ့ခြင်းဖြစ်သည်။

YRF
YRF

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီး၊ ရဲများနှင့် စစ်​ကောင်စီတပ်သားများ ၁၅ရက်အတွင်း လက်နက်ချ အလင်းဝင်ရန် သတိပေးလိုက်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Young Revolution Front(YRF)က ယမန်နေ့ညက ထုတ်ပြန်သည်။

လက်နက်ချက အလင်းမဝင်ပါက မဟာမိတ်ညီနောင်များမှ အမြစ်ပြတ် ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိ ပေးအပ်သည်ဟု ဖော်ပြထားသည်။

ပျူစောထီးအများစုရှိရာ ဒီးဒုတ်တကွင်း၊ တပ်ကုန်းရွာသစ် ၊ သစ်ချိုကုန်း ရွာများနှင့် စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၂)တို့ကိုလည်း အမည်ဖော်ပြ၍ သတိပေးခဲ့ခြင်းဖြစ်သည်။

ပြည်သူများ၊ ကလေးငယ်များ အနေဖြင့် ဘေးလွတ်ရာဒေသများသို့ ရှောင်တိမ်းပေးကြရန်လည်း YRFက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

YRFသည် ဇွန်လ ၇ရက်က ပေါက်မြို့နယ် ကိုင်းလယ်ရဲစခန်း တိုက်ခိုက်သိမ်းပိုက်ရာတွင် မဟာမိတ်များနှင့်အတူ ပူးဆောင်ဆောင်ရွက်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။