Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်ရှိ စစ်ကောင်စီလက်ပါးစေ စစ်သား၊ ရဲနဲ့ ပျူစောထီးများ ၁၅ရက်အတွင်း လက်နက်ချရန် YRF သတိပေး

ပျူစောထီးအများစုရှိရာ ဒီးဒုတ်တကွင်း၊ တပ်ကုန်းရွာသစ် ၊ သစ်ချိုကုန်း ရွာများနှင့် စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၂)တို့ကိုလည်း အမည်ဖော်ပြ၍ သတိပေးခဲ့ခြင်းဖြစ်သည်။

YRF
YRF

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ပျူစောထီး၊ ရဲများနှင့် စစ်​ကောင်စီတပ်သားများ ၁၅ရက်အတွင်း လက်နက်ချ အလင်းဝင်ရန် သတိပေးလိုက်ကြောင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Young Revolution Front(YRF)က ယမန်နေ့ညက ထုတ်ပြန်သည်။

လက်နက်ချက အလင်းမဝင်ပါက မဟာမိတ်ညီနောင်များမှ အမြစ်ပြတ် ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိ ပေးအပ်သည်ဟု ဖော်ပြထားသည်။

ပျူစောထီးအများစုရှိရာ ဒီးဒုတ်တကွင်း၊ တပ်ကုန်းရွာသစ် ၊ သစ်ချိုကုန်း ရွာများနှင့် စစ်ကောင်စီ၏ အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၂)တို့ကိုလည်း အမည်ဖော်ပြ၍ သတိပေးခဲ့ခြင်းဖြစ်သည်။

ပြည်သူများ၊ ကလေးငယ်များ အနေဖြင့် ဘေးလွတ်ရာဒေသများသို့ ရှောင်တိမ်းပေးကြရန်လည်း YRFက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

YRFသည် ဇွန်လ ၇ရက်က ပေါက်မြို့နယ် ကိုင်းလယ်ရဲစခန်း တိုက်ခိုက်သိမ်းပိုက်ရာတွင် မဟာမိတ်များနှင့်အတူ ပူးဆောင်ဆောင်ရွက်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။