Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲ PDF ရဲဘော်သုံးဦးကျဆုံး

အခင်းဖြစ်ပွားရာ ခရိုင်ချင်းဆက်လမ်းကို ကန့်သတ်ထားသည့်အချိန်မှလွဲ၍ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ကြောင်း ဝက်လက် PDFက ပြောသည်။

(ချောင်းမီးတိုကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ပြီးနောက် မြင်တွေ့ရစဥ်။ ဓာတ်ပုံ - ဝက်လက် PDF တပ်ရင်း - ၂၊ CJ)
(ချောင်းမီးတိုကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ပြီးနောက် မြင်တွေ့ရစဥ်။ ဓာတ်ပုံ - ဝက်လက် PDF တပ်ရင်း - ၂၊ CJ)

စစ်ကောင်စီတပ်က ချောင်းမီးတိုရွာကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ PDF ရဲဘော်သုံးဦးကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် အနီးရှိ ချောင်းမီးတိုကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၁ဝဝ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ယမန်နေ့(ဇွန်လ၉ရက်နေ့) ညနေ ၅ နာရီခွဲခန့်က အင်အား၁၈ဦးပါသော စစ်ကောင်စီတပ် ကား ၂ စီးသည် ကျောက်မြောင်းဘက်မှ အမှတ်(၃)ဗျူဟာလမ်းအတိုင်း တောင်ဘက်သို့ ထွက်လာခဲ့သည်။

Public Service Announcement

စစ်ကောင်စီတပ်သည် ဝတ်စုံအနက်များဖြင့် PDF အယောင်ဆောင် ၀င်ရောက်လာပြီး ချောင်းမီးတိုရွာအနီးတွင် Local PDF များနှင့် အနီးကပ် ထိပ်တိုက်တွေ့ပစ်ခတ်မှုဖြစ်ပွားရာ PDF ရဲဘော်သုံးဦး ကျဆုံးကာ တစ်ဦး ဒဏ်ရာရပြီး ဒေသခံပြည်သူနှစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရပြီးနောက် ချောင်းမီးတိုရွာကိုမီးရှို့ဖျက်ဆီးရာ နေအိမ်၁၀၀ ကျော်နှင့်ဆိုင်ကယ်များ မီးလောင်ပျက်စီးခဲ့သည်။

ထို့အပြင် နွားအကောင် ၄၀ ကောင်ခန့်၊ ဆိတ် ၃၈ ကောင် မီးလောင်သေဆုံးပြီး အသက် ၈၀ ကျော် အဖွားအိုတစ်ဦး ပြင်းထန် မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ညနေ ၆နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်၊ ရှားကွဲအုပ်စု၊ ချောင်းမီးတိုကျေးရွာကို စတင်မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ၏ သုံးပုံနှစ်ပုံကျော်(ခန့်မှန်း) မီးလောင်ပျက်စီးခဲ့ကြောင်း ဝက်လက် PDF တပ်ရင်း – ၂က ထုတ်ပြန်သည်။ ချောင်းမီးတိုကျေးရွာသည် အကူအညီအထောက်အပံ့ များစွာလိုအပ်နေပြီး တပ်ရင်း – ၂မှတစ်ဆင့်လည်း ကူညီလှူဒါန်းနိုင်ကြောင်း ဝက်လက် PDFက ပြောသည်။

အခင်းဖြစ်ပွားရာ ခရိုင်ချင်းဆက်လမ်းကို ကန့်သတ်ထားသည့်အချိန်မှလွဲ၍ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ကြောင်း ဝက်လက် PDFက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။