Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ကို KIA နှင့် အင်းတော် PDFပူးပေါင်တိုက်ခိုက်၊ စစ်​ကောင်စီတပ်သား ၉ဦး​သေဟုဆို

စစ်ကောင်စီလက်အောက်ခံ တပ်မ(၈၈)စစ်ကြောင်းသည် ကချင်ပြည်နယ်မှတစ်ဆင့် ဆင်းလာမည့် ကျောက်စိမ်းယာဥ်များကို လုံခြုံရေးယူရန် ယခုလ ၁၁ ရက်ကစ၍ အင်းတော်မြို့တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

(အင်းတော် PDF မှ ရဲဘော်များအား ​တွေ့ရစဥ်)
(အင်းတော် PDF မှ ရဲဘော်များအား ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ကို KIAနှင့် အင်းတော် PDFပူးပေါင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးကြောင်း Indaw Revolution က အသိ​ပေးထုတ်ပြန်သည်။

ယနေ့(ဇွန် ၁၄ ရက်)နံနက် ၉နာရီခွဲခန့်တွင် အင်းတော်မြို့နယ် အလယ်ဆိပ်ရွာဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုဖြင့် စစ်ထိုးလာပြီးနောက် ထိတွေ့မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“မြေပြင် သတင်းအရ ရန်သူအင်အားက ၉၀ကျော်တယ်။တပ်မ (၈၈) က KIA ရယ်၊ အင်းတော် PDF နဲ့ ဒေသခံ တပ်ဖွဲ့တွေ ပူးပေါင်းတိုက်တာ။ တိုက်ပွဲကြာချိန် ၄ နာရီကျော်တယ်”ဟု Indaw Revolution တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

သေဆုံးထိခိုက်ခဲ့သည့် စစ်ကောင်စီတပ်သားများကို စစ်ကောင်စီတပ်က ပြန်လည်သယ်ဆောင်သွားပြီး မဲဇာဒေသတွင် တပ်စွဲထားသည်ဟု ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

KIAနှင့် အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း Indaw Revolutionက ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ တပ်မ(၈၈)စစ်ကြောင်းသည် ကချင်ပြည်နယ်မှတစ်ဆင့် ဆင်းလာမည့် ကျောက်စိမ်းယာဥ်များကို လုံခြုံရေးယူရန် ယခုလ ၁၁ ရက်ကစ၍ အင်းတော်မြို့တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။