Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာဇော်မြင့်မောင်ကို ထောင်ထပ်ချဖို့ အဂတိအမှုတွေနဲ့ စစ်ကောင်စီမနက်ဖြန်မှာအမိန့်ချမယ်

အမှုတွေ အားလုံးဟာ တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတာတွေ့ရပါတယ်။

ဒေါက်တာဇော်မြင့်မောင်

မတရားဖမ်းဆီးထောင်ချခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီဟာ စွဲဆိုထားတဲ့အဂတိပုဒ်မ ၅ မှုနဲ့ မနက်ဖြန်မှာထောင်ထပ်ချဖို့ရှိနေတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်အာဏာရယူထားချိန်မှာ အဂတိလိုက်စားတယ်ဆိုပြီး စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို အဂတိအမှု ၅ မှုနဲ့တရားစွဲဆိုထားပါတယ်။

အဲဒီအမှုတွေကတော့ ဘန်ကောက်ကို ဒေါက်တာဇော်မြင့်မောင် ဆေးသွားကုချိန် စီပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ထံကလာဘ်ငွေယူတယ်ဆိုပြီး အဂတိအမှု ၃ မှုနဲ့ တရားစွဲပါတယ်။

ဒါအပြင် မြင်းခြံနဲ့ ပြင်ဦးလွင်က NLD ရုံးတွေ တည်ဆောက်ရာမှာ အဂတိမကင်းဘူးဆိုကာ နောက်ထပ် အဂတိပုဒ်မ ၂ မှုနဲ့ အမှုထပ်ဖွင့်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမှုတွေ အားလုံးဟာ တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတာတွေ့ရပါတယ်။

လက်ရှိမှာလည်း ဒေါက်တာဇော်မြင့်မောင်ကို အိုးဘိုထောင်မှာ ထောင်ဒဏ် ၅ နှစ်ချထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာ ဝေဒနာ ခံစားနေရသူဖြစ်ပြီး အသက် ၇၀ အရွယ်ရှိပါပြီ။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။