Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါက်တာဇော်မြင့်မောင်ကို ထောင်ထပ်ချဖို့ အဂတိအမှုတွေနဲ့ စစ်ကောင်စီမနက်ဖြန်မှာအမိန့်ချမယ်

အမှုတွေ အားလုံးဟာ တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတာတွေ့ရပါတယ်။

ဒေါက်တာဇော်မြင့်မောင်

မတရားဖမ်းဆီးထောင်ချခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီဟာ စွဲဆိုထားတဲ့အဂတိပုဒ်မ ၅ မှုနဲ့ မနက်ဖြန်မှာထောင်ထပ်ချဖို့ရှိနေတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်အာဏာရယူထားချိန်မှာ အဂတိလိုက်စားတယ်ဆိုပြီး စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင်ကို အဂတိအမှု ၅ မှုနဲ့တရားစွဲဆိုထားပါတယ်။

အဲဒီအမှုတွေကတော့ ဘန်ကောက်ကို ဒေါက်တာဇော်မြင့်မောင် ဆေးသွားကုချိန် စီပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ထံကလာဘ်ငွေယူတယ်ဆိုပြီး အဂတိအမှု ၃ မှုနဲ့ တရားစွဲပါတယ်။

ဒါအပြင် မြင်းခြံနဲ့ ပြင်ဦးလွင်က NLD ရုံးတွေ တည်ဆောက်ရာမှာ အဂတိမကင်းဘူးဆိုကာ နောက်ထပ် အဂတိပုဒ်မ ၂ မှုနဲ့ အမှုထပ်ဖွင့်တာဖြစ်ပါတယ်။

အမှုတွေ အားလုံးဟာ တစ်မှုကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ ပုဒ်မတွေနဲ့စွဲဆိုထားတာတွေ့ရပါတယ်။

လက်ရှိမှာလည်း ဒေါက်တာဇော်မြင့်မောင်ကို အိုးဘိုထောင်မှာ ထောင်ဒဏ် ၅ နှစ်ချထားပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာ ဝေဒနာ ခံစားနေရသူဖြစ်ပြီး အသက် ၇၀ အရွယ်ရှိပါပြီ။