Connect with us

Hi, what are you looking for?

သတင်း

ကြံခင်းမြို့ ဘိလပ်မြေရဲကင်းမှဒုရဲအုပ် နှုတ်ထွက်စာတင်ထားစဥ် ရခိုင်သို့​ပြောင်း​ရွေ့မိန့်ကျ၍ အဆုံးစီ ရင်

ဒုရဲအုပ်ဝင်းမြင့်ထွန်းသည် ကိုယ့်ကိုကိုယ် သေနတ်ဖြင့်သုံးချက်ပစ်၍ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာဖြစ်သော ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာနကလည်း ထုတ်ပြန်ထားသည်။

ကြံခင်းမြို့ ဘိလပ်မြေရဲကင်း
ကြံခင်းမြို့ ဘိလပ်မြေရဲကင်း

ကြံခင်းမြို့မှ ဒုရဲအုပ်တစ်ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ နှုတ်ထွက်စာတင်ထားစဥ် ရခိုင်ပြည်နယ်သို့ ပြောင်းရွေ့မိန့်ချကြလာ၍ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်သွားကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း ကြံခင်းမြို့ဘိလပ်မြေရဲကင်းမှ ရဲကင်းမှူးဒုရဲအုပ်ဝင်းမြင့်ထွန်းသည် ဇွန်လ ၁၄ရက်ညတွင် အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။

“သူက စစ်တပ်အာဏာသိမ်းပြီးနဲ့နောက် နှုတ်ထွက်ခွင့်တင်ထားတာ။သူ့ကို နှုတ်ထွက်ခွင့်မပေးတဲ့အပြင် ရခိုင်ကိုပါ ပြောင်းမိန့်ကျလာလို့ သတ်သေသွားတာ”ဟု ဘိလပ်မြေရဲကင်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ဒုရဲအုပ်ဝင်းမြင့်ထွန်းသည် ကိုယ့်ကိုကိုယ် သေနတ်ဖြင့်သုံးချက်ပစ်၍ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာဖြစ်သော ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာနကလည်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်းအတွင်း တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီလက်အောက်တွင် ဖိအားမျိုးစုံရင်ဆိုင်နေရသည်ဟု ကာယကံရှင်များက ဆိုသည်။ ဇွန်လ ၉ရက်ကလည်း ဖျာပုံမြို့နယ် တရားရုံးတရားခွင်တွင် တရားသူကြီးနှင့် ဒုရဲအုပ်တစ်ဦး စကားများပြီး ဒုရဲအုပ်က သေနတ်ဖြင့် ပစ်ခတ်ရန်ပြင်ဆင်သည်အထိ တင်းမာမှုဖြစ်ခဲ့သည်။

တရားခွင်အတွင်း တရားခံနှင့်သက်သေများဝိုင်းဆွဲခဲ့ရသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

ထို့အပြင် ဇလွန်မြို့တွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဇွန်လ ရက်က ထွက်ပြေးသွား၍ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေသည်။

ဆက်စပ်သတင်းများ

သတင်း

လူသတ် ကားလုယက်တဲ့ ဒုရဲအုပ်က ကျွဲဂိမ်းဆော့သူဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အကျိုးဆောင်လိုင်စင်မရှိဘဲပြည်ပမှာအလုပ်လုပ်ကိုင်ဖို့အတွက် ပို့ဆောင်ပေးနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က အမျိုးသမီးနှစ်ဦးကိုပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ၂၆နဲ့အမှုဖွင့် အရေးယူ ထားတယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံရဲတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းကပြည်သူသိန်းနဲ့ချီပြီး ရေဘေးသင့်နေချိန်မှာစစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)ရဲ့လက်အောက်ခံ စစ်တပ်တပ်ရင်း (၁၀)ရင်းဟာ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ မွမ်းမံစစ်သင်တန်းတွေလုပ် နေတယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူ​တွေက​ပြောပါတယ်။