Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကြံခင်းမြို့ ဘိလပ်မြေရဲကင်းမှဒုရဲအုပ် နှုတ်ထွက်စာတင်ထားစဥ် ရခိုင်သို့​ပြောင်း​ရွေ့မိန့်ကျ၍ အဆုံးစီ ရင်

ဒုရဲအုပ်ဝင်းမြင့်ထွန်းသည် ကိုယ့်ကိုကိုယ် သေနတ်ဖြင့်သုံးချက်ပစ်၍ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာဖြစ်သော ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာနကလည်း ထုတ်ပြန်ထားသည်။

ကြံခင်းမြို့ ဘိလပ်မြေရဲကင်း
ကြံခင်းမြို့ ဘိလပ်မြေရဲကင်း

ကြံခင်းမြို့မှ ဒုရဲအုပ်တစ်ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ နှုတ်ထွက်စာတင်ထားစဥ် ရခိုင်ပြည်နယ်သို့ ပြောင်းရွေ့မိန့်ချကြလာ၍ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်သွားကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း ကြံခင်းမြို့ဘိလပ်မြေရဲကင်းမှ ရဲကင်းမှူးဒုရဲအုပ်ဝင်းမြင့်ထွန်းသည် ဇွန်လ ၁၄ရက်ညတွင် အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်သည်။

“သူက စစ်တပ်အာဏာသိမ်းပြီးနဲ့နောက် နှုတ်ထွက်ခွင့်တင်ထားတာ။သူ့ကို နှုတ်ထွက်ခွင့်မပေးတဲ့အပြင် ရခိုင်ကိုပါ ပြောင်းမိန့်ကျလာလို့ သတ်သေသွားတာ”ဟု ဘိလပ်မြေရဲကင်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ဒုရဲအုပ်ဝင်းမြင့်ထွန်းသည် ကိုယ့်ကိုကိုယ် သေနတ်ဖြင့်သုံးချက်ပစ်၍ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာဖြစ်သော ဧရာဝတီတိုင်းတော်လှန်ရေးသတင်းဌာနကလည်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်းအတွင်း တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီလက်အောက်တွင် ဖိအားမျိုးစုံရင်ဆိုင်နေရသည်ဟု ကာယကံရှင်များက ဆိုသည်။ ဇွန်လ ၉ရက်ကလည်း ဖျာပုံမြို့နယ် တရားရုံးတရားခွင်တွင် တရားသူကြီးနှင့် ဒုရဲအုပ်တစ်ဦး စကားများပြီး ဒုရဲအုပ်က သေနတ်ဖြင့် ပစ်ခတ်ရန်ပြင်ဆင်သည်အထိ တင်းမာမှုဖြစ်ခဲ့သည်။

တရားခွင်အတွင်း တရားခံနှင့်သက်သေများဝိုင်းဆွဲခဲ့ရသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

ထို့အပြင် ဇလွန်မြို့တွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဇွန်လ ရက်က ထွက်ပြေးသွား၍ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေသည်။

ဆက်စပ်သတင်းများ

သတင်း

AA အနေဖြင့် ယခင်ရပ်တည်ချက်အတိုင်းဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးကာ အပြစ်ရှိသူများကို အရေးယူမည်ဟု ပြောသည်။

သတင်း

ရက္ခိုင့်တပ်တော်က ရက္ခိုင်ဒေသတစ်ခုလုံးကို အပြီးသတ်ပြီးသိမ်းပိုက်ထိန်းချုပ်နိုင်ရန် လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ၏ စစ်စခန်းများအား တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်​နေ​ကြောင်းAA က ​ကြေညာထားသည်။

သတင်း

AA က ရခိုင်ပြည်နယ် တွင် ​မြောက်ဦး ၊မင်းပြား၊​ကျောက်တော် ၊ ​ပေါက်​တော ၊ ​မြေပုံ စ​သောမြို့များကို သိမ်းပိုက်ထားပြီး ရ​သေ့​တောင် ၊​မောင်​တော ၊ မအိ ၊ ​ကျောက်ဖြူ ၊ရမ်းဗြဲ စ​သောမြို့များကို ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

သတင်း

စစ်ကောင်စီ၏ စွန့်လွှတ်မိုင်းများနှင့် စစ် လက်နက်အကြွင်းအကျန်ပစ္စည်းများသည် အချိန်မရွေးပေါက်ကွဲစေတတ်သောကြောင့် စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ကြီးကျည်ဆံများကို ကိုင်တွယ်ခြင်း၊ ထုနှက်ခြင်းနှင့် ဆော့ကစားခြင်းများမပြုလုပ်ကြရန်ကိုလည်း ထပ်မံ သတိပေးခဲ့သည်။