Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မှာအမျိုးသမီးနှစ်ဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနဲ့AAရဲတပ်ဖွဲ့ကအမှုဖွင့်

အကျိုးဆောင်လိုင်စင်မရှိဘဲပြည်ပမှာအလုပ်လုပ်ကိုင်ဖို့အတွက် ပို့ဆောင်ပေးနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က အမျိုးသမီးနှစ်ဦးကိုပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ၂၆နဲ့အမှုဖွင့် အရေးယူ ထားတယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံရဲတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

(ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေနဲ့AAရဲတပ်ဖွဲ့ကအမှုဖွင့်ထားတဲ့အမျိုးသမီး ၂ဦး။ ဓါတ်ပုံ-DELEPS)

စက်တင်ဘာ-၇၊ ၂၀၂၆ ၊ ခိုင်မြတ်/People’s Spring

အကျိုးဆောင်လိုင်စင်မရှိဘဲပြည်ပမှာအလုပ်လုပ်ကိုင်ဖို့အတွက် ပို့ဆောင်ပေးနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးနဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က အမျိုးသမီးနှစ်ဦးကိုပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ၂၆နဲ့အမှုဖွင့် အရေးယူ ထားတယ်လို့ အာရက္ခတပ်တော်(AA)လက်အောက်ခံရဲတပ်ဖွဲ့က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အရေးယူခံရသူတွေဟာမြောက်ဦးမြို့နယ် အိုးထိမ်းကျေးရွာကမယဉ်ယဉ်ဝင်းနဲ့ ပလက်ဝမြို့နယ် ဟုန်းကျေးရွာက မခိုင်မြတ်မွန်တို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပြည်ပကိုလူပို့တဲ့ အလုပ်လုပ်ဖို့ နှစ်ဦးသဘောတူပြီး မလေး ရှားနိုင်ငံနဲ့ ရန် ကုန်မြို့ဆီ သွားမယ့်သူတွေကို ရှာဖွေခဲ့ကြတယ်လို့ဆိုပါတယ်။

မလေးရှားကို သွားမယ့်သူနှစ်ဦးကိုတဦးစီအတွက် ပွဲစားခကျပ်သိန်း ငါးဆယ်စီ တောင်းခဲ့ပြီး ရန်ကုန်ကို သွားမယ့် သူနှစ်ဦးကိုတော့ ဆွေမျိုးတော်စပ်တာကြောင့် ပွဲစားခမယူဘဲ ပို့ဆောင်ပေးခဲ့တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

လိုင်စင်မရှိဘဲအဲဒီလိုပို့ဆောင်ခဲ့ကြတာကြောင့်AAလက်အောက်ခံထောက်လှမ်းရေးဌာနက မယဉ်ယဉ်ဝင်းကို မြောက်ဦးမြို့နယ်ရှိ သူမရဲ့ နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး မခိုင်မြတ်မွန်ကိုတော့ ချင်းပြည်နယ် ကျင်ဒွေးမြို့ရှိ နေအိမ်တ အိမ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ သူတို့နှစ်ဦးကို ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆နဲ့ မြောက်ဦးမြို့မရဲစခန်းမှာ အမှုဖွင့်ပြီးအ​ရေးယူနေတယ်လို့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အဲဒီပုဒ်မဟာ အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုး ဆောင်လုပ်ငန်းလုပ်ကိုင်ကြောင်းပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ်ထိချမှတ်နိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ် လို့ရတဲ့ ပုဒ်မဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာလူငယ်တွေဟာအလုပ်အကိုင်ရှားပါးတာ၊စစ်မှုထမ်းဥပဒေစတာတွေကြောင့် ပြည်မနဲ့ပြည်ပနိုင်ငံတွေကို လူပို့​​ပေးတဲ့ပွဲစားတွေနဲ့ ထွက်ခွာနေကြပြီး လမ်းခုလတ်မှာ အာဏာသိမ်းစစ်တပ်ကဖမ်းဆီးတာနဲ့ပွဲစားတွေဆီ မှာ လိမ်လည်ခံရ ပြီး ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဆီ ရောင်းစားခံကြရတာမျိုးတွေလည်းရှိနေတယ်လို့ဆိုပါတယ်။

AAလက်အောက်ခံရဲတပ်ဖွဲ့ဟာ အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းဆီးနေ သလို ရခိုင်ကနေ ပြည်ပနဲ့ အခြားနေရာတွေဆီ လူပို့၊ လူကုန်ကူးနေသူတွေကိုလည်း ဖော်ထုတ်အရေးယူနေတယ် လို့ ဆိုပါတယ်။AA ရဲတပ်ဖွဲ့ဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ ခုနစ်လအတွင်း လူကုန်ကူးမှုအပါအဝင် ပြည်ပအ လုပ်အကိုင် ဆိုင်ရာ ဥပဒေချိုးဖောက်မှုပုဒ်မတွေနဲ့ အမှုပေါင်း၃၅ မှုကိုဖမ်းဆီးအရေးယူခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။

စစ်တပ်ရဲ့ဖြတ်လေးဖြတ်ပိတ်ဆို့မှု၊ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ စီးပွားရေးကြပ် တည်းမှုတွေနဲ့ ကြုံနေကြရတဲ့ ရခိုင်ဒေသခံတွေဟာ ပြည်ပမှာ အလုပ်အကိုင်ရမယ်ဆိုပြီးလိမ်လည်သွေးဆောင် ကာ ငွေကြေးအဆမတန်တောင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ ပွဲစားတွေရဲ့လူကုန်ကူးမှုကိုပါခံနေကြရတာလို့ AA ရဲတပ်ဖွဲ့ကဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းကပြည်သူသိန်းနဲ့ချီပြီး ရေဘေးသင့်နေချိန်မှာစစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)ရဲ့လက်အောက်ခံ စစ်တပ်တပ်ရင်း (၁၀)ရင်းဟာ ရခိုင်ပြည်နယ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ မွမ်းမံစစ်သင်တန်းတွေလုပ် နေတယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူ​တွေက​ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နောက်ပြန်လက်ထိပ်ခတ်ပြီး​တော့၊ ခြေထောက်တွေကို ချည်နှောင်ကာ အဓမ္မပြု ကျင့်၊ အလောင်းဖျောက်ခံခဲ့ရတဲ့အမှုအတွက် ဖမ်းဆီးထားတဲ့ သုံးယောက်လုံးက ဝန်ခံထားပြီး ဥပဒေရုံးရဲ့ ဥပဒေအကြံပြုချက်နဲ့အညီ အမြန်ဆုံးရုံးတင်သွားမယ်လို့ အာရက္ခတပ်တော်(AA)ရဲတပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။