Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံထက် ကိုယ်ကျိုးစီးပွားကိုသာ မြန်မာစစ်ဗိုလ်ချုပ်ကြီးများ ပထမဦးစားပေးဟု JFM ထုတ်ပြန်

“မြန်မာစစ်တပ်သည် ၄င်း၏ရာဇဝင်တွင် တခါမျှ မရှိခဲ့ဖူးသော မြန်မာစစ်တပ်၏ ဖွဲ့စည်းမှုပုံစံနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဗီယက်နမ် စစ်တပ်သို့ လက်လွှဲပေးအပ်ခဲ့သည်” ဟု JFM က ထုတ်ပြန်သည်။

Justice For Myanmar
Justice For Myanmar

စစ်တပ်ဖွဲ့စည်းပုံအသေးစိတ်အချက်အလက်များကို ဗီယက်နမ်စစ်တပ်ထံ လွှဲပြောင်းပေးခဲ့

မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် နိုင်ငံထက် ၎င်းတို့၏အကျိုးစီးပွားကိုသာ ပထမဦးစားပေးကြောင်းကို စစ်တပ်ဖွဲ့စည်းပုံနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဗီယက်နမ် စစ်တပ်သို့လက်လွှဲပေးအပ်ခဲ့ခြင်းက ပြသနေကြောင်း Justice For Myanmar က စုံစမ်းဖော် ထုတ်သည်။

မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ‘နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး’ အကြောင်း အမြဲပြောဆိုနေသော်လည်း ၎င်းတို့၏ စီးပွားရေးအကျိုးစီးပွားကိုသာ ပထမဦးစားပေးအဖြစ် ထားရှိကြောင်း မိုင်တဲလ်၏ ၂၀၁၈ ခုနှစ် ရောင်းချမှုအစီအစဉ်များက ပြသနေသည်ဟု JFM က ဆိုသည်။

မြန်မာစစ်တပ်သည် ဗီယက်နမ်စစ်တပ်ပိုင် ဗီယက်တဲလ်ဝန်ထမ်းများကို ကန့်သတ်ထားသည့် စစ်ဘက်အခြေခံ အဆောက်အဦများသို့ သွားရောက်ခွင့်ပေးအပ်ခဲ့ပြီး ထိုဝန်ထမ်းများက တာဝါတိုင်တည်ဆောက်ရေးအတွက် စစ်အခြေစိုက် စခန်းများ၏ မြေပုံများ စုဆောင်းပြုစုခဲ့ပြီး ဖြစ်သည်ဟု JFM က ဖော်ပြသည်။

Justice For Myanmar
Justice For Myanmar

ယင်းနောက် မိုင်တဲလ်၏ အရောင်းမြှင့်တင်ရေးအစီအစဉ်အရ မိုင်တဲလ်ဝန်ထမ်းများသည် စစ်အခြေစိုက်စခန်း တစ်ခုချင်း ဆီသို့ သွားရောက်ခဲ့ပြီး ဒေသခံတပ်ရင်း/တပ်မမှူးများ၏ အကူအညီဖြင့် စစ်ဘက်ဝန်ထမ်းများ၏ အမည်၊ ရာထူး၊ ကိုယ်ပိုင်နံပါတ် အပါအဝင် အချက်အလက်များကို ကောက်ယူခဲ့ရာ မြန်မာစစ်တပ်၏ စုစုပေါင်းအင်အားမှာ တပ်ရင်းတပ်ဖွဲ့ပေါင်း ၃၇၉ ခုတွင် စစ်သည်အင်အား ၃၈၆,၅၀၀ ဦး ရှိသည်ကို တွေ့ရှိခဲ့ရသည်။

Public Service Announcement

Public Service Announcement

“မြန်မာစစ်တပ်သည် ၄င်း၏ရာဇဝင်တွင် တခါမျှ မရှိခဲ့ဖူးသော မြန်မာစစ်တပ်၏ ဖွဲ့စည်းမှုပုံစံနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဗီယက်နမ် စစ်တပ်သို့ လက်လွှဲပေးအပ်ခဲ့သည်” ဟု JFM က ထုတ်ပြန်သည်။

မြန်မာစစ်တပ်အနေဖြင့် ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်မှုများနှင့် အကျင့်ပျက်ခြစားမှုကြီးများအတွက် အရေးယူခံရခြင်း တစ်စုံတစ်ရာ မရှိပဲ ပြစ်ဒဏ်မှလွတ်ကင်းနိုင်သည့် လွန်ခဲ့သည့် ဆယ်စုနှစ်က အခြေအနေများဆီသို့ ပြန်လည်ရောက်ရှိနိုင်တော့မည် မဟုတ်ကြောင်းလည်း JFM က ဖော်ပြသည်။

“စစ်တပ်အား စီးပွားရေးနယ်ပယ်မှ ဖယ်ရှားခြင်းသည်သာ မြန်မာနိုင်ငံ၏ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးနှင့် ရေရှည်တည်တံ့သောငြိမ်းချမ်းရေး ရရှိရေးတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပေလိမ့်သည်” ဟု JFM က ဆိုသည်။

စစ်ရာဇဝတ်ဂိုဏ်းအား လုံးဝဖျက်သိမ်းရန်၊ မိုင်တဲလ်ကို သပိတ်မှောက်ရန်၊ Telecom International Myanmar ကို အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် ပြည်တွင်းနှင့် နိုင်ငံတကာကို JFM က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

Facebook