▪︎ နယ်စပ်ဖြတ်ကျော်အကူအညီပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်ဒေသမှာအကူအညီပေးနေတဲ့အဖွဲ့တွေကိုမတိုင်ပင်ပဲ စစ်ကောင်စီသြဇာခံ ကြက်ခြေနီအသင်းနဲ့ပူးပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှားနေတယ်လို့ KNUပြော
မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံတစ်ခု ထူထောင်ရေး ထိုင်းအစိုးရရဲ့ အစီအစဉ်ကို အမေရိကန်က အားပေး ထောက်ခံခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ ဘာဟစ်ဒ်ဟာ နူကာရာကို ဝါရှင်တန် မြို့တော်မှာ ဧည့်ခံ တွေ့ဆုံရင်း မြန်မာ့အရေး ထည့်သွင်း ဆွေးနွေးချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်သိုနီ ဘလင်ကန်က ထိုင်းရဲ့ အစီအစဉ်ကို ထောက်ခံကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦးဟာ ဖေဖော်ဝါရီ ၁၃ ရက် တွေ့

Public Service Announcement
ဆုံမှုမှာ လုံခြုံရေး၊ စီးပွားရေး ကဏ္ဍတွေအပြင် ထိုင်းရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကြုံနေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ပါ ဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနကဖော်ပြပါတယ်။
ဆွေးနွေးမှုတွေက အများကြီး အောင်မြင်ခဲ့ကြောင်း၊ အမေရိကန်ဟာ အာဆီယံ ဒေသတွင်း အရေးကိစ္စတွေကို အလေးအနက် စိတ်ဝင်စားမှုရှိကြောင်း ပြသခဲ့သလို ဒေသတွင်းမှာ ထိုင်းရဲ့ မဟာဗျူဟာအရ အရေးပါမှုကို အသိအမှတ် ပြုထားကြောင်း ပန်ပရီက ဆိုပါတယ်။
နောက်ပြီး သူဟာ ဘလင်ကန်နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့ပြီး နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံ ထူထောင်သွားမယ့် ထိုင်းရဲ့ စီမံကိန်းတွေကို ဘလင်ကန်က ထောက်ခံခဲ့ကြောင်း ပန်ပရီက ဆိုပါတယ်။ ဒါ့အပြင် မြန်မာ့ အကျပ်
အတည်းကို ထိတွေ့ ဖြေရှင်းနိုင်ဖို့အတွက် ထိုင်းနဲ့ အမေရိကန်ကြား အနာဂတ် ဆွေးနွေးညှိနှိုင်းမှုတွေ ထပ်ပြီး ရှိလာဦးမယ်လို့ ယုံကြည်ကြောင်းလည်း သူက မှတ်ချက် ပေးသွားခဲ့ပါတယ်။
သူက ထိုင်း-မြန်မာ နယ်စပ်မှာ ဆိုက်ဘာလုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့ အချက်တွေကိုလည်း ဘလင်ကန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။
သူ့ရဲ့ အမေရိကန် ခရီးစဉ်အတွင်း ပန်ပရီဟာ အထက်လွှတ်
တော်အမတ် ခရစ္စဗန်ဟိုလန်နဲ့လည်း တွေ့ဆုံခဲ့ပြီး ထိုင်း-အမေရိကန် ဆက်ဆံရေး၊ မြန်မာနိုင်ငံ ပြဿနာအတွက် ပူး
ပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့သေးကြောင်း သိရပါတယ်။ ဟော်လန်ဟာ အမေရိကန် အထက်လွှတ်
တော်ရဲ့ အရှေ့အာရှ၊ ပစိဖိတ်နဲ့ နိုင်ငံတကာ ဆိုက်ဘာလုံ
ခြုံရေး မူဝါဒ ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။
ထိုင်းက နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံတစ်ခု ထူထောင်ရေး အစီအစဉ်အတွက် KNU ကိုရော ၊နှစ်ပေါင်းများစွာနယ်စပ်မှာ လူမှုကူညီရေးလုပ်လာတဲ့အဖွဲ့အစည်းတွေကိုရော တိုင်ပင်တာမျိုး မရှိဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ် ။ အဲဒီအစားစစ်ကောင်စီ
သြဇာခံ ကြက်ခြေနီအသင်း ပေါင်းလုပ်မယ့်အစီအစဥ်ဟာ လုပ်နည်းလုပ်ဟန်လွဲနေတယ်လို့ပြောပါတယ် ။ဒါအပြင် စစ်ဘေးရှောင်တွေတိမ်းရှောင်နေတဲ့နေရာတွဟာ KNU ထိန်းချုပ်မှုအောက်မှာပဲရှိပြီး စစ်တပ်ကမြဝတီမြို့ ၊ကောကရိတ် မြို့တို့မှာ မြို့ပေါ်ကွက်ကွက်ကလေးမှာပဲ ရှိနေသလို ၊
စစ်တပ်ကြောင့် ထွက်ရတဲ့ စစ်ဘေးရှောင် ပြည်သူတွေ စစ်ကောင်စီကပဲ ပြန်လည်ကယ်တင်မယ်ဆိုတဲ့ ပုံစံမျိုးပုံဖော်မှာ ကို လက်ခံလို့မရဘူး လို့ ပဒိုစောတောနီကပြောပါတယ် ။ ပြည်သူတွေကလည်းလက်ခံမှာ မဟုတ်လို့ လုပ်နည်းလုပ်ဟန်လွဲနေတဲ့အပေါ် ပြင်ဆင်ပြီး KNU နဲ့ နယ်စပ်ဒေသက ကူညီနေတဲ့အဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ လိုတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူကပြောထားပါတယ် ။
ကိုးကား-Bangkok Post
