Connect with us

Hi, what are you looking for?

သတင်း

မြန်မာနဲ့ နယ်စပ်တလျှောက် စည်းရိုးကာမှု မကြာခင် စတင်မယ်လို့ အိန္ဒိယ အစိုးရပြော

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ချင်းတိုင်းရင်းသား အနွယ်ဝင် ၃၀၀၀၀ လောက်ဟာ မီဇိုရမ် ပြည်နယ်ထဲကို စစ်ရှောင်တွေအဖြစ် ဝင်ရောက် ခိုလှုံနေခဲ့ကြရပြီး ဖြစ်ပါတယ်။

(​ပလက်ဝ​ဒေသတိုက်ပွဲတွင် AA ၏ တိုက်ခိုက်မှု​ကြောင့်အိန္ဒိယနယ်စပ်မှတဆင့်အိန္ဒိယသို့ထွက်​ပြေးသွား​သောစစ်​ကောင်စီတပ်သားများ/ နှစ်နိုင်ငံနယ်ယ်စပ်တစ်​နေရာ/ အိန္ဒိယ​ရောက် ​စစ်​ဘေး​ရှောင် မြန်မာပြည်သူအချို့ ။ဓါတ်ပုံ-AP၊ DW ၊ Mizoram News)

မြန်မာနိုင်ငံနဲ့ နယ်စပ်တလျှောက် စည်းရိုးကာမယ့် အစီအစဉ်ကို မကြာခင် စတင်တော့မယ်လို့ အိန္ဒိယ အစိုးရက အတည်ပြုခဲ့ပါတယ်။

အဲဒီအတွက် နှစ်ဖက် နိုင်ငံသားတွေ နယ်စပ်မှာ လွတ်လွတ်လပ်လပ် ကူးလူးသွားလာခွင့် ပေးထားတဲ့ သဘောတူညီချက်ကို ပြန်ပြင်ဆင်ဖို့ မြန်မာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဖွယ် ရှိနေကြောင်း ပြည်ထဲရေး ဝန်ကြီး အမစ်ရှားဟ်က ပြောကြားခဲ့ပါတယ်။

FMRလို့ ခေါ်ဝေါ်တဲ့ လွတ်လပ်စွာ ကူးသန်းသွားလာခွင့် သဘောတူညီချက်အရ မြန်မာနဲ့ အိန္ဒိယ နိုင်ငံသားတွေဟာ တစ်ဖက်နဲ့တစ်ဖက် နယ်စပ်မျဉ်းရဲ့ ၁၆ ကီလိုမီတာ(၁၀ မိုင်ခန့်) လောက် အကွာအဝေးထိ အတားအဆီးမရှိ သွားလာခွင့် ရထားပါတယ်။ အိန္ဒိယရဲ့ အရှေ့ဖက်ဒေသများဆိုင်ရာ အက်ဥပဒေအရ ၂၀၁၈ ခုနှစ်မှာ FMRကို စတင် အသက်ဝင်စေခဲ့တာ ဖြစ်ပါတယ်။

(​ပလက်ဝ​ဒေသတိုက်ပွဲတွင် AA ၏ တိုက်ခိုက်မှု​ကြောင့်အိန္ဒိယနယ်စပ်မှတဆင့်အိန္ဒိယသို့ထွက်​ပြေးသွား​သောစစ်​ကောင်စီတပ်သားများ/ နှစ်နိုင်ငံနယ်ယ်စပ်တစ်​နေရာ/ အိန္ဒိယ​ရောက် ​စစ်​ဘေး​ရှောင် မြန်မာပြည်သူအချို့ ။ဓါတ်ပုံ-AP၊ DW ၊ Mizoram News)
(​ပလက်ဝ​ဒေသတိုက်ပွဲတွင် AA ၏ တိုက်ခိုက်မှု​ကြောင့်အိန္ဒိယနယ်စပ်မှတဆင့်အိန္ဒိယသို့ထွက်​ပြေးသွား​သောစစ်​ကောင်စီတပ်သားများ/ နှစ်နိုင်ငံနယ်ယ်စပ်တစ်​နေရာ/ အိန္ဒိယ​ရောက် ​စစ်​ဘေး​ရှောင် မြန်မာပြည်သူအချို့ ။ဓါတ်ပုံ-AP၊ DW ၊ Mizoram News)

FMRကို အဆုံးသတ်ခြင်းဟာ နှစ်ဖက် နိုင်ငံသားတွေ နယ်စပ်ကို ဗီဇာမပါဘဲ လွတ်လွတ်လပ်လပ် ကူးလူး ဖြတ်ကျော်ခွင့်ကို ပိတ်ပင်လိုက်တဲ့ အဓိပ္ပါယ်လည်း ဖြစ်လာပါမယ်။ အိန္ဒိယနဲ့ မြန်မာတို့ဟာ ၁၆၄၃ ကီလိုမီတာ(မိုင်​ပေါင်း ၁၀၂၀ ​ကျော်) ရှည်လျားတဲ့ နယ်စပ် ထိစပ်နေပြီး နယ်စပ်တလျှောက် စည်းရိုးကာသွားမယ့် ကိစ္စကို ပြည်နယ်အဆင့် အာဏာပိုင်တွေက ကြိုတင် ထုတ်ပြောထားဖူးပါတယ်။

Public Service Announcement

Public Service Announcement

အာသံပြည်နယ်က မိတ်ဆွေတွေဆီ အသိပေးလိုတာက အိန္ဒိယ ဗဟို အစိုးရဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်တလျှောက် စည်းရိုး ကာထားသလိုမျိုး မြန်မာနဲ့ နယ်စပ်မှာလည်း ရှည်လျားတဲ့ စည်းရိုးကို တည်ဆောက်သွားမှာ ဖြစ်တယ်လို့ ရှားဟ်က ဂူဝါဟာတီမြို့မှာ ကျင်းပတဲ့ အာသံ ရဲတပ်ဖွဲ့ ကွန်မန်ဒို သင်တန်းဆင်းပွဲမှာ ပြောကြားသွားပါတယ်။

အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ် ထိစပ်ရာ ၄၀၉၆ ကီလိုမီတာ( မိုင်​ပေါင်း ၂၅၀၀ ​ကျော်)အကွာအဝေး တလျှောက်ကို ရာနှုန်းပြည့်နီးပါး နှစ်ထပ်စည်းရိုး ကာရံထားပါတယ်။ ဘင်္ဂလားဒေ့ရှ်ဖက်က တရားမဝင် ရွှေ့ပြောင်းသူတွေ ဝင်ရောက်မှုဟာ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ ခေါင်းခဲစရာ ပြဿနာ တစ်ခုအဖြစ် တည်ရှိနေတဲ့နောက် အခုလို စည်းရိုးကာဖို့ အိန္ဒိယက အကောင်အထည် ဖော်ခဲ့တာပါ။

(​ပလက်ဝ​ဒေသတိုက်ပွဲတွင် AA ၏ တိုက်ခိုက်မှု​ကြောင့်အိန္ဒိယနယ်စပ်မှတဆင့်အိန္ဒိယသို့ထွက်​ပြေးသွား​သောစစ်​ကောင်စီတပ်သားများ/ နှစ်နိုင်ငံနယ်ယ်စပ်တစ်​နေရာ/ အိန္ဒိယ​ရောက် ​စစ်​ဘေး​ရှောင် မြန်မာပြည်သူအချို့ ။ဓါတ်ပုံ-AP၊ DW ၊ Mizoram News)
(​ပလက်ဝ​ဒေသတိုက်ပွဲတွင် AA ၏ တိုက်ခိုက်မှု​ကြောင့်အိန္ဒိယနယ်စပ်မှတဆင့်အိန္ဒိယသို့ထွက်​ပြေးသွား​သောစစ်​ကောင်စီတပ်သားများ/ နှစ်နိုင်ငံနယ်ယ်စပ်တစ်​နေရာ/ အိန္ဒိယ​ရောက် ​စစ်​ဘေး​ရှောင် မြန်မာပြည်သူအချို့ ။ဓါတ်ပုံ-AP၊ DW ၊ Mizoram News)

အခုတော့ အစိုးရဟာ FMR သဘောတူညီချက်ကို ပြန်လည် သုံးသပ်နေပြီး အိန္ဒိယနဲ့ မြန်မာကြား လွတ်လပ်စွာ ကူးလူးသွားလာခွင့်ကို မကြာခင်မှာ အဆုံးသတ်စေဖွယ် ရှိတယ်လို့လည်း ရှားဟ်က ဆက်ပြောပါတယ်။

မဏိပူရ ပြည်နယ်ဟာ မြန်မာနဲ့ ထိစပ်နေတဲ့ နယ်ခြားမျဉ်းတလျှောက် စည်းရိုးကာရံစေဖို့ လိုလားနေပြီး မြန်မာဖက်က ပဋိပက္ခတွေကြောင့် ဒုက္ခသည် အလုံးအရင်း ဝင်ရောက်မှုတွေ ကြုံနေတာကို ထောက်ပြခဲ့ပါတယ်။ မီဇိုရမ်နဲ့ နာဂါလန် ပြည်နယ်တွေကတော့ မဏိပူရနဲ့ ဆန့်ကျင်ဖက်ဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်တလျှောက်မှာ နေထိုင်သူတွေဟာ မျိုးနွယ်စု တူညီကြပြီး အဆင်ပြေ သင့်မြတ်တာကြောင့် အသွားအလာ ကန့်သတ်မှုကို မလိုလားကြပါဘူး။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ချင်းတိုင်းရင်းသား အနွယ်ဝင် ၃၀၀၀၀ လောက်ဟာ မီဇိုရမ် ပြည်နယ်ထဲကို စစ်ရှောင်တွေအဖြစ် ဝင်ရောက် ခိုလှုံနေခဲ့ကြရပြီး ဖြစ်ပါတယ်။

နိုဝင်ဘာလဆန်းကစပြီး​တော်လှန်​ရေးတပ်ဖွဲ့​တွေ တိုက်ခိုက်မှု​ကြောင့် နယ်စပ်ကတစ်ဆင့်အိန္ဒိယထွက်​ပြေးတဲ့ စစ်သား​တွေကလည်း ပိုမိုများပြားလာခဲ့ပါတယ် ။ ချင်းပြည်နယ်၊ရခိုင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းခမ်းပါတ်မြို့သိမ်းတိုက်ပွဲ​တွေမှာ အိန္ဒိယဘက်ထွက်​ပြေးတဲ့ စစ်သား အနည်းဆုံး ၆ ကြိမ်ရှိ​နေပြီး စစ်သား ၇၀၀ ခန့်ထွက်​ပြေးထားပြီဖြစ်ပါတယ် ။

ကိုးကား-Hindu သတင်းဌာနက

India-Myanmar border to be fenced soon, says Home Minister Amit Shah

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကနေ ပျံသန်းတဲ့ ခရီးစဉ်အတွင်း အိန္ဒိယ လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးဟာ လေထုဖိအား မတည်ငြိမ်မှုနဲ့ လေစီးကြောင်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တဲ့ လေလှိုင်းထန်မှု (turbulence)နဲ့ ကြုံတွေ့ခဲ့တာကြောင့် လူ ၁၇ ဦးလောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။