Connect with us

Hi, what are you looking for?

သတင်း

ဓနု​ဒေသတွင် ပြည်သူ့စစ်ဖွဲ့ရန်ကြိုးပမ်း​နေ​သောပြည်ခိုင်ဖြိုးအမတ်​​လောင်းကို PDF က​သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်း

“ဦးကျော်ငြိမ်းက ဓနုဒေသမှာပြည်သူ့စစ်အဖွဲ့ဖွဲ့ဖို့ ရွာတွေမှာလိုက်ပြီးငွေအကုန်အကျခံစည်းရုံးနေတဲ့သူ။ သူ့အိမ်မှာ ဝင်ပစ်သွားတာ။ ကျန်တဲ့သူတွေကို ဘာမှ မလုပ်ဘဲ ဦးကျော်ငြိမ်းကိုပဲ ပစ်သွားတာ”ဟု ဦးကျော်ငြိမ်း၏လူရင်းမိတ်ဆွေတစ်ဦးကပြောသည်။

ဦးကျော်ငြိမ်း
ဦးကျော်ငြိမ်း

ဓနုဒေသတွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ဖွဲ့စည်းရန်ငွေကြေးအကုန်အကျခံလူစုစည်းနေသည့် ပင်းတယမြို့ ပြည်​ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဖြစ်သူကို ရှမ်းတောင်အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ​သေနတ်ဖြင့်ပစ်ခတ်သုတ်သင်ရှင်းလင်းလိုက်​သည်။

ပင်းတယမြို့ ကြံ့ခိုင်ရေးပါတီဒုတိယဥက္ကဌဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ တွင်ဝင်​ရောက်ယှဥ်ပြိုင်ရှုံးနိမ့်ခဲ့​သောအမတ်လောင်းဖြစ်သောဦးကျော်ငြိမ်းကို ယနေ့(ဇွန် ၁၈ရက်)တွင် ၎င်း၏နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်သုတ်သင်လိုက်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကပြောသည်။

“ဦးကျော်ငြိမ်းက ဓနုဒေသမှာပြည်သူ့စစ်အဖွဲ့ဖွဲ့ဖို့ ရွာတွေမှာလိုက်ပြီးငွေအကုန်အကျခံစည်းရုံးနေတဲ့သူ။ သူ့အိမ်မှာ ဝင်ပစ်သွားတာ။ ကျန်တဲ့သူတွေကို ဘာမှ မလုပ်ဘဲ ဦးကျော်ငြိမ်းကိုပဲ ပစ်သွားတာ”ဟု ဦးကျော်ငြိမ်း၏လူရင်းမိတ်ဆွေတစ်ဦးကပြောသည်။

ဦးကျော်ငြိမ်း အသတ်ခံရသည့်သတင်းကိုဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့ထံ ဆက်သွယ်မေးမြန်းရာ ၄င်းတို့မသိရှိသေးဟု​ပြောသည်။ တောင်ကြီးနှင့်ကလောမြို့အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဟာမိတ်အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု သတင်းများထွက်ပေါ်နေသည်။

Public Service Announcement

Public Service Announcement

ဦးကျော်ငြိမ်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့နယ် အမှတ်(၂)ပြည်နယ်လွှတ်တော်နေရာ၌ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ဝင်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်သည်။သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကဖွဲ့စည်းသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်သူ့စစ်နှင့်ပျုစောထီးများဖွဲ့စည်းရေးကို အင်တိုက်အားတိုက်လုပ်နေ၍လူမုန်းများခြင်းခံနေရသူဖြစ်သည်။

“ဦးကျော်ငြိမ်းကပြည်နယ်(၂)မှာဝင်ပြိုင်ပြီး ရှုံးတာတောင် စစ်ကောင်စီအောက်မှာ ဝင်အလုပ်လုပ်နေသေးတယ်။ ပြည်နယ်(၁)မှာက ဦးအာကာလင်းဝင်ပြိုင်တာ။ ဦးအာကာလင်းလည်းဒေသခံတွေရဲ့ မျက်နှာကို မကြည့်ဘဲစစ်ကောင်စီဘောကိုပဲမနေတာတွေ့နေရတယ်။မြင်နေရတယ်။ ” ဓနုတိုင်းရင်းသားတစ်ဦးကပြောသည်။

ဦးအာကာလင်းသည်လက်ရှိတွင်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ တာဝန်ယူထားပြီး စစ်ကောင်စီ၏ လုံခြုံရေးအစောင့်အလျှောက်ဖြင့် နေထိုင်နေသူဖြစ်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခံများသည် စစ်ကောင်စီအုပ်ချုပ်မှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်နေကြသည်။ ဇွန်လ ၁၅ရက်ကလည်း ရွာငံမြို့မှ စစ်ကောင်စီဒေါက်တိုင် ဒလန်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် စစ်ကောင်စီတပ်အထိုင်ချတပ်စွဲထားသော ကျေးရွာတစ်ရွာကို မဟာမိတ်ပူး ပေါင်းအဖွဲ့များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊တပ်ခွဲ(၂)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

သတင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)နှစ်ပြည့် မွေးနေ့ဆုတောင်းစကားများကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးရည်မွန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များက ဆုတောင်းစကား ပြောကြားမှုများ ပြုလုပ်ခဲ့ကြသည်။

သတင်း

စစ်ကောင်စီ နှင့် ပူးပေါင်းပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုတိုက်ခိုက်နေသည့်ရှမ်းနီတပ်(SNA)မှ ရဲဘော်တစ်ဦးသည်ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF) ကသာခရိုင်အမှတ်(၄)တပ်ရင်းထံလက်နက်ချအလင်းဝင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသည်။

သတင်း

၁၀၂၇ စစ်ဆင်​ရေး နှင့် ရှမ်းမန်းစစ်ဆင်​ရေးပြန်PDF များပူး​ပေါင်းစစ်ဆင်​ရေးဖြစ်