Connect with us

Hi, what are you looking for?

သတင်း

ဓနု​ဒေသတွင် ပြည်သူ့စစ်ဖွဲ့ရန်ကြိုးပမ်း​နေ​သောပြည်ခိုင်ဖြိုးအမတ်​​လောင်းကို PDF က​သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်း

“ဦးကျော်ငြိမ်းက ဓနုဒေသမှာပြည်သူ့စစ်အဖွဲ့ဖွဲ့ဖို့ ရွာတွေမှာလိုက်ပြီးငွေအကုန်အကျခံစည်းရုံးနေတဲ့သူ။ သူ့အိမ်မှာ ဝင်ပစ်သွားတာ။ ကျန်တဲ့သူတွေကို ဘာမှ မလုပ်ဘဲ ဦးကျော်ငြိမ်းကိုပဲ ပစ်သွားတာ”ဟု ဦးကျော်ငြိမ်း၏လူရင်းမိတ်ဆွေတစ်ဦးကပြောသည်။

ဦးကျော်ငြိမ်း
ဦးကျော်ငြိမ်း

ဓနုဒေသတွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်ဖွဲ့စည်းရန်ငွေကြေးအကုန်အကျခံလူစုစည်းနေသည့် ပင်းတယမြို့ ပြည်​ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဖြစ်သူကို ရှမ်းတောင်အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ​သေနတ်ဖြင့်ပစ်ခတ်သုတ်သင်ရှင်းလင်းလိုက်​သည်။

ပင်းတယမြို့ ကြံ့ခိုင်ရေးပါတီဒုတိယဥက္ကဌဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ တွင်ဝင်​ရောက်ယှဥ်ပြိုင်ရှုံးနိမ့်ခဲ့​သောအမတ်လောင်းဖြစ်သောဦးကျော်ငြိမ်းကို ယနေ့(ဇွန် ၁၈ရက်)တွင် ၎င်း၏နေအိမ်၌ သေနတ်ဖြင့် ပစ်ခတ်သုတ်သင်လိုက်ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကပြောသည်။

“ဦးကျော်ငြိမ်းက ဓနုဒေသမှာပြည်သူ့စစ်အဖွဲ့ဖွဲ့ဖို့ ရွာတွေမှာလိုက်ပြီးငွေအကုန်အကျခံစည်းရုံးနေတဲ့သူ။ သူ့အိမ်မှာ ဝင်ပစ်သွားတာ။ ကျန်တဲ့သူတွေကို ဘာမှ မလုပ်ဘဲ ဦးကျော်ငြိမ်းကိုပဲ ပစ်သွားတာ”ဟု ဦးကျော်ငြိမ်း၏လူရင်းမိတ်ဆွေတစ်ဦးကပြောသည်။

ဦးကျော်ငြိမ်း အသတ်ခံရသည့်သတင်းကိုဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့ထံ ဆက်သွယ်မေးမြန်းရာ ၄င်းတို့မသိရှိသေးဟု​ပြောသည်။ တောင်ကြီးနှင့်ကလောမြို့အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မဟာမိတ်အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု သတင်းများထွက်ပေါ်နေသည်။

Public Service Announcement

Public Service Announcement

ဦးကျော်ငြိမ်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပင်းတယမြို့နယ် အမှတ်(၂)ပြည်နယ်လွှတ်တော်နေရာ၌ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ဝင်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူဖြစ်သည်။သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကဖွဲ့စည်းသည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်သူ့စစ်နှင့်ပျုစောထီးများဖွဲ့စည်းရေးကို အင်တိုက်အားတိုက်လုပ်နေ၍လူမုန်းများခြင်းခံနေရသူဖြစ်သည်။

“ဦးကျော်ငြိမ်းကပြည်နယ်(၂)မှာဝင်ပြိုင်ပြီး ရှုံးတာတောင် စစ်ကောင်စီအောက်မှာ ဝင်အလုပ်လုပ်နေသေးတယ်။ ပြည်နယ်(၁)မှာက ဦးအာကာလင်းဝင်ပြိုင်တာ။ ဦးအာကာလင်းလည်းဒေသခံတွေရဲ့ မျက်နှာကို မကြည့်ဘဲစစ်ကောင်စီဘောကိုပဲမနေတာတွေ့နေရတယ်။မြင်နေရတယ်။ ” ဓနုတိုင်းရင်းသားတစ်ဦးကပြောသည်။

ဦးအာကာလင်းသည်လက်ရှိတွင်လည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ တာဝန်ယူထားပြီး စစ်ကောင်စီ၏ လုံခြုံရေးအစောင့်အလျှောက်ဖြင့် နေထိုင်နေသူဖြစ်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခံများသည် စစ်ကောင်စီအုပ်ချုပ်မှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်နေကြသည်။ ဇွန်လ ၁၅ရက်ကလည်း ရွာငံမြို့မှ စစ်ကောင်စီဒေါက်တိုင် ဒလန်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook