Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့နယ်အတွင်း လမ်းပိုင်းများ၌ ကုန်တင်ကားများ မိုးကာအုပ်၍မသွားရန် သတိပေးကြေညာ

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လှုပ်ရှားမှုများရှိနေ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန်လည်း ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ထားသည်။

အင်းတော်မြို့နယ်
အင်းတော်မြို့နယ်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း လမ်းပိုင်းများ၌ ကုန်တင်ကားများ မိုးကာအုပ်၍မသွားရန် အရေးပေါ်ထုတ်ပြန်ကြေငြာချက် လိုက်ကြောင်း Indaw Revolution က ဖော်ပြသည်။

ကျောင်းကုန်း – အင်းတော်လမ်း၊ အင်းတော် – ဗန်းမောက်လမ်း၊ အင်းတော် – နန့်စီးအောင်လမ်းနှင့် အင်းတော် – ကသာလမ်းများ၌ သွားလာသည့် ကုန်တင်ယာဉ်များကို မိုးကာအုပ်၍ မသွားလာရန် သတိပေး တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

စည်းကမ်းမလိုက်နာ၍ တစ်စုံတရာဖြစ်ခဲ့ပါက မိမိတို့ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ တာဝန်မယူကြောင်းနှင့် လိုင်းရသည့် ပြည်သူများ နီးစပ်ရာပြည်သူများမှ ဖုန်းဖြင့်လည်းကောင်း၊ အခြားနည်းဖြင့်လည်းကောင်း မိတ်ဆွေအချင်းချင်း သတင်းလှမ်းပေးကြရန်လည်း တိုက်တွန်းထားသည်။

လက်ရှိတွင် အင်းတော်နှင့် ကသာမြို့နယ်များ၌ စစ်ကောင်စီတပ်များ ဝင်ရောက်လှုပ်ရှားနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များကလည်း ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လှုပ်ရှားမှုများရှိနေ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန်လည်း ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ Starlink(စတားလင့်)အင်တာနက်အသုံးပြုမှုကို စစ်ရေးအရ ဒီနှစ်ကုန်အထိ ပိတ်သိမ်းထားဖို့ အင်းတော်ပအဖက ညွှန်ကြားထားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​တော်လှန်​ရေးတပ်များတိုက်ခိုက်သိမ်းပိုက်ထားသည့် အင်းတော်မြို့နယ်၊ပိန္နဲကုန်းရွာရှိဘုန်းကြီး​ကျောင်းကို စစ်ကောင်စီက ယ​နေ့ (ဧပြီ ၁၄)လေကြောင်းမှ ဗုံးကြဲခဲ့သည်။