Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

NUG က ဒစ်ဂျစ်တယ်မြန်မာကျပ်-DMMKကိုစတင်မိတ်ဆက်

“ကိုယ်ပိုင်တဲ့ ငွေကြေးကို ကိုယ်တိုင်စီမံနိုင်မယ့် NUGPay ရောက်ရှိလို့လာပါပြီ။ NUGPay ဟာ Blockchain နည်းပညာကို အသုံးပြုထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး မိုဘိုင်း ပိုက်ဆံအိတ်ပဲ ဖြစ်ပါတယ်။”ဟုNUGကဆိုသည်။

(DMMK-ဒစ်ဂျစ်တယ်မြန်မာကျပ် အ​ကြောင်းရှင်လင်းချက်)
(DMMK-ဒစ်ဂျစ်တယ်မြန်မာကျပ် အ​ကြောင်းရှင်လင်းချက်)

မြန်မာကျပ်ငွေကို ဘလောက်ချိန်းနည်းပညာသုံး ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကထုတ်ပြန်ကြေညာသည်။

ဒစ်ဂျစ်တယ်မြန်မာကျပ် -Digital Myanmar Kyat (DMMK) ဟု အမည်ပေးထားသည့်အဆိုပါငွေကြေးစနစ်ကို NUGPay Mobile Wallet ဖြင့် အသုံးပြုနိုင်မည်ဟုလည်း NUG၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနကအသိ​ပေးထားသည်။

(DMMK-ဒစ်ဂျစ်တယ်မြန်မာကျပ် အ​ကြောင်းရှင်လင်းချက်)
(DMMK-ဒစ်ဂျစ်တယ်မြန်မာကျပ် အ​ကြောင်းရှင်လင်းချက်)

“ကိုယ်ပိုင်တဲ့ ငွေကြေးကို ကိုယ်တိုင်စီမံနိုင်မယ့် NUGPay ရောက်ရှိလို့လာပါပြီ။ NUGPay ဟာ Blockchain နည်းပညာကို အသုံးပြုထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး မိုဘိုင်း ပိုက်ဆံအိတ်ပဲ ဖြစ်ပါတယ်။”ဟုNUGကဆိုသည်။

(DMMK-ဒစ်ဂျစ်တယ်မြန်မာကျပ် အ​ကြောင်းရှင်လင်းချက်)
(DMMK-ဒစ်ဂျစ်တယ်မြန်မာကျပ် အ​ကြောင်းရှင်လင်းချက်)

DMMK(ဒစ်ဂျစ်တယ်မြန်မာကျပ်​ငွေ​ကြေး)ကို NUGpay မိုဘိုင်း​ငွေ​ပေး​ချေမှုစနစ်ဖြစ်သုံးရမည်ဖြစ်သည်။DMMKသည် ​ဒစ်ဂျစ်တယ်ငွေ​ကြေးဖြစ်ပြီး NUGpayသည် အဆိုပါ​ငွေ​ကြေးကို ​ငွေ​ပေးငွေယူပြုလုပ်ရာတွင် အသုံးပြုငွေ​ပေး​ချေရမည့် မိုဘိုင်း​ငွေ​ပေး​ချေ​သောပလက်​ဖောင်းနည်းစနစ်ဖြစ်သည်

Public Service Announcement

Public Service Announcement

(DMMK-ဒစ်ဂျစ်တယ်မြန်မာကျပ် အ​ကြောင်းရှင်လင်းချက်)
(DMMK-ဒစ်ဂျစ်တယ်မြန်မာကျပ် အ​ကြောင်းရှင်လင်းချက်)

NUGက မိတ်ဆက်သည့် NUG Pay ကို Android ဖုန်းများတွင်စတင်အသုံးနိုင်မည်ဖြစ်ပြီး iOSများတွင်မကြာခင်အသုံးပြုရအောင်ဆောင်ရွက်ပေးသွားမည်ဟု​အသိပေးသည်။

Andriodဖုန်းများတွင် NUGPayကို Play Store မှဆင့် Download ရယူနိုင်မှာ ဖြစ်ပြီး စတင်ရယူနိုင်မည့်နေ့ရက်ကိုမကြာခင် ကြေညာသွားမည်ဟုလည်းပါရှိသည်။

(DMMK-ဒစ်ဂျစ်တယ်မြန်မာကျပ် အ​ကြောင်းရှင်လင်းချက်)
(DMMK-ဒစ်ဂျစ်တယ်မြန်မာကျပ် အ​ကြောင်းရှင်လင်းချက်)

“ကျပ်ငွေကို စစ်တပ်က အတင်းကြပ်ထိန်းချုပ်ထားတဲ့အချိန်မှအခုလိုနည်းပညာသစ်နဲ့ ထိုးဖောက်နိုင်တာတော်လှန်ရေးအတွက် အားတတ်စရာပါ။ ဒါပေ့မယ်NUGကဘယ်လောက်ထိအကောင်အထည်ဖော်နိုင်မလဲ စောင့်ကြည့်ရမယ်”ဟုငွေရေးကြေးရေးလုပ်ငန်းတစ်ခုမှ မန်းနေးဂျင်းဒါရိုက်တာတစ်ဦးကပြောသည်။

(DMMK-ဒစ်ဂျစ်တယ်မြန်မာကျပ် အ​ကြောင်းရှင်လင်းချက်)
(DMMK-ဒစ်ဂျစ်တယ်မြန်မာကျပ် အ​ကြောင်းရှင်လင်းချက်)

စစ်ကောင်စီက NUGမှ မိုဘိုင်းငွေပေးချေစနစ်ကို ကိုယ်ပိုင်တည်ထောင်မည်ဟု သတင်းများထွက်ပေါ်လာချိန်မှ စတင်ပြီး စစ်ကောင်စီက ခွင့်ပြုထားခြင်းမရှိသည့် မိုဘိုင်းငွေပေးချေမှုများ၊ ဒစ်ဂျစ်တယ်ငွေကြေးများကို ထောင်ဒဏ်နှစ်နှစ်ချနိုင်သည့် ဥပဒေဖြင့်အရေးယူမည်ဟု ခြိမ်းခြောက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။