Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေ နေပြည်တော်ထောင် တရားရုံးမှာ စစ်ဆေးမယ်

အဲဒီနောက် ၂၀၂၁ ခုနှစ် ဧပြီလမှာတော့ နေပြည်တော်ထဲက နေရာတစ်နေရာကိုစစ်ကောင်စီက ပြောင်းရွှေ့ခဲ့ပြီး ဆက်လက်ထိန်းသိမ်းထားခဲ့တယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စွဲဆိုထားတဲ့အမှုတွေကို ဇဗ္မူသီရိအထူးတရားရုံးကနေ နေပြည်တော်အချုပ်ထောင်က တရားရုံးမှာပြောင်းစစ်တော့မယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

လက်ရှိမှာ အမှုတွေကို ဇဗ္မူသီရိအထူးတရားရုံးမှာ စစ်ဆေးနေတာပါ။

နေပြည်တော်အချုပ်ထောင်မှာ အထူးတရားရုံး တည်ဆောက်နေတာ ပြီးစီးပြီဖြစ်လို့ အဲဒီနေရာမှာ ပြောင်းစစ်ဆေးတော့မယ့်အကြောင်း ဒီနေ့ တရားခွင်မှာ တရားသူကြီးက အသိပေးကြေညာခဲ့တယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ အမှု တစ်ဒါဇင်ကျော် နဲ့တရားစွဲဆိုထားတာပါ။ ထောင်ဒဏ် လည်း ၁၁ နှစ်ချ ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနဲ့နေထိုင်နေတဲ့ ခြံအမှတ် အေ ၃၃ ၊ မြနန်းဘုံသာလမ်း ၊ ဇေယျာသီရိရပ်ကွက် ၊ ဇဗ္ဗူသီရိမြို့နယ် ထဲမှာ လပိုင်း ထိန်းသိမ်းထားခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၁ ခုနှစ် ဧပြီလမှာတော့ နေပြည်တော်ထဲက နေရာတစ်နေရာကိုစစ်ကောင်စီက ပြောင်းရွှေ့ခဲ့ပြီး ဆက်လက်ထိန်းသိမ်းထားခဲ့တယ်လို့သိရပါတယ်။

ဒီလိုထိန်းသိမ်းထားတဲ့နေရာကနေ အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။