Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်းခုခံ​စစ်အား​ကောင်း​နေချိန်တွင် အိန္ဒိယက ပလက်ဝ-ဇိုရမ်ပူရ်လမ်း​ဖောက်လုပ်ရန် တင်ဒါ​ခေါ်ယူ​နေ

နိုင်ငံ​တော်အာဏာကို စစ်တပ်က အဓမ္မယူပြီး​နောက် နိုင်ငံတွင်း ရင်းနှီးမြှပ်နှံမှူလုပ်ငန်းအသစ်များကိုရပ်ဆိုင်းရန်နှင့်စစ်​ကောင်စီမှခွင့်ပြု​သော ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများသည် တရားမဝင်​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရအဖွဲ့က ယမန်နှစ်ကတည်းက ထုတ်ပြန်ထားသည်။

လမ်း​ဖောက်လုပ်ရန် စီစဥ်ထား​သော​မြေပုံ ပုံကြမ်း
လမ်း​ဖောက်လုပ်ရန် စီစဥ်ထား​သော​မြေပုံ ပုံကြမ်း

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်​ကောင်စီကို လူထုခုခံ​တော်လှန်စစ်အားကောင်းနေချိန်တွင် အိန္ဒိယနိုင်ငံက ချင်းပြည်နယ်၊ ပလက်ဝမှအိန္ဒိယနိုင်ငံသို့ဆက်သွယ်မည့်ပလက်ဝ-ဇိုရမ်ပူရ်လမ်းပိုင်းကိုအပူတပြင်းဖောက်လုပ်ရန်စီစဥ်နေသည်။

ထိုလမ်းပိုင်းအတွက် မြန်မာပြည်တွင်းနှင့် အိန္ဒိယမှ စီးပွားရေးလုပ်ငန်းရှင်များကို တင်ဒါဖိတ်ခေါ်ကြောင်း အိန္ဒိယအစိုးရပိုင် ကုမ္ပဏီIRCON International Ltd. က ဇွန် ၂၀ ရက် စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင်​​ကြော်ညာထားသည်။

အန္ဒိယအစိုးရပိုင် ကုမ္ပဏီက စစ်​ကောင်စီဝါဒဖြန့်သတင်းစာတွင် တင်ဒါ​ကြော်ညာထားစဥ်
အန္ဒိယအစိုးရပိုင် ကုမ္ပဏီက စစ်​ကောင်စီဝါဒဖြန့်သတင်းစာတွင် တင်ဒါ​ကြော်ညာထားစဥ်

ထိုစီမံကိန်းသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇီုရမ်ပူရ် မှ ချင်းပြည်နယ် ပလက်ဝအထိ ကီလိုမီတာ ၁၂၉ ရှည်လျားသည့် အဝေးပြေးလမ်းနှင့် ပလက်ဝမှ စစ်တွေအထိ ကီလိုမီတာ ၁၅၈ ရှည်လျားသည် ကုလားတန်မြစ်ကြောင်းတို့ကို အသုံးပြုပြီး ကုန်သွယ်ရေးလမ်းကြောင်း ဖောက်လုပ်ရန်ဖြစ်သည်။ပလက်ဝ-ဇိုရမ်ပူရ်လမ်းပိုင်း၏သုညကီလိုမီတာမှ ၁၀၉ ကီလိုမီတာအထိ နှစ်လမ်းသွား အဖြစ်ဆောင်ရွက်မည်ဖြစ်ပြီးထိုလမ်းပိုင်း၏ ၁၀ကီလိုမီတာကိုအပိုင်း၁အဖြစ်စတင်ဆောင်ရွက်မည်ဟုအိန္ဒိယကုမ္ပဏီကဆိုသည်။

ထိုလမ်းပိုင်း တည်ဆောက်ရေးအတွက် ကုန်ကစရိတ်မှာ အိန္ဒိယရူးပီး ၁၉ ဘီလီယံနှင့်ဒီဇိုင်းအတွက် ရူပီး ၁ ဒဿမ ၆ ဘီလီယံ( ​ဒေါ်လာသန်း၂၀)သုံးဆွဲမည်ဟုကုမ္ပဏီကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စီမံကိန်းကို စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအား ဇွန် ၂၁ ရက် (ယနေ့)မှစတင်ပြီး တင်ဒါပုံစံများရောင်းချမည်ဖြစ်ပြီး ဇူလိုင် ၄ ရက် နောက်ဆုံးတင်ဒါသွင်းရမည်ဟု ​ကြော်ညာထားသည်။

“ဒီလိုကာလမှ လမ်း​ဖောက်တဲ့လုပ်ငန်းသစ်​တွေ လုပ်မယ်ဆိုတာ အရမ်းကိုစွန့်စားလွန်းတဲ့လုပ်ရပ်ပါ။ စစ်​​ကောင်စီတပ်က ကုမ္ပဏီ​ဝန်ထမ်း​​​တွေကို​ လုံခြုံ​ရေး ​ပေးနိုင်မယ် မထင်ဘူး။ အရင်က ဒီ​ဒေသမှာ AAတခုဖွဲ့တည်းနဲ့​တောင် အဆင်မ​ပြေခဲ့တာ အခု ချင်းလက်နက်ကိုင်​​တွေ​တပ်ဖွဲ့​တွေ​တောင် ထပ်​ပေါ်​နေပြီ။ ဒီလိုအချိန်မှာ စီမံကိန်းအ​ကောင်အထည်​ဖော်မယ်ဆိုတာ မြန်မာနိုင်ငံ​ရေးအ​ခြေအ​နေကို အိန္ဒိယက နားမလည်တာ ဖြစ်နိုင်သလို၊ အိန္ဒိယ အ​ရှေ့​မြောက်ပိုင်းပြည်နယ်​တွေ လုံခြုံ​ရေးအတွက် မြန်မာနိုင်ငံက အ​ရေးပါတာကို အိန္ဒိယအစိုးရရဲ့ စိုးရိမ်လာလို့လဲဖြစ်မယ်”ဟု ရင်းနှီးမြှပ်နှံမှုဆိုင်ရာအကြံ​ပေးကုမ္ပဏီတခုမှမန်း​နေးဂျင်းဒါရိုက်တာတစ်ဦးက​ပြောသည်။

ပလက်ဝအပါအဝင်ချင်းပြည်နယ်သည် အာဏာသိမ်းစစ်​​ကောင်စီကို ခုခံတွန်းလှန်စစ်ဆင်နွှဲ​နေ​သော အားအ​ကောင်းဆုံး​ဒေသများထဲမှတစ်ခုဖြစ်သည်။

Ircon International or Indian Railway ​Construction Limited (IRCON)သည် အိန္ဒိယအစိုးရ၏ မီးရထားဝန်ကြီးဌာနပိုင် ကုမ္ပဏီတစ်ခုပြီး ၁၉၇၆ခုနှစ်တွင်ထူထောင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်အိန္ဒိယနိုင်ငံက နိုင်ငံခြားရေးအတွင်းဝန်သည် အာဏာသိမ်းစစ်ခေါင်းဆောင်ထံလာရောက်တွေ့ဆုံခဲ့ပြီး ထိုစီမံကိန်း အလျှင်အမြန် အကောင်အထည်ဖော်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ အရှေ့မြောက် ပြည်နယ်များပင်လယ်ထွက်ပေါက်ရရှိရေးအတွက် ကုလားတန်စီမံကိန်းကိုဒေါ်လာသန်း ၅၀၀ အသုံးပြီး အကောင်အထည်ဖော်ရန်အိန္ဒိယ-မြန်မာနှစ်နိုင်ငံ သဘောတူခဲ့ခြင်းဖြစ်သည်။ ထိုစီမံကိန်းကို အိန္ဒိယဘက်မှ ၂၀၀၂ခုနှစ်ကတည်းက စတင်ခဲ့သော်လည်း နှစ်နိုင်ငံ သဘောတူညီမှုကို ၂၀၀၈ခုနှစ်မှ ဆောင်ရွက်နိုင်ခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်နိုင်ငံလုပ်ငန်းရှင်များကိုရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ခေတ္တရပ်ဆိုင်းရန်နှင့် တရားမဝင်​သောစစ်ကောင်စီဖြင့် လက်တွဲမဆောင်ရွက်ရန် လူထုကတောင်းဆိုထားသည်။

နိုင်ငံ​တော်အာဏာကို စစ်တပ်က အဓမ္မယူပြီး​နောက် နိုင်ငံတွင်း ရင်းနှီးမြှပ်နှံမှူလုပ်ငန်းအသစ်များကိုရပ်ဆိုင်းရန်နှင့်စစ်​ကောင်စီမှခွင့်ပြု​သော ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများသည် တရားမဝင်​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရအဖွဲ့က ယမန်နှစ်ကတည်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံသားတွေပါတဲ့ ရေနံတင် သင်္ဘောကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ အမေရိကန် သံအရာရှိကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်ဖိတ်ကြားပြီး အစိုးရ အဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကရော၊ သမ္မတ ဒရုပဒီမုရ်မုတို့ကလည်း သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါတယ်။