Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်သိမ်းပိုက်သည့်စစ်ပွဲများ မကြာမီလာမည်ဟု NUG ပြော

ယနေ့ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး စစ်ရေးကိစ္စဖြစ်၍ အသေးစိတ်ပြောကြားနိုင်ခြင်းမရှိဟု သတင်းပြန် ကြားရေးအဖွဲ့ရုံးမှ ဦးနေဘုန်းလတ်က ပြောသည်။

(သေ့ဘော့ဘိုးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ သေ့ဘော့ဘိုး စခန်းအား ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက မေလ (၁၈) ရက်တွင် သိမ်းပိုက်ပြီးနောက်တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(သေ့ဘော့ဘိုးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ သေ့ဘော့ဘိုး စခန်းအား ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက မေလ (၁၈) ရက်တွင် သိမ်းပိုက်ပြီးနောက်တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)

ပြည်သူ့ခုခံတွန်းလှန်စစ်ကြေညာအပြီး ၁နှစ်နီးပါးရှိလာချိန်တွင် အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်သိမ်းပိုက်သည့်စစ်ပွဲများ မကြာခင်ကာလအတွင်းဖြစ်လာမည်ဟု NUGသတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး စစ်ရေးကိစ္စဖြစ်၍ အသေးစိတ်ပြောကြားနိုင်ခြင်းမရှိဟု သတင်းပြန် ကြားရေးအဖွဲ့ရုံးမှ ဦးနေဘုန်းလတ်က ပြောသည်။

“PDF တွေရဲ့ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေထဲမှာ readiness ပေါ့။ အရေးကြီးဆုံးက readiness အဆင်သင့်ဖြစ်မှုက ပထမအဆင့်သွားရမှာပါ။ အဆင်သင့်ဖြစ်မှုပြီးမှသာ ဒုတိယ အဆင့်အနေနဲ့ ခုခံတွန်းလှန်စစ်ကနေ တိုက်ခိုက်သိမ်းပိုက်တဲ့စစ်ပွဲပုံစံမျိုးပြောင်းရမှာပေါ့။ အဲဒီအဆင့်ကိုပြောင်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာလောက်တော့ ဒီနေရာမှာ ထုတ်ဖော်ပြောဆိုလို့ ရပါတယ်။ ဘယ်အချိန်မှာလာမှာလဲဆိုတာကတော့ စစ်ရေးကိစ္စတွေဖြစ်တဲ့အတွက် ဒါတွေကို ထုတ်ဖော်ပြောဆိုလို့မရဘူး။ ဒါပေမဲ့ အဆင်သင့်ဖြစ်နေပြီးတော့ ဒီကိစ္စ(တိုက်စစ်)တွေ မကြာခင် ဖြစ်လာဖို့ရှိတယ်ဆိုတာလေးတော့ ဖြေချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက တော်လှန်ရေးကို နောက်တဆင့်တက်ကာ ရန်သူကို ခြေမှုန်းသိမ်းပိုက်နိုင်ရေး ပြင်ဆင်ရန် လမ်းညွှန်ခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်းပေါင်း ၂၅၇ ခု၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ပါဝင်နေသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LPDF) ၅၀၀ ခန့်ရှိလာပြီဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။