Connect with us

Hi, what are you looking for?

သတင်း

ကောလင်းတွင် ခွင့်ဖြင့်ပြန်လာသည့် ခမရ(၁၁၁)မှတပ်ကြပ်ကြီးတစ်ဦး ​နေအိမ်တွင် ပစ်သတ်ခံရ

စစ်ကောင်စီတပ်ကြပ်ကြီး ထွန်းလင်းထံမှ ၅ ဒသမ ၅၆ ကျည် ၁၇ တောင့်၊ ဓားရှည် ၁ ချောင်း ၊ ဓားမြှောင် ၂ ချောင်း၊ လက်လုပ်ပစ္စတို (အပျက်)၁ လက် ၊ လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့သည်။

ခမရ(၁၁၁)မှတပ်ကြပ်ကြီး
ခမရ(၁၁၁)မှတပ်ကြပ်ကြီး

အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝန်းသိုအခြေစိုက် ခမရ(၁၁၁)တပ်မှ တပ်ကြပ်ကြီးထွန်းလင်းသည်
ကောလင်းမြို့ ငပွေးကြီးရပ်ကွက်ရှိ နေအိမ်သို့ ခွင့်ဖြင့်ပြန်လာစဥ် ယမန်နေ့(ဇွန် ၂၂ ရက်)က ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

၎င်း၏နေအိမ်တွင် ကောလင်းမြို့နယ်(ပကဖ)ရဲဘော်များက ဝင်ရောက်ဖမ်းဆီးစဉ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်၍ ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့် ၅ချက် ပစ်ခတ်ခဲ့ရကြောင်း အသိပေးသည်။

“ဝင်ရှင်းတော့ အဲဒီအိမ်မှာ ထွန်းလင်းရဲ့ မိခင်နဲ့သားဖြစ်သူပါရှိတယ်။သူတို့ကိုတော့ လက်ဖျားနဲ့တောင် မထိခဲ့ဘူးလို့ သိရတယ်”ဟု ကောလင်းမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့်နီးစပ်သူက လူထုနွေဦးသို့ ပြောသည်။

သိမ်းဆည်းရရှိခဲ့သောပစ္စည်းများ
သိမ်းဆည်းရရှိခဲ့သောပစ္စည်းများ

စစ်ကောင်စီတပ်ကြပ်ကြီး ထွန်းလင်းထံမှ ၅ ဒသမ ၅၆ ကျည် ၁၇ တောင့်၊ ဓားရှည် ၁ ချောင်း ၊ ဓားမြှောင် ၂ ချောင်း၊ လက်လုပ်ပစ္စတို (အပျက်)၁ လက် ၊ လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်း တော်မြို့နယ်၊မဲဇာတောင်နဲ့ ကောလင်းမြို့နယ်ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေချိတ်ဆက်ဖို့ကြိုးစား နေပြီး တိုက်ပွဲ တွေ ဆက်တိုက်ပြင်းထန် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။