Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်က တမူးမှပြည်သူသုံးဦးကိုသတ်ဖြတ်သွား

တမူး PDF က စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ဝေခံ ပျူစောထီးများအား ဇွန် ၂၂ ရက်က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး ၂၅ ယောက်သေဆုံးခဲ့သည်ဟု PDF(တမူး)က ထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်က သတ်ဖြတ်ခဲ့​သော တမူး​ဒေသခံပြည်သူနှစ်ဦး၏ရုပ်အ​လောင်းကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီတပ်က သတ်ဖြတ်ခဲ့​သော တမူး​ဒေသခံပြည်သူနှစ်ဦး၏ရုပ်အ​လောင်းကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ရန်လင်းဖိုင်နှင့် ခွန်မွန်နွန်ရွာ အကြားတွင် ဒေသခံလူငယ် ၃ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း PDF (တမူး)က တာဝန်ရှိသူကပြောသည်။

​ဒေသခံလူငယ် ၃ ဦး၏ ရုပ်အလောင်းကို ယနေ့မနက်က ခွန်မွန်းနွန်ကျေးရွာတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသတ်ခံရသည့် လူငယ် ၃ ဦးတွင် ရန်လင်းဖိုင်ရွာမှ နှစ်ဦး၊ ခွန်မွန်းနွမ်ရွာမှ တစ်ဦးဖြစ်သည်ဟု PDF(တမူး) တပ်ရင်း ၃ မှ တာဝန်ရှိသူကပြောသည်။

“ကလေးဘက်က တက်လာတဲ့ ကားတွေ(စစ်​ကောင်စီတပ်ကား​​တွေ)က ရန်လင်းဖိုင်ရွာကို မီးရှို့ပါတယ်၊ပြီးဆက်လာတော့ မိုင်းဆွဲခံရတာပါ”ဟု PDF(တမူး) တာဝန်ရှိသူကပြောသည်။

အင်အား ၁၀၀ကျော်ပါသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက ဇွန် ၂၃ ရက် ညနေ့ ၄နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီး​​နောက် စစ်ကောင်စီတပ်ကရန်လင်းဖိုင်ကျေးရွာမှနေအိမ် ၄လုံးကို မီးရှို့ခဲ့ပြီး​သေနတ်ဖြင့်လည်းပစ်ခတ်ခဲ့သည်။ စစ်တပ်ကအကြမ်းဖက်မှုကြောင့် ​ဒေသခံရွာသား ၂၀၀ ခန့်သည် အိန္ဒိယ နယ်စပ်ကို ထွက်ပြေးသွားကြသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

တမူး PDF က စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ဝေခံ ပျူစောထီးများအား ဇွန် ၂၂ ရက်က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီး ၂၅ ယောက်သေဆုံးခဲ့သည်ဟု PDF(တမူး)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံ‌ရေးသတိပြုဖို့နဲ့ လိုက်နာရမယ့်အချက်လေးချက်ကို တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။