Connect with us

Hi, what are you looking for?

သတင်း

နွေဦး​ရောင်နီ​ဆေးအဖွဲ့က ​မြောင်ပညာ​ရေးကွန်ရက်မှဖွငိ့ထား​သော​ကျောင်းကို ကျန်းမာ​ရေးလာ​ရောက်စစ်​ဆေး​ပေး

ကျောင်းကျန်းမာရေးအတွက် လာရောက်စစ်​ဆေး​ပေးခဲ့​သောနွေဦးရောင်နီဆေးအဖွဲ့ အား MEDUS -07မှ ကျေးဇူးအထူးတင်ရှိ​ကြောင်းလည်း မြောင်ပညာရေးကွန်ရက်က​ထုတ်ပြန်သည်။

မြောင်ပညာ​ရေးကွန်ယက်

မြောင်ပညာရေးကွန်ရက်မှလွတ်​​မြောက်နယ်​မြေတစ်​နေရာတွင်ဖွင့်လှစ်ထားသော MEDUS – 07ကျောင်းသို့ Myaung Medical Teamနွေဦးရောင်နီဆေးအဖွဲ့မှ ယနေ့ (ဇွန် ၂၄)လာ​ရောက်၍ ​ကျောင်းသား​ကျောင်းသူများ၏ကျန်းမာ​ရေးကိုစစ်​ဆေး​ပေးခဲ့သည်။

​နွေဦး​ရောင်နီ​ဆေးအဖွဲ့က ကျောင်းကျန်းမာရေးနှင့် ​ကျောင်းသား​ကျောင်းသူများ ကျန်းမာစွာ ပညာသင်ကြားနိုင်ရန်အတွက် ကျန်းမာရေးအ ခြေအနေများအား လာရောက်စစ်ဆေးပေးခဲ့ခြင်းဖြစ်​ကြောင်းသတင်းဓါတ်ပုံအချို့နှင့်အတူ​​​ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“ အသွားအလာ အခက်အခဲများကြားမှကလေး၊လူငယ်များ၏ ကျန်းမာပျော်ရွှင်စေရေးနှင့်သန့်ရှင်းစင်ကြယ်သောပတ်ဝန်းကျင်ဖြစ်စေရေးတို့ကိုရှေးရှု၍လာရောက်စစ်ဆေးမှုများကိုဆောင်ရွက်ပေးသွားပါသည်” ဟုထုတ်ပြန်ထားသည်။

ကျောင်းကျန်းမာရေးအတွက် လာရောက်စစ်​ဆေး​ပေးခဲ့​သောနွေဦးရောင်နီဆေးအဖွဲ့ အား MEDUS -07မှ ကျေးဇူးအထူးတင်ရှိ​ကြောင်းလည်း မြောင်ပညာရေးကွန်ရက်က​ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တပ်က လက်နက်ကြီးနဲ့ ပစ်လို့ မြစ်တဘက်ကမ်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ပြည်သူတစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မြောင်မြို့‌ပေါ် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ် သတိပေး