Connect with us

Hi, what are you looking for?

သတင်း

စစ်ပွဲ​တွေ​ကြောင့်​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူ​ပေါင်း တစ်သန်း​ကျော်လာ

ဒါ​ကြောင့် အမှန်တစ်ကယ်​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူအ​ရေအတွက်ဟာ OCHA ရဲ့စာရင်းထက်ပိုများတယ်လို့ စစ်​ဘေး​ရှောင်ပြည်သူ​တွေကို ကူညီ​ပေး​နေသူ​တွေကဆိုပါတယ်။

UNOCHA
UNOCHA

UNOCHA ရဲ့စာရင်း​တွေအရ ၂၀၂၂ ​မေလ၃၁ ရက်အထိမြန်မာနိုင်ငံမှာစစ်အုပ်စု အာဏာသိမ်းမှု​​နောက်ဆက်တွဲတိုက်ပွဲ​တွေ​ကြောင့်​နေရပ်စွန့်ခွာထွက်​ပြေးရသူစုစု​ပေါင်း ပထမဆုံးအကြိမ် တစ်သန်းပြည်ပြီလို့ဆိုပါတယ်။ အာဏာမသိမ်းခင်ကတည်းက စစ်ပွဲ​တွေ​ကြောင့်ပြည်တွင်းမှာ ​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူ ၃၄၆၆၀၀ ဦးရှိပြီး​တော့ ၊စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်​နောက်ပိုင်း အာဏာသိမ်းမှု​နောက်ဆက်တွဲ တိုက်ပွဲ​​တွေ​ကြောင့်ထွက်​​ပြေးတိမ်း​ရှောင်ရသူ ​ပေါင်း ၆၉၄၃၀၀ဦးရှိပြီလို့ဆိုပါတယ်။ စုစု​ပေါင်းအတိအကျ​ပြောမယ်ဆိုရင် ၁၀၄၀၉၀၀ ဦးရှိပြီလို့ UNOCHA ရဲ့စာရင်း​တွေကဆိုပါတယ်။

ဒါ​ပေမယ့် ကရင်နီ(ကယား)ပြည်နယ်မှာဆိုရင် စစ်​ဘေး​ရှောင်ပြည်သူ​​တွေကို ကူညီ​နေတဲ့အဖွဲ့အစည်း​တွေရဲ့စာရင်းအရ စစ်​ရှောင်ပြည်သူ နှစ်သိန်း​ကျော်ရှိ​ပေမယ့် UNOCHA စာရင်းမှာ ၉၁၇၀၀ ဦးသာရှိပါတယ်။ဒါ​ကြောင့် အမှန်တစ်ကယ်​နေရပ်စွန့်ခွာထွက်​ပြေး​နေရသူအ​ရေအတွက်ဟာ OCHA ရဲ့စာရင်းထက်ပိုများတယ်လို့ စစ်​ဘေး​ရှောင်ပြည်သူ​တွေကို ကူညီ​ပေး​နေသူ​တွေကဆိုပါတယ်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ ရုရှား သမ္မတတွေ ဖုန်းဆက်ပြီး ဆွေးနွေး စကားပြောခဲ့ကြကြောင်း ရုရှား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြားက စစ်ပွဲကို ရပ်စဲစေဖို့နဲ့ ဟောမုဇ် ရေလက်ကြားကို ပုံမှန်အတိုင်း ပြန်ဖွင့်ပေးဖို့ ဆိုတဲ့အချက်တွေ ပါဝင်တဲ့ အဆိုပြုချက် တစ်ရပ်ကို အီရန်က အမေရိကန်ဆီ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

အတွေးအမြင်

ယခုကာလသည် နိုင်ငံတနိုင်ငံနှင့် တနိုင်ငံသည် လက်နက်ဖြင့်မတိုက်ဘဲ ငွေကြေး၊ ကုန်သွယ်ရေးနှင့် သယံဇာတများကို လက်နက်သဖွယ်အသုံးချပြီး အင်အားပြိုင်နေကြသည့် ခေတ်သစ်စီးပွားရေးစစ်ပွဲ၏အပြင်းထန်ဆုံးအချိန်တခုဖြစ်နေပါသည်။