Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်အတွင်း စစ်ကောင်စီ၏ ယန္တရားများကိုလည်ပတ်စေသော Non CDMဝန်ထမ်းများနှင့်အဖွဲ့အစည်းကိုမဆို ထိရောက်စွာအရေးယူမည်ဟု KNDF သတိပေး

အလားတူ စစ်တပ်ထုတ်ကုန်များကိုလည်းရောင်း ဝယ်ဖောက်ကားမှုကို ထိရောက်စွာတားမြစ်မည်ဟုလည်း သတိပေးထားသည်။

KNDF
KNDF

ကရင်နီ(ကယား)ပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားများကိုလည်ပတ်စေ သော Non CDMဝန်ထမ်းများနှင့် မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်စွာအရေးယူဆောင်ရွက်မည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၂က ယနေ့ (ဇွန် ၂၇ ရက်) ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်အတွင်း ကလေးသူငယ်များ၏ ပညာရေးကို လိုလားခြင်းကြောင့် ကျောင်းဖွင့်လှစ်ခြင်းမဟုတ်ဘဲ ၎င်း၏ ယန္တရားလည်ပတ်နေသည်ကို ပုံဖော်ရန် ကြိုးစားနေခြင်းဟု KNDFက ဆို သည်။

KNDF
KNDF

ထို့အပြင် ယခင်အစိုးရ၏ လမ်း၊တံတားစီမံကိန်းများကို အကြောင်းပြု၍ ယန္တရားများ လည်ပတ်ရန်ကြိုးပမ်းမှုများရှိကြောင်းလည်း အသိပေးသည်။

“စစ်ကောင်စီကို လည်ပတ်စေတဲ့ ဘယ်အရာကိုမဆို ကျွန်တော်တို့ တားမြစ်သွားမယ်”ဟု KNDF တပ်ရင်း – ၁၂ တာဝန်ရှိသူက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ စစ်တပ်ထုတ်ကုန်များကိုလည်းရောင်း ဝယ်ဖောက်ကားမှုကို ထိရောက်စွာတားမြစ်မည်ဟုလည်း သတိပေးထားသည်။

ကရင်နီပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားမှုအပါအဝင် သစ်မှောင်ခိုဖြစ်စဥ်အချို့ကို ယခုရက်ပိုင်းအတွင်း KNDF က ဖမ်းဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။