Connect with us

Hi, what are you looking for?

သတင်း

မြစ်ရေတက်ချိန် တောင်သူများသီးနှံရိတ်သိမ်းရာ အခက်အခဲရှိလာ၍ မြောင်အမျိုးသမီးစစ်သည်တော်များ လုပ်ငန်းခွင်ဝင်ရောက်ကူညီပေး

မြစ်ရေတက်နေသည့်အတွက် တောင်သူများပဲရိတ်သိမ်းရာ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေချိန်တွင် ကူညီပေးနေခဲ့သည်မှာ (၅)ရက်ရှိပြီဖြစ်ကြောင်း မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(တောင်သူလုပ်ငန်းခွင် ကူညီနေသည့် အမျိုးသမီးစစ်သည်တော်တပ်ရင်းမှ တပ်ဖွဲ့ဝင်အမျိုးသမီးများ၊ ဓာတ်ပုံ-Myaung Women Warriors)
(တောင်သူလုပ်ငန်းခွင် ကူညီနေသည့် အမျိုးသမီးစစ်သည်တော်တပ်ရင်းမှ တပ်ဖွဲ့ဝင်အမျိုးသမီးများ၊ ဓာတ်ပုံ-Myaung Women Warriors)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် မြစ်ရေတက်ချိန် တောင်သူများသီးနှံရိတ်သိမ်းရာတွင် အခက် အခဲရှိလာ၍ လုပ်ငန်းခွင်ဝင်ရောက်ကူညီပေးနေကြောင်း မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်း(Myaung Women Warriors)အဖွဲ့က သတင်းထုတ်ပြန်သည်။

မြစ်ရေတက်နေသည့်အတွက် တောင်သူများပဲရိတ်သိမ်းရာ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေချိန်တွင် ကူညီပေးနေခဲ့သည်မှာ (၅)ရက်ရှိပြီဖြစ်ကြောင်း မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(တောင်သူလုပ်ငန်းခွင် ကူညီနေသည့် အမျိုးသမီးစစ်သည်တော်တပ်ရင်းမှ တပ်ဖွဲ့ဝင်အမျိုးသမီးများ၊ ဓာတ်ပုံ-Myaung Women Warriors)
(တောင်သူလုပ်ငန်းခွင် ကူညီနေသည့် အမျိုးသမီးစစ်သည်တော်တပ်ရင်းမှ တပ်ဖွဲ့ဝင်အမျိုးသမီးများ၊ ဓာတ်ပုံ-Myaung Women Warriors)

မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့သည် “ပြည်သူ့ကာကွယ်ရေးတပ်” ဟု အမည်ခံထားသော အမျိုးသမီးလက်နက်ကိုင်တော်လှန်ရေးတပ် တစ်ခုဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံး၏ လုံခြုံရေး၊ ကျန်းမာရေး၊ ကြားကာလ ပညာရေးတို့အပြင် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာများကို အခြေခံသော လူနေမှုအသိုက်အဝန်းတစ်ခုဖြစ်ပေါ်လာရေး စသည်တို့ကိုပါမကျန် ပြည်သူ့ရှေ့ရေးကို ရှေုးရှုလျက် ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် အသိပေးသည်။

(တောင်သူလုပ်ငန်းခွင် ကူညီနေသည့် အမျိုးသမီးစစ်သည်တော်တပ်ရင်းမှ တပ်ဖွဲ့ဝင်အမျိုးသမီးများ၊ ဓာတ်ပုံ-Myaung Women Warriors)
(တောင်သူလုပ်ငန်းခွင် ကူညီနေသည့် အမျိုးသမီးစစ်သည်တော်တပ်ရင်းမှ တပ်ဖွဲ့ဝင်အမျိုးသမီးများ၊ ဓာတ်ပုံ-Myaung Women Warriors)

အမျိုးသမီးထုတစ်ရပ်သည် ဖက်ဆစ်အာဏာရူးများကို တော်လှန်နေရသည့်အပြင် ခေတ်အဆက်ဆက် ဖိုဝါဒကြီးစိုးမှု၊ လူမှုဘောင်ခတ်ခံရမှု၊ တန်းတူအခွင့်အရေးမရရှိနေမှု၊ ခွဲခြားဆက်ဆံခံရမှု စသည့်အခန်းကဏ္ဍများတွင် အရေးနိမ့်နေခြင်းများကိုလည်း တော်လှန်နေရခြင်းဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် စစ်ရေးလှုပ်ရှားမှုအပြင် နယ်မြေအခြေနေတစ်ရပ်ပေါ် မူတည်၍ ထိုထက်ပိုသော အမျိုးသမီးတို့၏ အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်နေကြရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျမတို့တိုင်းပြည် ကျမတို့ကိုယ်တိုင် ကယ်တင်မည်။ ကျမတို့အခန်းကဏ္ဍ ကျမတို့ကိုယ်တိုင် မြှင့်တင်မည်။ အနာဂတ်မျိုးဆက်အတွက် ကျမတို့ကိုယ်တိုင် လှအောင် ခြယ်သမည်။”ဟု မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းမှာ ရေကြီးရေလျှံမှုကြောင့် စပါးစိုက်ဧကပေါင်း သိန်းနဲ့ချီ ပျက်စီးနိုင်ကြောင်း ဒေသခံတောင်သူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို စစ်တပ်က ဒရုန်းတွေ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။