Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြစ်ရေတက်ချိန် တောင်သူများသီးနှံရိတ်သိမ်းရာ အခက်အခဲရှိလာ၍ မြောင်အမျိုးသမီးစစ်သည်တော်များ လုပ်ငန်းခွင်ဝင်ရောက်ကူညီပေး

မြစ်ရေတက်နေသည့်အတွက် တောင်သူများပဲရိတ်သိမ်းရာ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေချိန်တွင် ကူညီပေးနေခဲ့သည်မှာ (၅)ရက်ရှိပြီဖြစ်ကြောင်း မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(တောင်သူလုပ်ငန်းခွင် ကူညီနေသည့် အမျိုးသမီးစစ်သည်တော်တပ်ရင်းမှ တပ်ဖွဲ့ဝင်အမျိုးသမီးများ၊ ဓာတ်ပုံ-Myaung Women Warriors)
(တောင်သူလုပ်ငန်းခွင် ကူညီနေသည့် အမျိုးသမီးစစ်သည်တော်တပ်ရင်းမှ တပ်ဖွဲ့ဝင်အမျိုးသမီးများ၊ ဓာတ်ပုံ-Myaung Women Warriors)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် မြစ်ရေတက်ချိန် တောင်သူများသီးနှံရိတ်သိမ်းရာတွင် အခက် အခဲရှိလာ၍ လုပ်ငန်းခွင်ဝင်ရောက်ကူညီပေးနေကြောင်း မြောင်အမျိုးသမီးစစ်သည်တော်တပ်ရင်း(Myaung Women Warriors)အဖွဲ့က သတင်းထုတ်ပြန်သည်။

မြစ်ရေတက်နေသည့်အတွက် တောင်သူများပဲရိတ်သိမ်းရာ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေချိန်တွင် ကူညီပေးနေခဲ့သည်မှာ (၅)ရက်ရှိပြီဖြစ်ကြောင်း မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(တောင်သူလုပ်ငန်းခွင် ကူညီနေသည့် အမျိုးသမီးစစ်သည်တော်တပ်ရင်းမှ တပ်ဖွဲ့ဝင်အမျိုးသမီးများ၊ ဓာတ်ပုံ-Myaung Women Warriors)
(တောင်သူလုပ်ငန်းခွင် ကူညီနေသည့် အမျိုးသမီးစစ်သည်တော်တပ်ရင်းမှ တပ်ဖွဲ့ဝင်အမျိုးသမီးများ၊ ဓာတ်ပုံ-Myaung Women Warriors)

မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့သည် “ပြည်သူ့ကာကွယ်ရေးတပ်” ဟု အမည်ခံထားသော အမျိုးသမီးလက်နက်ကိုင်တော်လှန်ရေးတပ် တစ်ခုဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံး၏ လုံခြုံရေး၊ ကျန်းမာရေး၊ ကြားကာလ ပညာရေးတို့အပြင် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာများကို အခြေခံသော လူနေမှုအသိုက်အဝန်းတစ်ခုဖြစ်ပေါ်လာရေး စသည်တို့ကိုပါမကျန် ပြည်သူ့ရှေ့ရေးကို ရှေုးရှုလျက် ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် အသိပေးသည်။

(တောင်သူလုပ်ငန်းခွင် ကူညီနေသည့် အမျိုးသမီးစစ်သည်တော်တပ်ရင်းမှ တပ်ဖွဲ့ဝင်အမျိုးသမီးများ၊ ဓာတ်ပုံ-Myaung Women Warriors)
(တောင်သူလုပ်ငန်းခွင် ကူညီနေသည့် အမျိုးသမီးစစ်သည်တော်တပ်ရင်းမှ တပ်ဖွဲ့ဝင်အမျိုးသမီးများ၊ ဓာတ်ပုံ-Myaung Women Warriors)

အမျိုးသမီးထုတစ်ရပ်သည် ဖက်ဆစ်အာဏာရူးများကို တော်လှန်နေရသည့်အပြင် ခေတ်အဆက်ဆက် ဖိုဝါဒကြီးစိုးမှု၊ လူမှုဘောင်ခတ်ခံရမှု၊ တန်းတူအခွင့်အရေးမရရှိနေမှု၊ ခွဲခြားဆက်ဆံခံရမှု စသည့်အခန်းကဏ္ဍများတွင် အရေးနိမ့်နေခြင်းများကိုလည်း တော်လှန်နေရခြင်းဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် စစ်ရေးလှုပ်ရှားမှုအပြင် နယ်မြေအခြေနေတစ်ရပ်ပေါ် မူတည်၍ ထိုထက်ပိုသော အမျိုးသမီးတို့၏ အခန်းကဏ္ဍကို မြှင့်တင်ဆောင်ရွက်နေကြရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ကျမတို့တိုင်းပြည် ကျမတို့ကိုယ်တိုင် ကယ်တင်မည်။ ကျမတို့အခန်းကဏ္ဍ ကျမတို့ကိုယ်တိုင် မြှင့်တင်မည်။ အနာဂတ်မျိုးဆက်အတွက် ကျမတို့ကိုယ်တိုင် လှအောင် ခြယ်သမည်။”ဟု မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်းခွဲကျေးရွာအား ​ည ၈ နာရီခွဲကျော်အထိ မီးငြှိမ်းသတ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဆောင်းပါး

စစ်ကိုင်းတိုင်းတွင်လည်း ပုလဲမြေဆီအိတ်ကိုတွေ့ပါက ဖမ်းဆီးလေ့ရှိ၍ ခက်ခက်ခဲခဲရှာဝယ်​ကာအသုံးပြုနေရသည်ဟု ဒေသခံတောင်သူများက ပြောသည်။

သတင်း

အဆိုပါစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFနှင့်အတူ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ်(၂)တပ်ရင်း၊ Bomb God Local PDF၊ မြို့မတိုက်နယ်ပကဖ(မြောင်)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းသည် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို မကြာ ခဏရင်ဆိုင်ရလျှက်ရှိရာ ဇူလိုင် ၁၉ ရက် ကလည်း ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force)နှင့် တော်လှန် ရေးပူးပေါင်းတပ်များက ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။