Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက တောင်သူတွေရဲ့ မျိုးမြေပဲတွေ မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မြိုင်နယ်ရှိကျေးရွာများအတွင်း စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မြေပဲနှင့်သီးနှံများအား တွေ့ရစဥ်။ ဓါတ်ပုံ-အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်)

ဇွန် ၄၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ်မှာ ယခုချိန်ဟာ မြေပဲစိုက်ပျိုးချိန်ဖြစ်ပြီး ဒေသခံတွေမှာ မျိုးမြေပဲတွေ များစွာရှိနေကြောင်း၊ စစ်တပ်ဟာ ကျေးရွာတွေဝင်ပြီး မျိုးမြေပဲဆံတွေ ယူဆောင်တာ၊ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာကြောင့် ပြည်သူတွေဟာ မျိုးစေ့မျိုးဆံဆုံးရှုံးနေရကြောင်း အညာမြေတပ်ပေါင်းစုက တာဝန်ခံ ကိုဘိိုသန့်ဇင်က ပြောပါတယ်။

“မိုးကလည်း ခုမှရွာတယ်ဆိုတော့ မြေပဲစိုက်တောင်သူတွေ မြေပဲစိုက်ကြဖို့အတွက် မျိုးစေ့တွေကို ပြင်ဆင်ထားရတာပေါ့။ အရမ်းအောင်တဲ့ပဲတွေပေါ့လေ။ နှစ်တင်းသုံးတင်း တောင်သူအကြီးအငယ်ပေါ်မှာ မူတည်ပြီးတော့ နှစ်တင်းကနေ တင်းနှစ်ဆယ် တင်းသုံးဆယ်လောက်အထိ ရှိကြတယ်။ မြေပဲ၊ ပဲကြီး၊ ပဲလေး။ ဒါတွေကို စစ်ကြောင်းက လာတဲ့အခါမှာ ကုန်အောင်မသယ်သွားနိုင်တာမျိုးတွေ၊ လူလွတ်ဖို့ အရင်ဦးစားပေးလိုက်ရတာမျိုးတွေဆိုတော့ မြေပဲတွေက ကျန်နေခဲ့တာ။”လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပခုက္ကူကလည်း လမ်းတွေပိတ်ထားတာကြောင့် မျိုးစေ့ပြန်ဝယ်ဖို့ အခက်အခဲရှိနေပြီး နောက်နှစ် မြေပဲစိုက်ပျိုးမှုဟာ စိုးရိမ်စရာဖြစ်လာကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇွန် ၄ ရက်မနက်ပိုင်းမှာလည်း မြိုင် စက်မှု (၂)က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဝက်ပုတ်ကျေးရွာက နေအိမ် ၄ လုံးထက်မနည်း မီးရှို့ပြီး ၆၀မမနဲ့ အနီးဝန်းကျင်ရွာတွေကို ၃ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကြောင်းဟာ မေလ ၂၃ ရက်က ရဟတ်ယာဥ်နဲ့ရောက်လာခဲ့တာဖြစ်ပြီး နှစ်ပတ်နီးပါးကာလအတွင်း ပြည်သူနှစ်ဦးထက်မနည်း သတ်ဖြတ်ကာ ရွာနှစ်ရွာက နေအိမ် ၁၅ လုံးထက်မနည်း မီးရှို့ဖျက်ဆီးထားပါတယ်။ အဆိုပါစစ်ကြောင်းကြောင့် ကျေးရွာ ၇ ရွာထက်မတည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

အလားတူ မြိုင်နယ်၊လင်းကတောရဲစခန်းက စစ်တပ်စစ်ကြောင်းကလည်း အနီးဝန်းကျင်ရွာတွေ စစ်ကြောင်းထိုး မီးရှို့နေပြီး ဒေသတွင်း PDF စခန်းတစ်ခု စီးနင်းခံရကာ ရဲဘော် ၃ ဦး သတ်ဖြတ်ခံထားရပါတယ်။

အဆိုပါ စစ်ကြောင်းတွေရဲ့ အန္တရာယ်ကြောင့် ဒေသတွင်းပြည်သူတွေအနေနဲ့ လေကြောင်း၊မြေပြင်နဲ့ ဒရုန်းရန်တွေကို အထူး ဂရုပြုဖို့နဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးဖို့ အညာမြေတပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။

ဇွန်လ ၁ ရက်မနက်ပိုင်းကလည်း မြိုင်နယ်၊ လက်ယက်မကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့တိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ပြည်သူ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက်ဖလူးတောင်ခြေမှာစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းနဲ့ KNU တပ်မဟာ(၆) ပူးပေါင်းတပ်ဖွဲ့တို့ကြားပြီးခဲ့တဲ့ဇူလိုင် ၂၆ ရက်ကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။