Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီထုတ်ကုန် Adman Goldဘီယာများ သယ်ဆောင်လာ၍ ဖျက်ဆီး

စစ်ကောင်စီထုတ်ကုန် Adman Gold ဘီယာဖာ (၇၀) အား SNAKE EYES PDF နှင့် မဟာမိတ်အဖွဲ့အစည်းများ ၊ ဒေသခံ(ပ.က.ဖ) အဖွဲ့အစည်းများမှ ပဏာမသတိပေးချက်အနေဖြင့် ဖျက်ဆီးခဲ့ကြောင်း SNAKE EYES PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဓာတ်ပုံ - SNAKE EYES PDF
ဓာတ်ပုံ - SNAKE EYES PDF

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီထုတ်ကုန် Adman Goldဘီယာများ သယ်ဆောင်လာ၍ ယင်းဘီယာများအား ဖျက်ဆီးခဲ့ကြောင်း ရွှေဘိုခရိုင်အခြေစိုက် SNAKE EYES PDFအဖွဲ့က ထုတ်ပြန်သည်။

ယနေ့(ဇွန်လ ၂၇ရက်) မွန်းလွဲ ၁ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်များဖြစ်သော Adman Gold ဘီယာဖာ (၇၀)အား တင်ဆောင်လာသော Light Truck ယာဥ်တစ်စီးကို SNAKE EYES PDF နှင့် မဟာမိတ်အဖွဲ့အစည်းများ ဒေသခံ(ပ.က.ဖ) အဖွဲ့အစည်းများပူးပေါင်း၍ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

သယ်ဆောင်လာသူ ယာဉ်မောင်းအား နောက်နောင် သုံးစွဲခြင်း၊ရောင်းဝယ်ခြင်း၊သယ်ဆောင်ခြင်းမပြုရန် သတိပေး၍ ယာဉ်နှင့်တစ်ပါတည်းပြန်လွှတ်ပေးခဲ့သည်။

စစ်ကောင်စီထုတ်ကုန် Adman Gold ဘီယာဖာ (၇၀) အား SNAKE EYES PDF နှင့် မဟာမိတ်အဖွဲ့အစည်းများ ၊ ဒေသခံ(ပ.က.ဖ) အဖွဲ့အစည်းများမှ ပဏာမသတိပေးချက်အနေဖြင့် ဖျက်ဆီးခဲ့ကြောင်း SNAKE EYES PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ရွှေဘိုခရိုင်အခြေစိုက် C&T SHWEBOအဖွဲ့ကလည်း စစ်ကောင်စီ ထုတ်ကုန်များ၊ စစ်ကောင်စီကိုထောက်ခံအားပေးသော (စစ်ကောင်စီနှင့် နည်းအမျိုးမျိုးနှင့်ပက်သက်ဆက်နွယ်နေသော) စီးပွားရေးလုပ်ငန်းစုများမှ ထုတ်ကုန်များကို ဝယ်ယူသုံးစွဲခြင်း ၊ ရောင်းချခြင်း ၊ သယ်ဆောင်ခြင်းမပြုကြပါရန် ပြည်သူများအား အ‌သိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။