Connect with us

Hi, what are you looking for?

သတင်း

လက်နက်များနှင့် ပြည်သူ့ဘက်ကူးပြောင်းရပ်တည်လာသော အရာရှိ၊ စစ်သည် ၁၈ ဦးကို ကျပ် သိန်း ၄၄၀ NUG ချီးမြှင့်

ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့်ဗိုလ်တစ်ဦးအပါအဝင် လက်နက်နှင့်တကွပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ ၁၈ ဦး ကို ၎င်းတို့ ယူဆောင်လာခဲ့သော လက်နက်၊ခဲယမ်း၊ချပ်ဝတ်တန်ဆာ အမျိုးအစားများပေါ်မူတည်ပြီး NUG က အထက်ပါချီးမြှင့်ငွေ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ လက်နက်များနှင့် အတူ ပြည်သူ့ဘက်ကူးပြောင်းရပ်တည်လာသော အရာရှိ၊ စစ်သည် ၁၈ ဦးကို ကျပ် သိန်း ၄၄၀ ချီးမြှင့်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။

ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့်ဗိုလ်တစ်ဦးအပါအဝင် လက်နက်နှင့်တကွပြည်သူ့ရင်ခွင်ဝင်ရောက်လာသူ ၁၈ ဦး ကို ၎င်းတို့ ယူဆောင်လာခဲ့သော လက်နက်၊ခဲယမ်း၊ချပ်ဝတ်တန်ဆာ အမျိုးအစားများပေါ်မူတည်ပြီး NUG က အထက်ပါချီးမြှင့်ငွေ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနသည် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာသူများကို ဥပဒေများဖြင့်အကာအကွယ်ပေးသွားမည်ဖြစ်ပြီး ဂုဏ်ပြုဆုငွေများဆက်လက်ချီးမြှင့်သွားမည်ဟု အသိပေးထုတ်ပြန်သည်။

NUG သည် လက်နက်နှင့်တကွ ပြည့်သူ့ရင်ခွင်ဝင်ရောက်လာသူများကို ပြည်သူ့သူရဲကောင်းအဖြစ်သတ်မှတ်ထားပြီး လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို စွန့်ခွာသူများစွာရှိကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။