Connect with us

Hi, what are you looking for?

သတင်း

မုံးကိုးတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေဟု MNDAA ပြော

MNDAA၏ အထူးဒေသ(၁) မန်ကာရွာအနီး၌ ဇွန်လ ၃၀ရက် မွန်းလွဲပိုင်း၌ ၁နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

MNDAA
MNDAA

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးဒေသ၌ ဇွန်လ ၃၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့သည်ဟု ကိုးကန့်တပ်မတော်(MNDAA)တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

MNDAA၏ အထူးဒေသ(၁) မန်ကာရွာအနီး၌ ဇွန်လ ၃၀ရက် မွန်းလွဲပိုင်း၌ ၁နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

“အဲဒီတိုက်ပွဲမှာ ရန်သူ သုံးယောက်ကို ချေမှုန်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ တပ်အနေနဲ့ အသေးစား ဒဏ်ရာရရှိမှု နှစ်ယောက်ရှိခဲ့တယ်”ဟု MNDAA တပ်ဖွဲ့ဝင်က ပြောသည်။

ဇွန်လ ၂၆ရက်ကလည်း မူဆယ်မြို့နယ် နမ့်တောင်းဒေသရှိ MNDAA တပ်စခန်းကို လာရောက် တိုက်ခိုက်သည့် စစ်ကောင်စီတပ်ကို MNDAAက ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှု ရှိနိုင်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။