Connect with us

Hi, what are you looking for?

သတင်း

ဥကရစ်ထတိုက်ပွဲတွင်စစ်​ကောင်စီတပ်အားကိုးရ​​သောစက်လက်သမား ၃ ဦး​သေဆုံးဟု VENOMထုတ်ပြန်

VENOMစစ်ကြောင်းမှူးစောဝင်းမြင့်၏ Sniperလက်ချက်ဖြင့် ယခုပုံပါစက်လက်သမားနှင့်အတူနောက်ဆက်တွဲ၂ ယောက်သည်လည်းဘဝပြောင်းသွားခဲ့ရှာသည်”ဟုသတင်းဓါတ်ပုံနှင့်တစ်ကွ​ဖော်ပြထားသည်။

(ဥကရစ်ထတိုက်ပွဲတွင်စစ်​ကောင်စီတပ်မှ​သေဆုံးသွားသောစက်လက်သမားတစ်ဦး)
(ဥကရစ်ထတိုက်ပွဲတွင်စစ်​ကောင်စီတပ်မှ​သေဆုံးသွားသောစက်လက်သမားတစ်ဦး)

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲအတွင်းစစ်​ကောင်စီတပ်၏အားကိုးရသောစက်လက်သမား၃ဦး​သေဆုံးခဲ့​ကြောင်းစစ်​ကောင်စီတပ်ကိုတိုက်ခိုက်​နေ​သောVENOM စစ်​ကြောင်းကယ​နေ့ညသတင်းထုတ်ပြန်သည်။

“ဥကရစ်ထတိုက်ပွဲအတွင်းစခ (စကစ)၏အားကိုးအားထားရသောစက်လက်သမား၃ယောက်ကျဆုံးသွားခဲ့သည်။

VENOMစစ်ကြောင်းမှူးစောဝင်းမြင့်၏ Sniperလက်ချက်ဖြင့် ယခုပုံပါစက်လက်သမားနှင့်အတူနောက်ဆက်တွဲ၂ ယောက်သည်လည်းဘဝပြောင်းသွားခဲ့ရှာသည်”ဟုသတင်းဓါတ်ပုံနှင့်တစ်ကွ​ဖော်ပြထားသည်။

အဆိုပါဓါတ်ပုံတွင် စစ်​ကောင်စီ၏စက်လက်​သေနတ်သမားတစ်ဦးပုံဖြစ်ပြီး စစ်တပ်ဝါဒဖြန့် အ​ကောင့်များက ၎င်းသည် ဥကရစ်ထစခန်းသိမ်းတိုက်ပွဲတွင် ဒဏ်ရာရရှိလျှက်ကြံ့ကြံ့ခံတိုက်ရင်း စစ်ကူများ​ရောက်ချိန်မှ စိတ်ချသွားဟန်ဖြင့်သေဆုံးခဲ့သည်ဟုဖွဲ့နွဲ့​ရေးသားကာယ​နေ့ဝါဒဖြန့်ချီ​နေသည်ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

“ဒရမ်မာ ခင်းတာ အရမ်းများသွားပြီ။ အဲ့—က ဘန်ကာအဝင် မြောင်းထဲမှာ ပတ်လက်ကြီး၊ တိတိကျကျ ပြောရရင်ကွာမြေကြီးတွေတောင်ဖုံးနေပြီ။ ညာဘက်လက်က ကွေးကွေးလေးကွာ၊ ပါးစပ်လေး ဟ လို့။ ဆယ်မိ‌နစ်လောက်ကြာမှ ဘန်ကာအထဲ ဆွဲသွင်းသွားတာကွာ”ဟုအဆိုပါစစ်​ကောင်စီ၏စက်လက်သမား​သေဆုံးခဲ့ပုံကို PDF တစ်ဦးကလည်း​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

မြ၀တီမြို့နယ် ဝေါ်လေဒေသရှိ ဥကရစ်ထ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်များကစခန်းသိမ်းနိုင်ရန် ဇွန်လ ၂၆ရက်မှ ယ​နေ့(ဇူလိုင်၃)အထိ့ ၈ ရက်ကြာနေ့စဉ်တိုက်ပွဲများအပြင်းအထန်ဖြစ်ပွား​နေသည်။စစ်​ကောင်စီတပ် အထိနာပြီးစခန်းသိမ်းယူနိုင်ကာနီးတွင် ​လေ​ကြောင်းနှင့်လက်နက်ကြီးပစ်ကူများဖြင့်အကြိမ်​ရေများစွာပစ်ခတ်သလို ၊စစ်ကူများထပ်မံရောက်ရှိလာ၍ KNLAဦး​ဆောင်​သောKNDO ၊ PDF ပူး​ပေါင်းတပ်များက စစ်ကူလမ်း​ကြောင်းများကိုလည်းဖြတ်​တောက်တိုက်ခိုက်​နေသည်။VENOM စစ်​ကြောင်းမှာလည်း ၊​ကော်ဘရာစစ်​ကြောင်းကဲ့သို့ KNLA လက်​အောက်ရှိအထူးကွန်မန်ဒိုစစ်​ကြောင်းဖြစ်ပြီး VENOM ​ရော၊​ကော်ဘရာစစ်​ကြောင်းပါဥကရစ်ထစခန်းတွင်စစ်​ကောင်စီတပ်ကိုတိုက်ခိုက်​နေသည်။

စခန်းသိမ်တိုက်ပွဲတွင် KNLA ဦး​ဆောင်​သောတပ်ဖွဲ့များမှ ၁၀ ဦး​ကျော်ကျဆုံးပြီး ဒဏ်ရာရသူများလည်းရှိကာ စစ်ကူများဆက်တိုက်​စေလွှတ်​နေ​သောစစ်​ကောင်စီတပ်မှ ၁၀၀ နှင့် ၂၀၀ ကြား​သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိ​ကြောင်း ​မြေပြင်သတင်းရင်းမြစ်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်