Connect with us

Hi, what are you looking for?

သတင်း

ကော်သူးလေတပ်မတော်နေ့သို့ NUG ကာကွယ်ရေးဝန်ကြီးဌာန သဝဏ်လွှာပို့

ကော်သူးလေတပ်မတော်နေ့တွင် ကရင်အမျိုးသား ပြည်သူများ၏ ဂုဏ်သိက္ခာနှင့် အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရင်း အသက်နှင့်ခန္ဓာကို စွန့်လွှတ်ပေးလှူခဲ့သော ကရင့်သူရဲကောင်းအာဇာနည်များ၊ ကရင်ပြည်သူများအားလုံးကို လေးနက်စွာ အောက်မေ့ဦးညွှတ် ဂုဏ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ ၌ ဖော်ပြထားသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကော်သူးလေတပ်မတော်နေ့အခမ်းအနားကို ယနေ့ ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဝိုင်းဝန်းကြိုးပမ်းမှု အောင်မြင်ပါစေကြောင်း ဖော်ပြခဲ့သည်။

ယနေ့ (ဇူလိုင် ၅ရက်)ကျရောက်သည့် (၇၃)နှစ်မြောက် ကော်သူးလေ တပ်မတော်နေ့ကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို၌ ပြုလုပ်ခဲ့သည်။၁၉၅၆ ခုနှစ်၊ ဇူလိုင်၅ရက်တွင် ယခင်ကော်သူးလေ လက်နက်ကိုင်တပ်ပေါင်းစု (Kawthoolei Armed Forces)ကို ကရင့်တော်လှန်ရေး စစ်ရေးလမ်းစဉ်နှင့် ကိုက်ညီသော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army)အဖြစ် အတည်ပြု ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ထိုနေ့ကို ကော်သူးလေတပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ကော်သူးလေတပ်မတော်နေ့တွင် ကရင်အမျိုးသား ပြည်သူများ၏ ဂုဏ်သိက္ခာနှင့် အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရင်း အသက်နှင့်ခန္ဓာကို စွန့်လွှတ်ပေးလှူခဲ့သော ကရင့်သူရဲကောင်းအာဇာနည်များ၊ ကရင်ပြည်သူများအားလုံးကို လေးနက်စွာ အောက်မေ့ဦးညွှတ် ဂုဏ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ သဝဏ်လွှာ ၌ ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် နိုင်ငံရေး၊စစ်ရေး ရပ်တည်ချက်ခိုင်မာစွာဖြင့် ဘုံရန်သူဖြစ်သော စစ်ကောင်စီကို ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်လျက်ရှိရာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်နှင့် တရားမျှတရေး၊ တန်းတူရေးတို့ကို အပြည့်အဝအာမခံသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် လက်တွဲညီစွာဖြင့် ဝိုင်းဝန်းကြိုးပမ်းအားထုတ် အောင်မြင်နိုင်ပါစေဟု NUG၏ သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတရဲ့ တရားဝင်ဖိတ်ကြားချက်အရ ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာအားကစားအဖွဲ့ စေလွှတ်ခဲ့ကြောင်း ဒီကနေ့ (သြဂုတ် ၁၂)မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။