Connect with us

Hi, what are you looking for?

သတင်း

SSAစစ်ဝတ်စုံဖြင့် SSPPဥက္ကဌသမီးမင်္ဂလာညစာစားပွဲတက်​ရောက်ခဲ့​သော သင်ဇာဝင့်​ကျော်ကိုစစ်​ကောင်စီတပ်ဖမ်းဆီးစစ်​ဆေး

သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ဇူလိုင်လ ၄ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ ဥက္ကဌသမီးမင်္ဂလာညစာစားပွဲသို့ SSA စစ်ဝတ်စုံဖြင့် တက်ရောက်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံခဲ့သည်။

SSA ဝတ်စုံဖြင့် ညစာစားပွဲတက်ရာက်စဥ်
SSA ဝတ်စုံဖြင့် ညစာစားပွဲတက်ရာက်စဥ်

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ဥက္ကဌသမီးမင်္ဂလာဆောင်တက်ရောက်ပြီး ပြန်လာသည့် သရုပ်ဆောင်သင်ဇာဝင့်ကျော်အား အကြမ်းဖက်စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်တစ်ခုက ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ဇူလိုင်လ ၄ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ ဥက္ကဌသမီးမင်္ဂလာညစာစားပွဲသို့ SSA စစ်ဝတ်စုံဖြင့် တက်ရောက်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံခဲ့သည်။

သရုပ်ဆောင်သင်ဇာဝင့်ကျော်သည် SSPP/SSA အဖွဲ့၏ ဖိတ်ကြားမှု​ဖြင့် ဟိုက်ပါ ရေတံခွန်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေး အတွက် Documentary ရိုက်ကူးရန် သွားရောက်ခဲ့ခြင်း​ဖြစ်သည်။

စစ်​ကောင်စီတပ်က ဖမ်းဆီးစစ်​ဆေးခံ​နေရစဥ်
စစ်​ကောင်စီတပ်က ဖမ်းဆီးစစ်​ဆေးခံ​နေရစဥ်

ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ရိုက်ကူးခဲ့ပြီး ရိုက်ကူးရေးအပြန်တွင် ရိုက်ကူးရေး ဝတ်စုံဖြင့်သာ မင်္ဂလာညစာစားပွဲကို အချိန်မှီတက်ရောက် ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံကျော်မင်းသမီးသင်ဇာဝင့်ကျော်သည် တခြားမည်သည့်နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ရိုက်ကူးခြင်းမဟုတ်ဘဲ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေး စသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရိုက်ကူးရန်အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော်မှကမ်းလှမ်း
ရိုက်ကူးနေခြင်းဖြစ်ကြောင်း SSPP Info က ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရိုက်ကူးရေးများပြီးစီး၍ ယနေ့ဇူလိုင်လ၆ရက်နံနက်ခင်းပိုင်းတွင် ဝမ်ဟိုင်းမြို့မှအထွက် မိုင်းရယ်ဂိတ်တွင် သင်ဇာဝင့်ကျော်လိုက်ပါလာသည့်ကားအား အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်ကတားဆီးစစ်ဆေးပြီး ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီနှင့် SSPP ဘက်ကပါ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပါ။SSPP သည် အာဏာသိမ်စစ်​ခေါင်း​ဆောင်က ဖိတ်​ခေါ်​သော ​ဆွေး​နွေးပွဲသို့တက်​ရောက်ရန် စာရင်း​ပေးထားသောအဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။