Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

SSAစစ်ဝတ်စုံဖြင့် SSPPဥက္ကဌသမီးမင်္ဂလာညစာစားပွဲတက်​ရောက်ခဲ့​သော သင်ဇာဝင့်​ကျော်ကိုစစ်​ကောင်စီတပ်ဖမ်းဆီးစစ်​ဆေး

သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ဇူလိုင်လ ၄ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ ဥက္ကဌသမီးမင်္ဂလာညစာစားပွဲသို့ SSA စစ်ဝတ်စုံဖြင့် တက်ရောက်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံခဲ့သည်။

SSA ဝတ်စုံဖြင့် ညစာစားပွဲတက်ရာက်စဥ်
SSA ဝတ်စုံဖြင့် ညစာစားပွဲတက်ရာက်စဥ်

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ဥက္ကဌသမီးမင်္ဂလာဆောင်တက်ရောက်ပြီး ပြန်လာသည့် သရုပ်ဆောင်သင်ဇာဝင့်ကျော်အား အကြမ်းဖက်စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်တစ်ခုက ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ဇူလိုင်လ ၄ရက်နေ့က ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ ဥက္ကဌသမီးမင်္ဂလာညစာစားပွဲသို့ SSA စစ်ဝတ်စုံဖြင့် တက်ရောက်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံခဲ့သည်။

သရုပ်ဆောင်သင်ဇာဝင့်ကျော်သည် SSPP/SSA အဖွဲ့၏ ဖိတ်ကြားမှု​ဖြင့် ဟိုက်ပါ ရေတံခွန်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေး အတွက် Documentary ရိုက်ကူးရန် သွားရောက်ခဲ့ခြင်း​ဖြစ်သည်။

စစ်​ကောင်စီတပ်က ဖမ်းဆီးစစ်​ဆေးခံ​နေရစဥ်
စစ်​ကောင်စီတပ်က ဖမ်းဆီးစစ်​ဆေးခံ​နေရစဥ်

ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ရိုက်ကူးခဲ့ပြီး ရိုက်ကူးရေးအပြန်တွင် ရိုက်ကူးရေး ဝတ်စုံဖြင့်သာ မင်္ဂလာညစာစားပွဲကို အချိန်မှီတက်ရောက် ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံကျော်မင်းသမီးသင်ဇာဝင့်ကျော်သည် တခြားမည်သည့်နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ရိုက်ကူးခြင်းမဟုတ်ဘဲ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး၊လမ်းပန်းဆက်သွယ်ရေး စသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရိုက်ကူးရန်အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော်မှကမ်းလှမ်း
ရိုက်ကူးနေခြင်းဖြစ်ကြောင်း SSPP Info က ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရိုက်ကူးရေးများပြီးစီး၍ ယနေ့ဇူလိုင်လ၆ရက်နံနက်ခင်းပိုင်းတွင် ဝမ်ဟိုင်းမြို့မှအထွက် မိုင်းရယ်ဂိတ်တွင် သင်ဇာဝင့်ကျော်လိုက်ပါလာသည့်ကားအား အကြမ်းဖက်စစ်တပ်၏ စစ်ဆေးရေးဂိတ်ကတားဆီးစစ်ဆေးပြီး ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီနှင့် SSPP ဘက်ကပါ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပါ။SSPP သည် အာဏာသိမ်စစ်​ခေါင်း​ဆောင်က ဖိတ်​ခေါ်​သော ​ဆွေး​နွေးပွဲသို့တက်​ရောက်ရန် စာရင်း​ပေးထားသောအဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။