Connect with us

Hi, what are you looking for?

သတင်း

ပြည်သူတွေအတွက် လုံခြုံတဲ့ကြားခံနယ်မြေတည်ဆောက်ရေးဆွေးနွေးရမယ်လို့ ကေအဲန်ယူ-လယ်ဒို ထုန်ပြန်

ဒီလို နိုင်ငံအဆင့်အကြမ်းဖက်လုပ်ရပ်ကို နိုင်ငံရဲ့စနစ်တစ်ရပ်အဖြစ် ပြဌာန်းကျင့်သုံးနေတဲ့ စစ်ကောင်စီကို မိမိတို့က လက်နက်ကိုင်ခုခံနေတဲ့နည်းတူ တိုင်းသူပြည်သားတွေကလည်း အချင်းချင်းရိုင်းပင်လက်တွဲကြလျက် စည်းလုံးညီညွတ်စွာနဲ့ ရပ်တည်တုံ့ပြန်ကြဖို့ ကေအဲန်ယူ-လယ်ဒိုမြို့နယ်ဥက္ကဌ စောလာဖို့က တိုက်တွန်းထားတာပါ။

KNU
KNU

စစ်ကောင်စီဟာ နိုင်ငံအဆင့်အကြမ်းဖက်မူကိုချပြီး ရက်စက်မှု၊ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကို ကျူးလွန်နေတယ်လို့ ကေအဲန်ယူ-လယ်ဒို(ကျောက်ကြီး)မြို့နယ် ဥက္ကဌက သဘောထားကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူလူထုအားလုံးအတွက် လုံခြုံတဲ့ကြားခံနယ်မြေတည်ဆောက်ဖို့၊ လေယာဉ်မပျံသန်းရ နယ်မြေပေါ်ထွက်လာဖို့ အပြည်ပြည်ဆိုင်ရာနဲ့သော်လည်းကောင်း၊ ခုခံတော်လှန်သူတွေနဲ့ ပူးတွဲဖြင့်သော်လည်းကောင်း၊ စစ်ကောင်စီနဲ့အကြား အရေးပေါ်လူသားချင်စာနာမှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခြင်းဖြင့်လည်းကောင်း ပြည်သူလုံခြုံမှုရှိဖို့ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ အဲဒီထုတ်ပြန်ချက်ကဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေရဲ့ ကျေးရွာ၊ နေအိမ်တွေအပေါ်ကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာ၊ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကို ပြုလုပ်လျက်ရှိပြီး တိုင်းပြည်ရဲ့နယ်မြေအဝန်းအ၀ိုင်းအားလုံး ရက်စက်မှု၊ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့နဲ့ နိုင်ငံအဆင့် အကြမ်းဖက်ပေါ်လစီကို ချမှတ်ပြီး လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီလို စစ်ကောင်စီရဲ့လုပ်ရပ်တွေကြောင်း ရပ်ရွာအိုးအိမ်တွေပစ်ခွာထွက်ပြေးတိမ်းရှောင်နေရတာ၊ ကလေးငယ်တွေ စာသင်ယူနိုင်မှုအခွင့်အရေးပျက်ကွက်ရေတာ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေပျက်စီးတာ၊ အဓမ္မ ခိုင်းစေတာ၊ ငွေကောက်ယူတာ၊ ပုဂ္ဂလိကပိုင်ပစ္စည်တွေသိမ်းယူတာနဲ့ လူ့အခွင့်အရေးဆုံရှုံးတာတွေ ​ဖြစ်ပွားလျက်ရှိတယ်လို့ ကေအဲန်ယူ-လယ်ဒိုမြို့နယ်က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို နိုင်ငံအဆင့်အကြမ်းဖက်လုပ်ရပ်ကို နိုင်ငံရဲ့စနစ်တစ်ရပ်အဖြစ် ပြဌာန်းကျင့်သုံးနေတဲ့ စစ်ကောင်စီကို မိမိတို့က လက်နက်ကိုင်ခုခံနေတဲ့နည်းတူ တိုင်းသူပြည်သားတွေကလည်း အချင်းချင်းရိုင်းပင်လက်တွဲကြလျက် စည်းလုံးညီညွတ်စွာနဲ့ ရပ်တည်တုံ့ပြန်ကြဖို့ ကေအဲန်ယူ-လယ်ဒိုမြို့နယ်ဥက္ကဌ စောလာဖို့က တိုက်တွန်းထားတာပါ။

“နွားကွဲလျှင် ကျားဆွဲမည်ဆိုသည့် ပုံဥမာအတိုင်း တစ်ဦးတစ်စု အသိုင်းအဝိုင်းတစ်ခုချင်းစီက အပြန်အလှန်ရပ်တည်မှု ပေးခြင်းဖြင့်သာလျှင် အာဏာရှင်အားအနိုင်ယူနိုင်မည်ဖြစ်သည်” လို့ မနေ့က ကေအဲန်ယူရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကေအဲန်ယူ-ခလယ်လွီထူခရိုင် တပ်မဟာ ၃ နယ်မြေ လယ်ဒိုနဲ့ မူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူ(၁၀၀၀၀၀)ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး လတ်တလောမှာ အခက်အခဲတွေကြုံဆုံနေရကာ ခရိုင်အတွင်းမှာ စစ်ကောင်စီရဲ့သတ်ဖြတ်မှုကြောင့် ဒေသခံအရပ်သားပြည်သူ (၁၀)ဦးကျော် သေဆုံးခဲ့တယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။