Connect with us

Hi, what are you looking for?

သတင်း

Kaung For Youကျောင်း အချက်အလက်ပေါက်ကြားမှုတတ်နိုင်သည့်ဘက်မှကူညီပေးမည်ဟု NUG ထုတ်ပြန်

အချက်အလက်ပေါက်ကြားမှုကြောင့် ဖြစ်ပေါ်လာသည့် ကျောင်းအပ်နှံထားသော ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး၊ အဖမ်းခံရသောဆရာ၊ ဆရာမများနှင့်ပတ် သက်၍ တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးမည်ဟု ဖော်ပြသည်။

အမျိုးသားညီညွတ်​ရေး အစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်​ရေး အစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာန

▪️ဖမ်းဆီးခံရသော ဆရာသုံးဦး၏သိက္ခာကျအောင် ပုံဖော်သတင်းမှားဖြန့်ခြင်းမှာ စစ်ကောင်စီ၏လုပ်ရိုးလုပ်စဥ်ဖြစ်

Kaung For You ပညာရေးကျောင်း အချက်အလက်ပေါက်ကြားမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ချိတ်ဆက်၍ တတ်နိုင်သည့်ဘက်မှ ကူညီပေးသွားမည်ဟု အမျိုးသားညီညွတ်​ရေး အစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာနက ယနေ့(ဇူလိုင် ၁၇) အသိပေးထုတ်ပြန်သည်။

အချက်အလက်ပေါက်ကြားမှုကြောင့် ဖြစ်ပေါ်လာသည့် ကျောင်းအပ်နှံထားသော ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး၊ အဖမ်းခံရသောဆရာ၊ ဆရာမများနှင့်ပတ် သက်၍ တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးမည်ဟု ဖော်ပြသည်။

အမျိုးသားညီညွတ်​ရေး အစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်​ရေး အစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာန

ခြိမ်းခြောက်ငွေညှစ် တောင်းခံခြင်းခံခဲ့ရသော ပြည်သူ များအနေဖြင့် တိုင်ကြားနိုင်ရန်နှင့် အရေးယူဆောင်ရွက်နိုင်ရန် (Complaint Mechanism) hotline channel များကိုလည်း ပြန်လည်အသိပေးသွားမည်ဟု ဆိုသည်။

“ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု အစီအစဉ်များ ကိုလည်း (Counseling Service) လုပ်ဆောင်ပေးသွားမည်ဖြစ်သည်”ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်း သူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးတို့ကို ဦးစားပေး၍ ဇွန်လ ၂၂) ရက်နေ့တွင် အချက်အလက်ပေါက်ကြားမှုနှင့်စပ်လျဥ်းပြီး Kaung for You ကျောင်းမှ တာဝန်ရှိသူများအား စတင်ခေါ်ယူကာ ဆွေးနွေးမေးမြန်းခဲ့ကြောင်း ဖော်ပြသည်။

ဖြစ်စဥ်မှာဆွေးနွေးရုံဖြင့် မလုံလောက်ဘဲ စစ်ဆေးရမည်ဟုယူဆသောကြောင့် ဝန်ကြီးဌာနအတွင်း “စုံစမ်းစစ် ဆေးရေးနှင့် အကြံပေးရေး ကော်မတီ”တစ်ရပ်ဖွဲ့စည်းကာ စုံစမ်းမှုများစတင်ပြုလုပ်၍ စစ်ဆေးရန် ပြင်ဆင်ခဲ့ရာ ဇူလိုင် ၁၃ရက် နံနက်တွင် Kaung For You ကျောင်းတည်ထောင်သူ ဆရာဦးကောင်းသိုက်စိုး အဖမ်းခံရသည်ဟူသော သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

ထိုသတင်း ထွက်ပေါ်ခဲ့ပြီးနောက်တွင် အကြမ်းဖက်စစ်အုပ်စုမှ သတင်းများအား နောက်ယောင်ခံ၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖမ်းဆီးမှုများ ကျူးလွန်ခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် ဇူလိုင် ၁၆ ရက် ညတွင်မူ စစ်ကောင်စီသတင်းဌာနမှ ဆရာဦးကောင်းသိုက်စိုး အပါအဝင် CDM ဆရာသုံးဦးကို မတရားဖမ်းဆီးသည့်အပြင် ဆရာ့ပုံရိပ်သိက္ခာများ ကျဆင်းစေရန် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး၍ ထုတ်ပြန်ကြေညာခဲ့ရာ ယုံကြည်ဖွယ်ရာမရှိသော လုပ်ကြံဖန်တီးခဲ့သည့် သတင်းမှားများသည် စစ်ကောင်စီ၏လုပ်ရိုးလုပ်စဉ်များသာဖြစ်ကြောင်း ထောက်ပြသည်။

ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများအား မတရားဖမ်းဆီးခြင်းသည် ပညာသင်ယူခွင့်ဆုံးရှုံးနေသော ကလေးသူငယ်များ စဉ်ဆက်မပြတ် ပညာသင်ယူခွင့်ရရှိစေရန်အတွက် ကြားကာ လပညာရေးဖော်ဆောင်နေသော ကျောင်းများကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် ကျောင်း သား၊ ကျောင်းသူများ၏ ပညာရေးအခွင့်အရေးများအား ဖော်ပြထားသော ကမ္ဘာ့လူ့အခွင့်အရေးကြေညာချက်စာ တမ်း အပိုဒ် (၂၆)၊ ကမ္ဘာ့ကလေး သူငယ်အခွင့်အရေးဆိုင် ရာ သဘောတူစာချုပ် အပိုဒ် (၃၊ ၂၈)နှင့် ပြည်တွင်းဥပဒေဖြစ်သည့် ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များအားပြောင်ပြောင် တင်း တင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း ထောက်ပြသည်။

Kaung For You ကျောင်း၏ အချက်အလက်ပေါက်ကြားမှုကို အခွင့်ကောင်းယူကာ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများအား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငွေလိမ်လည်ခြင်းများ ပြုလုပ်နေမှုများအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာနများအနေဖြင့် စုံစမ်းဖော်ထုတ်ကာ တရားမျှတမှုရရှိစေရေး ဆောင်ရွက်သွားမည် အသိပေးသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး၀န်ကြီးဌာနသည် မိဘပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ၏ လုံခြုံရေးကို အစဥ်အမြဲအလေးထားစဥ်းစားပြီး ကြားကာလပညာရေး ဖော်ဆောင်နေသာကျောင်းများတွင် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် လမ်းညွှန်အကြံပြုချက်များ၊ ပံ့ပိုးကူညီမှုများနှင့်အတူ ပညာရေးလုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook