Connect with us

Hi, what are you looking for?

သတင်း

ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကျည်စုရပ်ကွက်ရုံးကို မြို့ပြမဟာမိတ်ညီနောင်အဖွဲ့များ ဖောက်ခွဲတိုက်ခိုက်

ဒုတိယစစ်ဆင်ရေးမအောင်မြင်ခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းကြောင်းနှင့် YUA ညီနောင်များအနေဖြင့် မြို့ပြ၌ စစ်ကောင်စီကို အရှိန်အဟုန်တိုးမြှင့်၍ တိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။

ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကျည်စုရပ်ကွက်ရုံးကို မြို့ပြမဟာမိတ်ညီနောင်အဖွဲ့များ ဖောက်ခွဲတိုက်ခိုက်
ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကျည်စုရပ်ကွက်ရုံးကို မြို့ပြမဟာမိတ်ညီနောင်အဖွဲ့များ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ ကျည်စုရပ် ကွက်ရုံးကို Yangon UG Association ၏ မဟာမိတ်ညီနောင်အဖွဲ့များက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၇ရက်တွင် ယင်းတိုက်ခိုက်မှုကို Secret Underground Force (SUF ) ၊ Special Nway Oo (SNO) နှင့် God’s Hand Forces(GHF) အဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်ဆီးမှုရှိခဲ့ကြောင်း Yangon UG Association(YUA) က အသိပေးထားသည်။

အဆိုပါတိုက်ခိုက်မှုအပြင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လှော်ကားလမ်းမကြီး၌ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ဖောက်ခွဲရန်ပြင်ဆင်ထားခဲ့သော်လည်း စစ်ကောင်စီဘက်ကို သတင်းပေးသူရှိသောကြောင့် မအောင်မြင်ခဲ့ကြောင်း ထပ်မံထုတ်ပြန်ထားသည်။

“ဘေးတွဲဆိုင်ကယ်နှင့် တွဲလျက်တပ်ဆင်ထားမှုကို နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် တွေ့ရှိသွားပြီး ဖောက်ခွဲချိန်မရပဲ စစ်ကောင်စီ တပ်သားများက လာရောက်သိမ်းဆည်းသွားခဲ့ပါသည်”ဟု YUAက ဆိုသည်။

Public Service Announcement

Public Service Announcement

ဒုတိယစစ်ဆင်ရေးမအောင်မြင်ခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းကြောင်းနှင့် YUA ညီနောင်များအနေဖြင့် မြို့ပြ၌ စစ်ကောင်စီကို အရှိန်အဟုန်တိုးမြှင့်၍ တိုက်ခိုက်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

စစ်ကောင်စီက မီတာခမဆောင်ဟုဆိုကာ မုံရွာမြို့ပေါ်ရှိနေအိမ်များမှ လျှပ်စစ်မီတာပုံများအား အင်အားအများအပြားဖြင့် လိုက်လံဖြုတ်သိမ်းနေသည်။