Connect with us

Hi, what are you looking for?

သတင်း

လှိုင်သာယာရဲစခန်းနှင့် လှိုင်ချည်မျှင်စက်ရုံကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတိုး / People’s Spring

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

“အထိအခိုက်‌တော့ မသိရသေးဘူး။ လှိုင်သာယာရဲစခန်းထဲတော့ ၃ လုံး လုံးကျတယ်” ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီ ၂၀ ရက် ည ၁၀ နာရီခွဲခန့်တွင် ယင်းနေရာနှစ်ခုစလုံးကို တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချည်မျှင်နှင့်အထည်စက်ရုံဂိတ်ကို လက်ပစ်ဗုံး ၃ လုံး ၊ လှိုင်သာယာရဲစခန်းကို အဝေးပစ်လောင်ချာ 79 ဖြင့် ၄၀ မမ ၃ လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“ပထမက ကျနော်တို့မိုင်းနဲ့တိုက်ခိုက်မလို့၊ မိုင်းက အဆင်မပြေလို့ အသီးနဲ့ပစ်ပြီးဆုတ်ခဲ့တာ။ အဝမှာ လုံခြုံရေးတွေရှိတယ်” ဟု ချည်မျှင်နှင့်အထည်စက်ရုံတိုက်ခိုက်မှုကို ၎င်းကပြောသည်။

အထက်ပါစစ်ဆင်ရေးများကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင်ပကဖတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အသီးက ၃ လုံးပစ်တာ ၂လုံးပဲ ကွဲတယ်။ အသီးသံကလည်း တိုးတယ်။ လှိုင်သာယာရဲစခန်းကတော့ အားရတယ်။ ကျနော်တို့က ဒီကောင်တွေကို ရရင်ရတာနဲ့လုပ်မှာ” ဟု အဆိုပါစစ်ဆင်ရေးများနှင့်ပတ်သက်၍ အထက်ပါတာဝန်ရှိသူကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ꩻ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အ.မ.က (၂၃) မူလတန်း စာသင်ကျောင်း ဒီကနေ့ (ဖေဖော်ဝါရီ ၁၆) နံနက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးတွင် အရပ်ဝတ်များဖြင့် ပေါ်တာအဆွဲခံရသည့်ဖြစ်စဉ်ကြုံခဲ့ရကြောင်း ကာယကံရှင် ကိုထက်ဝေယံဖြိုးက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။