Connect with us

Hi, what are you looking for?

သတင်း

တောင်ဒဂုံမြို့နယ် (၁၄၁)ရပ်ကွက်ရုံးအား မြို့ပြအဖွဲ့ များ ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတိုး/People’s Spring

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၄၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား မတ်လ ၈ရက် ည ၁၀ နာရီခန့်တွင် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA)အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

“ဒီညက ရန်ကုန်တစ်မြို့လုံးခတွေ ခြေရှုပ်နေတော့ ခက်ခက်ခဲခဲဆော်ခဲ့ရတယ်။ အထိအခိုက် ကတော့ အချိန်ယူပြီးဆော်ခဲ့တာဆိုတော့ သေမှာသေချာတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးသည် လူမိုက်များနှင့် ပေါင်း၍ ပြည်သူများအပေါ် ဖိနှိပ်အနိုင်ကျင့်မှုများရှိသောကြောင် YA နှင့် အနောက်ပိုင်းခရိုင်(ပကဖ)တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဇိုးတွေကတော့ သိတဲ့အတိုင်း အုပ်စုဖွဲ့ လိုင်စင်ရပြန်ပေးဆွဲနေတဲ့ကောင်တွေ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၌ ယနေ့ည ပေါက်ကွဲသံကြားရကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်ကို Hlaing Info ကဖော်ပြထားသည်။

“နောက်ထပ်ပစ်မှတ်ကြီးများကိုလဲအကြမ်းဖက်စစ်အာဏာရှင်မပြုတ်မခြင်း ဆက်လက်၍ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း

မိဘပြည်သူများအားအသိပေးအပ်ပါသည်။”ဟု YA က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

စစ်ကောင်စီက မီတာခမဆောင်ဟုဆိုကာ မုံရွာမြို့ပေါ်ရှိနေအိမ်များမှ လျှပ်စစ်မီတာပုံများအား အင်အားအများအပြားဖြင့် လိုက်လံဖြုတ်သိမ်းနေသည်။

သတင်း

အောက်တိုဘာ ၁၈ ရက်ကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံတိုက်ခိုက်မှုခံခဲ့ရသည်။