Connect with us

Hi, what are you looking for?

သတင်း

မြောက်ဉက္ကလာပမှ YBSယာဥ် စီးနင်းသူများအတွက် ရုံးတတ်၊ရုံးဆင်းချိန်များတွင် လူမှူကူညီရေး အဖွဲ့များက ကူညီပြေးဆွဲပေးမည်

“မြောက်ဥက္ကလာအဝိုင်းမှ ဆူးလေအထိ(၇)စီး ၊ မြောက်ဥက္ကလာအဝိုင်းမှ ယုဇနပလာဇာ ဘက်မှ(ဆူးလေ)အထိ(၆)စီးပို့ဆောင်ကူညီပါမယ်”ဟု ကူညီပေး မည့် လမ်းကြောင်းများကို ကြေညာထားသည်။

(ယမန်နေ့က ရန်ကုန်မြို့၌ YBS စီးနင်းသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ယမန်နေ့က ရန်ကုန်မြို့၌ YBS စီးနင်းသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

CNG ဂတ်စ် အလုံအလောက်မရ၍ အခက်အခဲကြုံနေရသည့် မြောက်ဉက္ကလာပ မြို့နယ်မှ YBSယာဥ် စီးနင်းသူများအတွက် ရုံးတတ်၊ရုံးဆင်းချိန်များတွင် လူမှူကူညီရေးအဖွဲ့များက ကူညီပြေးဆွဲ ပေးသွားမည်ဟု We Love North Okkalapa (မြောက်ဥက္ကလာပချစ်သူ များပရဟိတအသင်း) က အသိပေးထားသည်။

ဇူလိုင် ၂၃ရက်တွင် မြောက်ဥက္ကလာပချစ်သူများပရဟိတအသင်းအပါအဝင် လူမှူကူညီရေးအဖွဲ့ ၁၀ ခုက ယာဥ်၁၃ စီးဖြင့် စုရပ်နေရာများမှ ဆူးလေသို့ ပို့ဆောင်ပေးမည်ဟု အသိပေးထားသည်။

“မြောက်ဥက္ကလာအဝိုင်းမှ ဆူးလေအထိ(၇)စီး ၊ မြောက်ဥက္ကလာအဝိုင်းမှ ယုဇနပလာဇာ ဘက်မှ(ဆူးလေ)အထိ(၆)စီးပို့ဆောင်ကူညီပါမယ်”ဟု ကူညီပေး မည့် လမ်းကြောင်းများကို ကြေညာထားသည်။

YBS စီးရန် ခက်ခဲနေသူများကို နံနက် ၇ နာရီခွဲတွင် ‌မြောက်ဉက္ကလာပအဝိုင်း မှ ဆူးလေ ၊ ညနေ ၄ နာရီတွင် ဆူးလေ မှခြောက်ကွေ့အထိ ၎င်းတို့အသင်းကား နှစ်စီးဖြင့် ကူညီပို့ဆောင်ပေးမည်ဟု မြောက်ဥက္ကလာပချစ်သူများ ပရဟိတ အသင်းက ကြေညာထားသည်။

Public Service Announcement

Public Service Announcement

CNG ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမှုဖြစ်သောကြောင့်ဟုဆိုကာ ဇူလိုင် ၂၂ ရက် ညနေ ရုံးဆင်းချိန်၌ ရန်ကုန်မြို့အတွင်း ပြေးဆွဲသည့် YBS ယာဉ်အရေအတွက် နည်းပါးမှုကြောင့် ခရီးသွားပြည်သူများ အခက်အခဲကြုံခဲ့ရသည်။

ထို့ကြောင့် လူမှူကူညီရေးအသင်းအချို့က မှတ်တိုင်များတွင်စောင့်နေသည့် ခရီးသွားပြည်သူများကို ကူညီပို့ဆောင်ပေးခဲ့ကြသည်။

ရန်ကုန်မြို့တွင် ပုံမှန်အားဖြင့် နေ့စဉ် YBS အစီးရေ သုံးထောင်ကျော် ပြေးဆွဲပေးပြီး ခရီးသည် ၁၁ သိန်းကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင် ၂၃ ရက် တွင် ပြေးဆွဲမည့် ကားအစီးရေပုံမှန်ထက် နည်းသောကြောင့် အခြားအချိန်များထက် ရုံးတက် ရုံးဆင်းချိန်များတွင်များများလွှတ်ပေးမည်ဟု YBS ကုမ္ပဏီအချို့က ကြေညာထားသည်။

(ယမန်နေ့က ရန်ကုန်မြို့၌ YBS စီးနင်းသူများအား တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ၊အင်းစိန်မြို့နယ်၊ ဒညင်းကုန်းလမ်းဆုံအနီးမှာဒီနေ့ (မေ ၁၁ ရက်)မနက်ပိုင်းက YBS ကားတက်ကြိတ်မိပြီးသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့သူတွေထံကသိရပါတယ်။

သတင်း

ရန်ကုန်မြို့မှာ လျှပ်စစ်မီးပြတ်တောက်မှု‌တွေကြောင့် CNGကားတွေ Gas အလုံအလောက်မရလို့ တချို့YBS ယာဉ်လိုင်းတွေက ကားအရေအတွက်နည်းပြီး ခရီးသည်တွေအခက်ကြုံနေရပါတယ်။

သတင်း

ဒလတံတားပေါ်ကနေ ပြေးဆွဲနေတဲ့ YBSကား ကြမ်းခင်းပေါက်ကနေ (၅)နှစ်အရွယ်ကလေးငယ်တစ်ဦး ပြုတ်ကျပြီး သေ‌ဆုံးသွားတယ်လို့ သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ်(၂)လမ်းမပေါ်မှာ YBSနဲ့ အငှားယာဉ်တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ သု၀ဏ္ဏပရဟိတအသင်းက အသိပေးထားပါတယ်။