Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းလို့နှုတ်ထွက်တဲ့ မန္တလေးစည်ပင်ကော်မတီဝင်ကို ထောင် ၂ နှစ်ချ

အဲဒီနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲခံရပြီး ဇူလိုင်လ ၂၀ ရက်မှာ ထောင်တွင်းတရားရုံး က ထောင် ၂ နှစ်ချလိုက်တာဖြစ်ပါတယ်။

အာဏာသိမ်းလို့နှုတ်ထွက်တဲ့ မန္တလေးစည်ပင်ကော်မတီဝင်ကို ထောင် ၂ နှစ်ချ
အာဏာသိမ်းလို့နှုတ်ထွက်တဲ့ မန္တလေးစည်ပင်ကော်မတီဝင်ကို ထောင် ၂ နှစ်ချ

စစ်တပ်အာဏာသိမ်းပြီးနောက် ဆက်လက်မလုပ်ကိုင်လိုတဲ့အတွက် နှုတ်ထွက်လို့ဖမ်းဆီးထားတဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇေယျကို ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

ဦးကျော်ဇေယျဟာ အာဏာသိမ်းပြီးနောက် နှုတ်ထွက်စာတင်ပြီး ရက်ပိုင်းအကြာမှာတင် ချမ်းအေးသာစံမြို့နယ် နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာပါ။

အဲဒီနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲခံရပြီး ဇူလိုင်လ ၂၀ ရက်မှာ ထောင်တွင်းတရားရုံး က ထောင် ၂ နှစ်ချလိုက်တာဖြစ်ပါတယ်။

မန္တလေးစည်ပင်ကော်မတီဝင်တွေဟာ အာဏာသိမ်းပြီးနောက် ဆက်လက်လုပ်ကိုင်လိုခြင်းမရှိတဲ့အတွက် နုတ်ထွက်လိုက်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။