Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန်လမ်း၌ CDFက စစ်ရေးအရဖောက်ခွဲဖျက်ဆီးထားသည့် တံတားကို စစ်ကောင်စီတပ်က ပြင်ဆင်ဖို့ကြိုးစားနေ၍ စစ်ရေးတင်းမာနေ

ဟားခါးအခြေစိုက် စစ်ကောင်စီတပ်သည် ဇူလိုင် ၂၇ ရက်မှစ၍ ဟားခါး – ထန်တလန်အကြား သီမြစ်ချောင်းဖက်တွင် တပ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည်ဟု The Chin Journalက ဖော်ပြထားသည်။

ဟားခါး-ထန်တလန်အကြား သီမြစ်လွင်ပြင်တံတားအား မိုင်းခွဲဖျက်ဆီးထားစဥ်၊ ဓာတ်ပုံ - The Chin Journal

▪️ယနေ့မှစ၍ ခရီးသွားလာခြင်းလုံး၀ မပြုလုပ်ရန် အရေးပေါ်အသိပေး

ချင်းပြည်နယ် ဟားခါး – ထန်တလန်လမ်းပိုင်းကို ယနေ့မှစ၍ ခရီးသွားလာ ခြင်းလုံး၀ မပြုလုပ်ရန် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များက အရေးပေါ် သတိ‌ပေးထုတ်ပြန်လိုက်ကြောင်း ချင်းဒေသခံက ပြောသည်။

လတ်တလောစစ်ရေးအခြေနေများအရ ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသ၌ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည်ဟု ၎င်းက ဆိုသည်။

“အဲဒီမှာ စစ်ကောင်စီတွေက သူတို့ အင်အားဖြည့်နေတာပေါ့။ တံတားကို ပြင်ဖို့လုပ်နေတာပါ။ အခု စစ်ရေးတင်းမာနေပြီးတော့ အဲဒီဘက်ကို ပြည်သူတွေလုံး၀ လုံး၀မသွားဖို့ ထုတ်ပြန် သတိပေးထား တာပေါ့။”ဟု ချင်းဒေသခံက ပြောသည်။

ဟားခါးအခြေစိုက် စစ်ကောင်စီတပ်သည် ဇူလိုင် ၂၇ ရက်မှစ၍ ဟားခါး – ထန်တလန်အကြား သီမြစ်ချောင်းဖက်တွင် တပ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည်ဟု The Chin Journalက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သီးမြစ်ချောင်းကူးတံတားကို ချင်းကာကွယ်ရေးတပ်များက ၂၀၂၁ နှစ်ကုန်ပိုင်းကတည်းက စစ်ရေးအရ ဖောက်ခွဲဖျက်ဆီးထားခြင်းဖြစ်သည်။

“အဲဒါ (တံတား)က ဖျက်တောက်ထားတာ။ အဲဒါကို သူတို့က ပြင်ချင်တာ။”ဟု ချင်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်အတွင်းက စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည် နယ် ဟားခါးသို့ စစ်အင်အားများဖြင့်တင်းထားသည်။ ထိုသို့ အင်အားဖြည့် တင်းလာစဉ်ကလည်း စစ်ကောင်စီတပ်များကို ချင်းကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့၍ တိုက်ပွဲ ၈ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။