Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဟားခါး – ထန်တလန်လမ်း၌ CDFက စစ်ရေးအရဖောက်ခွဲဖျက်ဆီးထားသည့် တံတားကို စစ်ကောင်စီတပ်က ပြင်ဆင်ဖို့ကြိုးစားနေ၍ စစ်ရေးတင်းမာနေ

ဟားခါးအခြေစိုက် စစ်ကောင်စီတပ်သည် ဇူလိုင် ၂၇ ရက်မှစ၍ ဟားခါး – ထန်တလန်အကြား သီမြစ်ချောင်းဖက်တွင် တပ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည်ဟု The Chin Journalက ဖော်ပြထားသည်။

ဟားခါး-ထန်တလန်အကြား သီမြစ်လွင်ပြင်တံတားအား မိုင်းခွဲဖျက်ဆီးထားစဥ်၊ ဓာတ်ပုံ - The Chin Journal

▪️ယနေ့မှစ၍ ခရီးသွားလာခြင်းလုံး၀ မပြုလုပ်ရန် အရေးပေါ်အသိပေး

ချင်းပြည်နယ် ဟားခါး – ထန်တလန်လမ်းပိုင်းကို ယနေ့မှစ၍ ခရီးသွားလာ ခြင်းလုံး၀ မပြုလုပ်ရန် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များက အရေးပေါ် သတိ‌ပေးထုတ်ပြန်လိုက်ကြောင်း ချင်းဒေသခံက ပြောသည်။

လတ်တလောစစ်ရေးအခြေနေများအရ ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသ၌ အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သည်ဟု ၎င်းက ဆိုသည်။

“အဲဒီမှာ စစ်ကောင်စီတွေက သူတို့ အင်အားဖြည့်နေတာပေါ့။ တံတားကို ပြင်ဖို့လုပ်နေတာပါ။ အခု စစ်ရေးတင်းမာနေပြီးတော့ အဲဒီဘက်ကို ပြည်သူတွေလုံး၀ လုံး၀မသွားဖို့ ထုတ်ပြန် သတိပေးထား တာပေါ့။”ဟု ချင်းဒေသခံက ပြောသည်။

ဟားခါးအခြေစိုက် စစ်ကောင်စီတပ်သည် ဇူလိုင် ၂၇ ရက်မှစ၍ ဟားခါး – ထန်တလန်အကြား သီမြစ်ချောင်းဖက်တွင် တပ်အင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည်ဟု The Chin Journalက ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သီးမြစ်ချောင်းကူးတံတားကို ချင်းကာကွယ်ရေးတပ်များက ၂၀၂၁ နှစ်ကုန်ပိုင်းကတည်းက စစ်ရေးအရ ဖောက်ခွဲဖျက်ဆီးထားခြင်းဖြစ်သည်။

“အဲဒါ (တံတား)က ဖျက်တောက်ထားတာ။ အဲဒါကို သူတို့က ပြင်ချင်တာ။”ဟု ချင်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်အတွင်းက စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည် နယ် ဟားခါးသို့ စစ်အင်အားများဖြင့်တင်းထားသည်။ ထိုသို့ အင်အားဖြည့် တင်းလာစဉ်ကလည်း စစ်ကောင်စီတပ်များကို ချင်းကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့၍ တိုက်ပွဲ ၈ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။