Connect with us

Hi, what are you looking for?

သတင်း

တောင်ကိုရီးယားတွင် ကျဆုံးအာဇာနည်များအား ဦးညွတ်ဂုဏ်ပြုပွဲနှင့် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ ကျင်းပ

ယင်းအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများ ၊ မြန်မာ့ဒီမိုကရေစီ အရေးကိုထောက်ခံအားပေးသည့် တောင်ကိုရီးယားနိုင်ငံမှ အစိုးရမဟုတ်သော NGOs အဖွဲ့အစည်း များတက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ - U Yan Naing Htun /Facebook

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်းဘူတာရှေ့အဝိုင်း ပြည်သူ့ရင်ပြင် တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ဦးဆောင်ပြီး ယနေ့ (ဇူလိုင် ၃၁)၌ ကျဆုံးအာဇာနည်များအား ဦးညွတ်ဂုဏ်ပြုပွဲနှင့် လူထုသစ္စာ အဓိဋ္ဌာန်ပြုပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသားများ ၊ မြန်မာ့ဒီမိုကရေစီ အရေးကိုထောက်ခံအားပေးသည့် တောင်ကိုရီးယားနိုင်ငံမှ အစိုးရမဟုတ်သော NGOs အဖွဲ့အစည်း များတက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ခဲ့ပြီး ကျဆုံးအာဇာနည်များအား ဦးညွတ်ဂုဏ်ပြုစကား ပြောခဲ့သည်။

ယင်းနောက်လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲသို့ တက်ရောက်လာသူများမှ ကျဆုံးသူ အာဇာနည်များအား နှင်းဆီ ပန်းပွင့်များဖြင့် စီတန်း ဦးညွတ်ဂုဏ်ပြုခြင်း နှင့်အတူ နွေဦးတော်လှန်ရေးရန်ပုံငွေ ထောက်ပံ့ရှာဖွေခြင်း အနေဖြင့် ငွေတိုက်စာချုပ်ရောင်းချခြင်းနှင့်ထောက်ပို့တပ်သား One Day Challenge မန်ဘာဝင်များ စုဆောင်းခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...